Month: January 2021
News
ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ဆာနေးက ၂၀၁၇ မှာထိုးခဲ့တဲ့ ကျောပြင်တက်တူးကို သူ့အနေနဲ့ နောင်တအကြီးအကျယ်ရနေတယ်လို့ ၀န်ခံခဲ့ပါတယ်။ ဂျာမန်ကစားသမား ဆာနေးတယောက် သူ့ရဲ့ကျောပြင်မှာထိုးတဲ့ ကျောပြည့်တက်တူးအတွက် လေးရက်လောက်အချိန်ကုန်ခံခဲ့ရတာပါ။ ပြီးခဲ့တဲ့ရက်က ဆာနေးတယောက် ဘိုင်ယန်အတွက်ကစာေးနရင်း ပွဲပြီးလို့ အင်္ကျီချွတ်လိုက်ချိန်မှာ ကျောပြည့်တက်တူးကပေါ်သွားခဲ့ပါတယ်။ တက်တူးထိုးထားတာက ကိစ္စမရှိပေမဲ့ မန်စီးတီးအသင်းအတွက်အောင်ပွဲခံတဲ့ပုံကို တက်တူးထိုးထားခဲ့တာက ဘိုင်ယန်ပရိသတ်တွေအတွက် ပြဿနာရှိလာပါတယ်။ ဆာနေးရဲ့တက်တူးက ဂျာမနီမြေမှာ သတင်းကြီးလာပြီး၊
Read More
News
ပွဲစဉ် ၁၉ အထိ ပရီးမီးယားလိဂ်ပွဲတွေကစားပြီးထားချိန်မှာ မန်ယူနိုက်တက်အသင်းက ရာသီဝက်ချန်ပီယံအဖြစ်ဦးဆောင်ခဲ့ပါတယ်။ အသင်းတိုင်းကလည်း ကိုယ်စီအကောင်းဆုံးစွမ်းဆောင်နေကြသလို ပရိသတ်တွေရင်ထဲကို ကိုယ်စီနေရာယူနိုင်တဲ့ ကစားသမားတွေလည်းရှိလာခဲ့ပါပြီ။ ဒီအချိန်မှာ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းကို ရွေးချယ်ဖို့ Whossored က စီစဉ်ခဲ့ပါတယ်။ ပရိသတ် ငါးသောင်းလေးထောင်ကျော် ပါဝင်မဲပေးခဲ့ကြကာ နေရာအလိုက် အကောင်းဆုံးတွေကို ပရိသတ်ကိုယ်စီက ရွေးချယ်ပေးခဲ့ကြပါတယ်။ ရွေးချယ်ပေးခဲ့ချိန်မှာတော့ မဲရလဒ်အများဆုံးရလာတဲ့ ကစားသမား ၁၁
Read More
News
ဝက်စ်ဟမ်းအသင်းတိုက်စစ်မှူး အဖိုလရန် တယောက် ၂၄ နာရီအတွင်း ဘောလုံးပွဲနှစ်ပွဲကစားခဲ့ပြီး၊ ပရော်ဖက်ရှင်နယ်ဂိုးတဂိုးသွင်းနိုင်ခဲ့လို့ ပရိသတ်တွေအံ့အားသင့်နေကြပါတယ်။ ဝက်စ်ဟမ်းအသင်းကြီးအတွက် စီနီယာပွဲထွက်ခွင့်ရချိန်မှာပဲ သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူခဲ့တာဖြစ်လို့ အဖိုလရန်ကို ပိုချီးကျူးနေကြပါတယ်။ အဖိုလရန်က အသက် ၂၃ နှစ်အရွယ်ရှိတဲ့ ယူ ၂၃ ကစားသမားတဦးပါ။ ဝက်စ်ဟမ်း ယူ၂၃ မှာပဲ ပွဲထွက်နေရတဲ့ အဖိုလရန်တယောက် သောကြာနေ့ညမှာ ယူ၂၃
Read More
News
