Month: September 2020

လော့ဒ်လင်ဂတ်ကို စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ဟာ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ ကစားသမားကို ယူနိုက်တက်အသင်းဖက်ကနေ စာချုပ်သက်တမ်းတိုးလိုနေတာဖြစ်ပြီး၊ လက်ရှိတနှစ်ပဲ ကျန်တော့တဲ့ စာချုပ်ကို နောက်တနှစ်ထပ်တိုးမှာဖြစ်ပါတယ်။ စာချုပ်ပါသဘောတူညီချက်အတိုင်း အသင်းဖက်က လှုပ်ရှားတော့မှာပါ။ အခုလို ဖြစ်လာရတဲ့အကြောင်းက လင်ဂတ်ကို စပါး၊ ၀က်စ်ဟမ်းနဲ့ အဲဗာတန်တို့က အသီးသီစိတ်ဝင်စားလာတာကြောင့်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ပဲ့လေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ လူစာရင်းမှာမပါဝင်ခဲ့တဲ့လင်ဂတ်ဟာ အပြောင်းအရွှေ့အတွက်
Read More

(၁၉၃၅)ခုနှစ်မှာတွေ့ပြီး၊ အိမ်ထောက်သက် (၈၅)နှစ်ကို ပျော်ပျော်ရွှင်ရွှင်နွဲနိုင်ခဲ့တဲ့ ဖိုးဖိုးဖွားဖွားစုံတွဲ

အိမ်ထောင်သက် (၈၅)နှစ်ဆိုတဲ့ နှစ်ပတ်လည်ကို အဖိုး-အဖွားစုံတွဲတတွဲဟာ ကျင်းပနိုင်ခဲ့ပါတယ်။ ရာ့ပ်နဲ့ ဒိုရိုသီ ခိုလာဆိုတဲ့ သက်ကြီးစုံတွဲဟာ အသက် (၁၀၂)နဲ့ (၁၀၀)ကိုယ်စီရှိပါပြီ။ နီဘရာဆကာဆိုတဲ့မြို့မှာ ဆယ်ကျော်သက်ဘ၀က စတွေ့ခဲ့ပြီး၊ တွေ့တွေ့ချင်းမှာပဲ တဦးနဲ့တဦး ချစ်ကြိုက်သွားခဲ့ကာ ဘ၀ကိုရိုးမြေကျပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ (၁၉၃၅)ခုနှစ်မှာ သူတို့နှစ်ယောက်အနေနဲ့ အသက် (၁၈)မပြည့်သေးတဲ့အတွက် တရားသူကြီးက လက်ထပ်မပေးခဲ့ပါဘူး။ လက်ထပ်ဖို့လည်း ခွင့်မပြုခဲ့ဘဲ
Read More

ယူနိုက်တက် နံနက်ခင်းသတင်းတိုများ (၂၀.၉.၂၀၂၀)

ရာသီစအဖွင့်ပွဲစဉ်အနေနဲ့ ယူနိုက်တက်နဲ့ ပဲလေ့စ်တို့ ကစားခဲ့တဲ့ ပွဲစဉ်က (၁-၃)နဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ ဗန်ဒီဘိခ်ဂိုးရယူပေးနိုင်ခဲ့ပေမဲ့ ဇာဟာခြေစွမ်းပြမှုနဲ့အတူ ယူနိုက်တက်တို့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။ ခံစစ်ပိုင်းလိုအပ်ချက်ကို မြင်သာထင်သာတွေ့ခဲ့ရပြီး၊ လူခေါ်ဖို့ နေရာတွေအများအပြားရှိနေတာကို တွေ့နိုင်ခဲ့ပါတယ်။ အသင်းရဲ့ကစားသမားဖြစ်သူ ဂျီဆီလင်ဂတ်ကို နည်းပြဟောင်းဖြစ်တဲ့ မော်ရင်ဟိုက စပါးအသင်းကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့သိရပါတယ်။ စပါးနည်းပြနဲ့လက်တွဲစဉ်က ခြေစွမ်းကောင်းတွေပြထားနိုင်တဲ့ ကစားသမားဖြစ်သူအတွက် ကမ်းလှမ်းမှုတွေစတင်လာနိုင်ဖို့ရှိနေပြီး၊ ယူနိုက်တက်ကို ဆက်သွယ်တာမျိုးတော့
Read More

