အဲလက်စ်တဲလက်စ်ကို မရတာနဲ့ ချဲလ်ဆီးကစားသမားကို စောင့်ခေါ်ဖို့လုပ်ခဲ့တဲ့ ယူနိုက်တက်

ပြီးခဲ့တဲ့ ယူနိုက်တက်ရဲ့အပြောင်းအရွှေ့မှာ ဘယ်နောက်ခံနေရာကို အလေးအနက်ထားစဉ်းစားခဲ့တယ်လို့ သိရပါတယ်။ ပေါ်တိုနောက်ခံလူ အဲလက်စ်တဲလက်စ်ကို အချိန်အကြာကြီးကတည်းက သဘောတူညီမှုရယူထားခဲ့ပြီး၊ ပေါ်တိုနဲ့ ယူနိုက်တက်ကြား ပြောင်းရွှေ့ကြေးကို ညှိနှိုင်းခဲ့ပါတယ်။ ပေါင် (၁၈)သန်း+ အပိုထပ်ဆောင်းကြေးလိုချင်နေနေခဲ့တဲ့ပေါ်တိုကြောင့် ညှိနှိုင်းမှုကို ခဏရပ်ဆိုင်းထားခဲ့ပါတယ်။

နောက်ဆုံးနေ့အထိ အပြောင်းအရွှေ့ကို အသက်ဝင်အောင်ဆွဲဆန့်ခဲ့ပြီးကာမှ ယူရို (၁၅)သန်းနဲ့ ဈေးတည့်သွားချိန်မှာ အဲလက်စ်တဲလက်စ်ကို သဘောတူထားတဲ့အတိုင်းခေါ်နိုင်ခဲ့ပါတယ်။ ကာဗာနီနဲ့အတူတူ ယူနိုက်တက်မှာပဲ စာချုပ်ကို တပြိုင်တည်းချုပ်ခဲ့တာဖြစ်ပါတယ်။ အဲလက်စ်တဲလက်စ်ကိုမခေါ်ယူခင်အထိ အပြောင်းအရွှေ့မှာ ဘယ်နောက်ခံလူနေရာအတွက် ကစားသမားတွေကို စီထားခဲ့ပါတယ်။

အရင်ဆုံးရီဂူလွန်ကို ချိတ်ဆက်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ အေဂျက်က တာဂလီဖီယာဂိုအပြင် တခြားဘယ်နောက်ခံလူတွေကို အများအပြားချိတ်ဆက်ထားခဲ့ပါတယ်။ အဲဒီထဲမှာ အဲလက်စ်တဲလက်စ်ကို မရရင်တန်းခေါ်ဖို့ပြင်ထားခဲ့တာက ချဲလ်ဆီးနောက်ခံလူ အီမာဆင်ဖြစ်တယ်လို့ သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုက ဖွင့်ဟလိုက်ပါတယ်။ သူ့ကိုယ်တိုင် ထုတ်ဖော်ခဲ့တဲ့ လျှို့ဝှက်အပြောင်းအရွှေ့များစာရင်းမှာ အီမာဆင်ပါနေပါတယ်။

ပလန်ဘီအဖြစ်ထားရှိထားတာဖြစ်ပြီး၊ ကစားသမားကို ပုဂ္ဂိုလ်ရေးအရ ကြိုညှိနှိုင်းထားခဲ့တယ်လို့ သိရပါတယ်။ ပေါ်တိုက ယူနိုက်တက်ကိုဈေးလျှော့မပေးတာနဲ့ အီမာဆင်ကိုခေါ်ယူဖို့ကို ကြိုစီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ အဲလက်စ်တဲလက်စ်နဲ့ယူနိုက်တက်ကြား ပေါ်တိုက ဈေးလျှော့ပေးခဲ့ပြီး၊ အဆင်ပြေအောင်ညှိပေးခဲ့ပါတယ်။ အသင်းပြောင်းချင်နေတဲ့အီမာဆင်ကလည်း ချဲလ်ဆီးနည်းပြ လမ်းပတ်လက်ထက်မှာ ကစားကွက်အံမ၀င်ဖြစ်နေသူပါ။

ရိုးမားကနေ ယူရိုသန်း (၂၀)နဲ့ (၂၀၁၈)မှာပြောင်းလာခဲ့ချိန်မှာ (၅၇)ပွဲကစားထားခဲ့ပေမဲ့ အထင်ကြီးလောက်စရာ ခြေစွမ်းကိုပြမထားခဲ့ပါဘူး။ ဒီအနေအထားကို လုခ်ရှောနဲ့အဆင်မပြေတော့တဲ့ ယူနိုက်တက်က ဈေးသက်သက်သာသာနဲ့ပြန်ခေါ်ဖို့ စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ပရိသတ်တွေကြား သတင်းလုံးဝမထွက်ခဲ့တဲ့ အံ့အားသင့်ဖွယ်ရာ ချိတ်ဆက်မှုကို ဖော်ထုတ်ပေးလိုက်တာလို့ ဆိုရမှာအမှန်ပါပဲ။

Thu Yay – MMUN

Add a Comment

Your email address will not be published. Required fields are marked *