အလာဗက်ကိုရင်ဆိုင်ကစားခဲ့တဲ့ ရီးရဲလ်အသင်းရဲ့ပွဲစဉ်မှာ ဟာဇက်ဟာ လုံးဝကို မက်မောလောက်စရာ ပထမပိုင်းစွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ တဂိုးသွင်း၊ တဂိုးဖန်တီးခဲ့သလို တချိန်တုန်းက ချဲလ်ဆီးအသင်းကိုဆွဲတင်ပေးခဲ့တဲ့ ခြေစွမ်းအစစ်အမှန်မျိုး ပရိသတ်ဆီချပြခဲ့ပါတယ်။ ဟာဇက်ရဲ့ရာသီအစက ချော့မွေ့တဲ့ပန်းခင်းလမ်းမဟုတ်ခဲ့ပါဘူး။ ဒဏ်ရာတွေတောက်လျှောက်ရနေသလို ၆ ပွဲပဲပွဲထွက်ရသေးတာက ဝေဖန်သံတွေများခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြဇီဒန်းက ဒဏ်ရာက ပြန်ကောင်းလာတဲ့ဟာဇက်ကို ပွဲဆက်ထည့်ခဲ့ပြီး၊ တောင်ပံတနေရာမှာ ယုံကြည်မှုအပြည့်ပေးခဲ့ပါတယ်။ ပေးခဲ့ချိန်မှာ အလာဗက်ပွဲပထမပိုင်းမှာ
Read More
News
ဘန်လေကို (၀-၁)နဲ့ ရှုံးခဲ့တဲ့လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အိမ်ကွင်း ရှုံးပွဲမရှိစံချိန်ကောင်းကျိုးပျက်သွားခဲ့ရပါတယ်။ ၆၈ ပွဲဆက် စံချိန်တင်လာခဲ့တဲ့ ဂျာဂင်ကလော့ပ်နဲ့ အဖွဲ့သားတွေဟာ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းပုံစံကောင်းတွေပျောက်ဆုံးပြီးတဲ့နောက် လေးနှစ်နီးပါးတင်ခဲ့ရတဲ့ အိမ်ကွင်းရလဒ်တွေလည်း ရပ်တန့်သွားခဲ့ရတာပါ။ အခုလိုရပ်တန့်သွားခဲ့တဲ့အတွက် လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းရှုံးပွဲမရှိမှတ်တမ်းအကြာဆုံး ဒုတိယမြောက်အသင်းဖြစ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ အရင်ဆုံးစံချိန်တင်ထားတာက ချဲလ်ဆီးအသင်းဖြစ်ပြီး၊ နည်းပြ လေးယောက်ဆက်တင်ထားခဲ့တဲ့ အရှည်ကြာဆုံး အိမ်ကွင်းမှတ်တမ်းကောင်းဖြစ်ပါတယ်။
Read More
News
လီဗာပူးအသင်းရဲ့တာဝန်ရှိသူတွေက အသင်းရဲ့နောက်ခံခေါ်ယူရေးကို ပယ်ချထားတယ်လို့ သိရပါတယ်။ ဗန်ဒိုက်၊ ဂိုမက်အပြင် အသင်းရဲ့လူငယ်လေးတွေပါ ဒဏ်ရာရနေချိန်မှာ ဗဟိုနောက်ခံလူအသစ်ခေါ်ဖို့ကို လုံးဝခွင့်မပြုထားဘူးလို့ နည်းပြကလော့ပ်က၀န်ခံလာပါတယ်။ အဲဒီအစား ရှိတဲ့လူနဲ့ဆက်သွားရမယ့်သဘောထားမျိုးကိုပဲ ကလော့ပ်ကို အကြောင်းပြန်ထားပါတယ်။ ” ကျွန်တော်က ငါးနှစ်သားအရွယ်လည်းမဟုတ်တော့ပါဘူး။ ကျွန်တော်လိုချင်တာမရရင် ငိုနေတတ်တဲ့ အရွယ်မျိုးလေ။ ကျွန်တော့်ဘ၀ရဲ့အချိန်အများစုက ကျွန်တော်လိုချင်တာကို မရခဲ့ပါဘူး။ အဲဒီလိုမရတာနဲ့လည်း အင်မတန်ကိုအသားကျနေပါပြီ။ ကျွန်တော်တို့ ဗဟိုနောက်ခံလူတယောက်ခေါ်မယ့်အကြောင်းကို
Read More
News