အထိမ်းအမှတ်ရုပ်တုက အမျိုးသားအင်္ဂါနဲ့တူနေလို့ မြန်မြန်ဆန်ဆန်ဖျက်ချခဲ့ရ

ရွှေငါးနှစ်ကောင် လာဘ်ကိုဆောင်ဆိုတဲ့ အထာမျိုးနဲ့ ငါးအကြီးကြီးနှစ်ကောင်ကို မော်ရိုကိုနိုင်ငံ တာဝန်ရှိသူတွေဟာ ပြုလုပ်ထားခဲ့ပါတယ်။ ဘာအတွက်ရည်ရွယ်လုပ်ထားခဲ့လဲကို မသိပေမဲ့ တာဝန်ရှိသူတွေ တည်ဆောက်ထားခဲ့တာက ငါးနှစ်ကောင် ရေထဲကနေ ထွက်လာတဲ့ဟန်ကို ပုံစံတူအနေနဲ့ ဆောက်လုပ်ထားတာပါ။ အင်တာနက်သုံးတဲ့သူတဦးက ရုတ်တရက်ဆိုသလို ငါးနှစ်ကောင်ပုံကို ဓာတ်ပုံရိုက်တင်လိုက်ချိန်မှာ ဆိုရှယ်မီဒီယာပေါ် နာမည်ကြီးသွားခဲ့ပါတယ်။ အမျိုးသား အင်္ဂါရုပ်တုအရှည်ကြီးကို ပူးတွဲထောင်ထားတယ်ဆိုပြီးတော့ပါ။ ဟာသလို ဖြစ်လာချိန်မှာ တဆင့်ကနေတဆင့်
Read More

ယူနိုက်တက် နံနက်ခင်းသတင်းတိုများ (၁၉.၉.၂၀၂၀)

ယူနိုက်တက်ရဲ့ ဘယ်နောက်ခံလှုပ်ရှားမှုအနေနဲ့ သတင်းထွက်နေတဲ့အတိုင်း ပေါ်တိုကစားသမား အဲလက်စ်တဲလက်စ် (၂၇)နှစ်ကို ၅ နှစ်စာချုပ်နဲ့ သဘောတူခဲ့ပြီလို့သိရပါတယ်။ ပြောင်းရွှေ့ကြေး ပေါင် (၂၇)သန်းထက်မပိုတဲ့ နှုန်းထားတဲ့ မကြာခင်မှာ တရားဝင်အပြောင်းအရွှေ့ဖြစ်တော့မှာဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြဆိုးလ်ရှားကတော့ သူ့ရဲ့ကစားသမားဖြစ်တဲ့ မေဆင်ဂရင်းဝုဒ်ကို လက်ရွေးစင်ကနေ ခေါ်ဆောင်တာမျိုးတွေကနေ အနားပေးဖို့လိုတယ်လို့ ပြောကြားလိုက်ပါတယ်။ (၁၈)နှစ်အရွယ် ကစားသမားတယောက်အတွက် စီမံခန့်ခွဲမှုလိုသေးတယ်လို့ ထောက်ခံပေးလိုက်ပြီး၊ ဂရင်းဝုဒ်ဖက်ကနေ ကာကွယ်ပြောဆိုပေးသွားခဲ့ပါတယ်။
Read More

တစ်တော့နဲ့ ၀ီချက် အပလီကေးရှင်းတွေကို ဒေါင်းလော့ဆွဲခွင့်စပိတ်မယ့် အမေရိကန်

တရုတ်နိုင်ငံရဲ့လူကြိုက်များ အပလီကေးရှင်းတွေဖြစ်တဲ့ တစ်တော့နဲ့ ၀ီချက်ကို အမေရိကန်ပြည်ထောင်စုမှာ ဒေါင်းလော့ဆွဲခွင့် တရားဝင်ပိတ်ပင်တော့မယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုင်ရာ တာဝန်ရှိသူတွေဟာ ပိတ်သိမ်းမယ့်အကြောင်းနဲ့ပတ်သက်လို့ သတင်းဌာနကိုတရားဝင်ပဲပြောပြလိုက်တာဖြစ်ပါတယ်။ လာမယ့် စက်တင်ဘာ (၂၀)ရက်နေ့ကစလို့ အမေရိကန်ပြည်သူတွေဟာ အပလီကေးရှင်းအသုံးပြုမှုနဲ့ပတ်သက်လို့ ကန့်သတ်ခံရမှာပါ။ စာပို့တာမှာ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ ၀ီချက်နဲ့ လူငယ်တွေကြားမှာ ဗီဒီယိုအတိုလေးတွေရိုက်ပြီး
Read More

ယူနိုက်တက် နံနက်ခင်းသတင်းတိုများ (၁၈.၉.၂၀၂၀)

-ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ (၂၀၁၉-၂၀)ဘောလုံးရာသီရဲ့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုအတွက်နောက်ဆုံးတန်ကာတင်(၃)ဦးစာရင်းမှာ လူကာကူ၊ ဘာနီဂွတို့နဲ့ အတူပါဝင်လာခဲ့တယ်လို့ သိရပါတယ်။-ပြီးခဲ့တဲ့ (၂၀၁၉-၂၀)ဘောလုံးရာသီရဲ့ ယူနိုက်တက်တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးအဖြစ် ချဲလ်ဆီးကို (၂-၁)နဲ့ အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ သွင်းယူခဲ့တဲ့ ရက်ဖို့ဒ်ရဲ့ ဖရီးကစ်သွင်းဂိုးကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ -ယူနိုက်တက် လူငယ်ဘောလုံးအသင်းရဲ့တစ်နှစ်တာ အကောင်းဆုံးလူငယ်ကစားသမားဆုကို အကယ်ဒမီတိုက်စစ်မှူးလေး အန်တိုနီ အီလနဂါက
Read More

