ယူနိုက်တက်နောက်ခံလူကို ဇန်န၀ါရီမှာခေါ်ယူဖို့ ကြိုးပမ်းတော့မယ့် ဆောက်သမ်တန်
|လူငယ်ခြေတက်တွေကို အမြဲတမ်းလိုလို လက်ဦးမှုရယူတတ်တဲ့ ဆောက်သမ်တန်အသင်းအနေနဲ့ လတ်တလောမှာ ယူနိုက်တက်နောက်ခံလူတဦးကို မျက်စိကျလာပါတယ်။ ညာတောင်ပံရော၊ ဘယ်တောင်ပံရော ခံစစ်နှစ်ခုလုံးမှာ ကစားတတ်တဲ့ နောက်ခံလူလေး ဘရန်ဒန်ဝီလီယမ်ကို ချိတ်ဆက်တေှာ့ာပါ။ Telegraph က ဖော်ပြလာတာဖြစ်တဲ့အတွက် တော်တော်လေးနီးစပ်မှုရှိနေပါတယ်။
နွေရာသီကတည်းက ဘရန်ဒန်ဝီလီယမ်ကို ဆောက်သမ်တန်ဖက်က ချိတ်ဆက်နေခဲ့ချိန်၊ ဆိုးလ်ရှားက ဒီကစားသမားကိုတော့ မရောင်းဘူးလို့ အသင်းမှာဆက်ထိန်းထားခဲ့ပါတယ်။ အဲလက်စ်တဲလက်စ်ရောက်လာတာတောင်မှ ဘရန်ဒန်ဟာ အသင်းကြီးလူစာရင်းမှာ ပါခဲ့ရပြီး၊ အရန်အင်အားထဲထည့်ခံထားရပါတယ်။ အကျိုးဆက်ကတော့ ပရီးမီးယားလိဂ်မှာ ပွဲထွက် ၆ မိနစ်ပဲရှိခဲ့တာပါ။
ဆောက်သမ်တန်မန်နေဂျာက သူ့အသင်းရဲ့ ကိုင်လီဝေါ့ကာပီတာနေရာမှာ နောက်ထပ်အစားထိုးလို့ရမယ့် ကစားသမားတဦးကိုအလိုရှိနေပြီး၊ ဘာထရန်အပြင် တောင်ပံနေရာတွေမှာ ခံစစ်အင်အားလုံလောက်နေဖို့ ပြင်ဆင်လိုနေပါတယ်။ ဇန်န၀ါရီဈေးကွက်ကလည်း ရောက်လာတော့မယ့်အပေါ် သူစိတ်ဝင်စားနေတဲ့ ဘရန်ဒန်ဝီလီယမ်ကိုပဲ အလိုဆက်ရှိနေပါတယ်။
ပရီမီးယားလိဂ်ပွဲ (၃၆)ပွဲလောက် အတွေ့အကြုံလည်းရှိထားတဲ့အပြင် အသင်းကြီးနဲ့လည်း အသားကျတဲ့ ၀ီလီယမ်ဟာ ဆောက်သမ်တန်အတွက် မျက်စိကျစရာဖြစ်နေပါတယ်။ ပွဲမထွက်ရတဲ့အချက်ကိုကိုင်ပြီး၊ ပွဲထွက်ခွင့်နဲ့ ကစားသမားကို ဆွဲဆောင်လာခဲ့ရင်တော့ ၀ီလီယမ်အနေနဲ့ အသင်းပြောင်းမလားက စိတ်ဝင်စားဖို့ကောင်းနေမှာပါ။
အဲလက်စ်တဲလက်စ၊ ၀မ်ဘစ်ဆာကာတို့နောက်မှာ ရှိနေပြီး၊ အကန့်အသတ်နဲ့ပွဲထွက်နေရတဲ့ ၀ီလီယမ်ကို အငှား+အပြီးသတ်ဝယ်ယူခွင့်နဲ့ ၀ယ်ယူဖို့ ဆေက်သမ်တန်က အရင်ကမ်းလှမ်းမှာဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းကတော့ ယူနိုက်တက်ဖက်က စဉ်းစားရမှာဖြစ်ပြီး၊ ဒီယေဂိုဒါးလော့လို အငှားသီးသန့်ပဲ ခွင့်ပြုမလားကတော့ ဇန်န၀ါရီကို တချက်စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။
Thu Yay – MMUN