အာနိုးကို လီဗာပူးရဲ့ပထမဆုံး ပရီးမီးယားလိဂ်ဖလားရတဲ့နှစ်မှာ ကမ္ဘာ့အဆင့်ခြေစွမ်းပိုင်ရှင်အနေနဲ့ ပရိသတ်တွေသိပြီးသားပါ။ တဦးတည်း ၁၃ ကြိမ်ဂိုးဖန်တီးမှုလုပ်ခဲ့ပြီး၊ စံချိန်တွေတင်ထားခဲ့တဲ့ အာနိုးဟာ လက်ရှိမှာလည်း ပြောင်းရွှေ့ကြေး ပေါင် ၉၉ သန်းအထိ ပေါက်နေတဲ့ ကစားသမားလည်းဖြစ်တဲ့အတွက် လူငယ်တွေထဲမှာ တန်ဖိုးမြင့်ကစားသမားလို့ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ကစားပြီးခဲ့တဲ့ လီဗာပူးရဲ့အိမ်ကွင်းရှုံးပွဲမှာတော့ အာနိုးရဲ့စွမ်းဆောင်ရည်တွေက မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ ဘန်လေအသင်းကို အာနိုးရင်ဆိုင်ကစားခဲ့ချိန်မှာ ထုံးစံအတိုင်း ဘောလုံးပေးပို့မှုတွေဆက်တိုက်လုပ်ခဲ့ပါတယ်။
Read More
News
အမှတ်မထင်ရှုံးပွဲလို့ဆိုရမယ့် လီဗာပူး ၀-၁ ဘန်လေပွဲစဉ်က နည်းပြကလော့ပ်ကို ဖိအားတွေဝင်စေခဲ့ပါတယ်။ ဘန်လေအသင်းက လီဗာပူးရဲ့ ၆၈ ပွဲရှုံးပွဲဆက်မရှိစံချိန်ကိုချိုးဖျက်လိုက်ပြီး၊ ကလော့ပ်နည်းပြဘ၀သက်တမ်းတလျှောက် လေးပွဲဆက်ဂိုးမသွင်းတဲ့ လီဗာပူးပွဲကို ကြုံတွေ့ခဲ့ရပါတယ်။ အမျိုးမျိုးအဖုံဖုံဝေဖန်နေကြပေမဲ့ ဘန်လေကို အထင်သေးလို့ရှုံးခဲ့တာလားက ပွဲအပြီးမှာမေးခွန်းဖြစ်ခဲ့ပါတယ်။ စကိုင်းစပေါ့၊ ဘီဘီစီသတင်းဌာနတွေနဲ့ ပွဲအပြီးအင်တာဗျူးမှာ ဖာမီနို၊ ဆာလားတို့လို ကစားသမားတွေကို ၅၇ မိနစ်မှ ထည့်သွင်းခဲ့တာက ပွဲကိုရှုံးပွဲဖြစ်စေခဲ့လားမေးခဲ့ချိန်မှာ
Read More
News
ကစားသမားဟောင်း ရော်နယ်ဒိုက ဂျူဗင်တပ်နဲ့ဖလားတွေယူ၊ စံချိန်တွေတင်နေချိန်မှာ အသင်းဟောင်းရီးရဲလ်က ပျားတုပ်နေပါတယ်။ ကိုပါဒယ်ရေးဖလားမှာ စပိန် တတိယတန်းလိဂ်က အသင်းငယ်လေး အယ်ကိုရန်နိုကို (၂-၁)နဲ့ ရှုံးနိမ်ခဲ့တာပါ။ အသင်းရဲ့လူအင်အားအပြည့် မာဆယ်လို၊ အစ္စကို၊ ကတ်စမဲရိုး၊ ဟာဇက်၊ ဗင်နီးရှပ်ဂျူနီယာ၊ ဘန်ဇီးမား၊ အဆန်စီရို၊ တိုနီခရုစ်တို့လို ကစားသမားတွေ လူစုံတက်စုံထည့်ခဲ့ပေမဲ့ အချိန်ပိုထိဆက်ကန်ခဲ့ရပါတယ်။ အချိန်ပိုမှာ ၁ ယောက်လျော့နေတဲ့
Read More
News
အာဆင်နယ်အသင်းနဲ့ သူတို့ရဲ့နောက်ခံလူ ဆိုကရေးတစ်ဟာ စာချုပ်ဖျက်သိမ်းပြီး၊ နှစ်ဦးသဘောတူလမ်းခွဲခဲ့ပါတယ်။ အလွတ်ကြေးနဲ့လက်လွှတ်ခဲ့တဲ့အတွက် ဆိုကရေးတစ်ကိုခေါ်တုန်းက ပေါင် ၁၇ သန်း အသုံးပြုခဲ့ရတဲ့ ပြောင်းရွှေ့ကြေးကို တပြားမှ ပြန်မရခဲ့ဘူးဆိုရမှာပါ။ အသင်းရဲ့ လူစာရင်းမှာလည်း မပါတော့တဲ့အပြင် ပြီးခဲ့တဲ့ရာသီ အက်ဖ်အေဖလားဗိုလ်လုပွဲကစားပြီးကတည်းက ပွဲမထွက်ရတော့တဲ့ ဆိုကရေးတစ်ဟာ ကိုယ်တိုင်ကပဲ စာချုပ်ဖျက်သိမ်းဖို့ ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။ ဆိုကရေးတစ်ကို အာတီတာက အသင်းရဲ့
Read More