အယ်လိဇဘတ်ဘုရင်မကြီးကို ပြည်နယ်ရဲ့ ဥသျှောင်အဖြစ်ကနေ ဖယ်ရှားဖို့ ဘာဘေးဒိုးကြေညာ

ဘာဘေးဒိုးပြည်နယ်အနေနဲ့ ဘုရင်မကြီးအယ်လိဇဘတ်ကို အကြီးအကဲအဖြစ်ကနေဖယ်ရှားပြီး၊ ပြည်သူ့သမ္မတနိုင်ငံဖြစ်လာဖို့ ကြေညာလိုက်ပါတယ်။ လာမယ့် (၂၀၂၁)နိုဝင်ဘာလမှာ ဗြတိန်လက်အောက်ခံဘဝကနေ လွတ်မြောက်တဲ့ (၅၅)နှစ်မြောက် နှစ်ပတ်လည်ကို ကျင်းပအပြီး၊ ဘာဘေးဒိုဟာ အယ်လိဇဘတ်ဘုရင်မကြီးကို ဥသျှောင်အဖြစ်ထားရာကနေ ဖယ်ထုတ်မယ်လို့ ကြေညာလိုက်ပါတယ်။ ကြေညာချက်ကိုတော့ လက်ရှိ ဘာဘေးဒိုးရဲ့အမြင့်ဆုံးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ် မီရာ မော့တလေးက ထုတ်ပြခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်က ဘာဘေးဒိုးပြည်သူတွေရဲ့လွတ်လပ်သော ဘာဘေးဒိုးပြည်သူ့သမ္မတနိုင်ငံအဖြစ်နဲ့ ရပ်တည်ဖို့ပါ။
Read More

ယူနိုက်တက် နံနက်ခင်းသတင်းတိုများ (၁၇.၉.၂၀၂၀)

ယူနိုက်တက်ပစ်မှတ်ဖြစ်တဲ့ ရီးရဲလ်ဘယ်နောက်ခံလူ ရီဂူလွန်ကိုခေါ်ယူရေးကိစ္စမှာ စပါးအသင်းက လက်ဦးမှု ရယူသွားခဲ့ပြီလို့သိရပါတယ်။ ပေါင် (၂၅)သန်းနဲ့အတူ ကစားသမားကို ဆေးစစ်တော့မှာဖြစ်ပါတယ်။ ပြန်ဝယ်ခွင့်စာချုပ်ကို ထည့်မချုပ်ပေးနိုင်တဲ့အနေအထားကြောင့် ရီဂူလွန်ကို ရီးရဲလ်အသင်းကနေ မခေါ်ဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။ မန်စီးတီးအသင်းရဲ့ အသက် (၁၇)နှစ်အရွယ် တိုက်စစ်မှူးလေး ချာလီမက်နေးကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီချက်ရအကုန်ရခဲ့ပြီဖြစ်ပါတယ်။ လူငယ်အသင်းမှာ ဂိုးပေါင်း (၆၀၀)ကျော်သွင်းထားတဲ့
Read More

လန်ဒန်မြို့ရဲ့အကျဉ်းဆုံးအိမ်လေးကို ပေါင် (၁)သန်းနဲ့ ရောင်းချ

ရန်ကုန်မြို့က တိုက်ခန်းတွေကျဉ်းတယ်ဆိုတာက လန်ဒန်က အခုအိမ်လေးကိုမမြင်ရသေးရင် အပြောစောနေမှာပါ။ ပေါင် (၁)သန်းနဲ့ ရောင်းချဖို့ အရောင်းစာရင်းတင်လိုက်တဲ့အိမ်လေးရဲ့အကျယ်က (၅)ပေ (၅)လက်မပဲရှိပြီး၊ လူတယောက် အိမ်တံခါးဝမှာ ရပ်လောက်စရာလေးပဲရှိပါတယ်။ ဒါပေမဲ့ အိမ်လေးရဲ့နောက်ကွယ်မှာတော့ မြင်နေရတဲ့အတိုင်းမဟုတ်တာတွေရှိနေပါတယ်။ အိမ်ခန်းနှစ်ခန်း၊ မီးဖိုချောင်၊ ရေချိုးခန်းတို့ပါပါသေးတယ်။ အိမ်ရဲ့အပေါ်ထပ်မှာ အမိုးလုပ်ထားသ လို နောက်မှာလည်း ဥယျာဉ်တခုကပါပါသေးတယ်။ အိမ်လေးရဲ့ ဘေးမှာက သွားဆေးခန်းနဲ့
Read More