မန်ချက်စတာယူနိုက်တက်မှာ စီရော်နယ်ဒိုလိုဖြစ်လာမယ့် ကစားသမားရှိနေပြီဆိုတဲ့ဖာဒီနန်

ဇန်န၀ါရီအပြောင်းအရွှေ့မှာ ယူနိုက်တက်ကို ရောက်လာတဲ့ ကစားသမားသစ်တယောက်နဲ့ပတ်သက်လို့ ဖာဒီနန်က အမြင်သစ်တမျိုးရှိနေပါတယ်။ အတ္တလန်တာချာတိတ်လေး အာမက်ဒီရယ်လိုကို သူ့အနေနဲ့ထွန်းတောက်လာမယ့်ကစားသမားလို့မြင်နေပြီး၊ ပရိသတ်ဘယ်သူမှ မသိသေးတဲ့ ကစားသမားလေးကို တော်တော်လေးအားရနေပါတယ်။

ဘယ်လောက်ထိအောင် အားရလဲဆိုရင် တောင်ပံကစားသမားဟောင်း စီရော်နယ်ဒိုနဲ့ကို နှိုင်းယှဉ်နေပြီး၊ ဒီရယ်လိုဟာ အနာဂတ်မှာ စီရော်နယ်ဒိုလက်သစ်ဖြစ်လာမယ်လို့ ယူဆနေပါတယ်။ ဒီအကြောင်းကို ဖာဒီနန်က 5 ယူကျူ့ချန်နယ်နဲ့ အင်တာဗျူးမှာ အမြင်သစ်တမျိုးအနေနဲ့ချပြခဲ့ကာ ဒီရယ်လိုဟာ စီရော်နယ်ဒို လက်သစ်ဖြစ်လာမယ့်အကြောင်းအခုလိုပြောခဲ့ပါတယ်။

” ကျွန်တော်တို့ အတ္တလန်တာကနေ ကလေးတယောက်ကို ၀ယ်ခဲ့တယ်။ သူတခုခုလုပ်ပြမယ်လို့လည်းမျှော်လင့်တယ်။ သူ့ဗီဒီယိုတွေကိုကြည့်တဲ့နောက်မှာ ဒီကလေးကိုဝယ်ခဲ့တဲ့သူတွေကို စကားတခွန်းပြောရမယ်ဆိုရင် ဒီကလေးက ကမ္ဘာ့စံချိန်တွေချိုးမယ့် ကလေးပဲ။ ဒါကမန်ချက်ပရိသတ်တွေ သူတို့အဖိုးတန်ကျောက်ရိုင်းလေးကို ရှာတွေ့ခဲ့ပြီဆိုတဲ့ အတွေးမျိုး”

” ကျွန်တော်သူ့ကို စီရော်နယ်ဒိုဖြစ်လာမယ်ဆိုတဲ့ဖိအားမျိုး မသွင်းချင်ပါဘူး။ ဒါပေမဲ့ ပေါ်တူဂီကနေ ရော်နယ်ဒိုကိုဝယ်လိုက်တုန်းကလည်း အခုလိုဖြစ်လာမယ်လို့ ဘယ်သူမှလည်း သိခဲ့တာမဟုတ်ဘူးလေ။ ဒီကလေးကလည်း အခုဖြစ်ရပ်မှာသွားတူနေတယ်။ သူ့စကေးတွေကိုကြည့်ပြီးပြီဆိုရင် လူတွေသူ့အကြောင်းပြောကြမှာက ဒီကလေးက ဘာမဆိုလုပ်နိုင်တယ် စီရော်နယ်ဒိုလက်သစ်ဖြစ်လာနိုင်တယ်ဆိုပဲ။ အကယ်လို့ သူအခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်ခဲ့ရင်ပေါ့’လို့ ဆိုခဲ့ပါတယ်။

အာမက်ဒီရယ်လိုဆိုတာက အတ္တလန်တာကနေ ပြီးခဲ့တဲ့နွေအပြောင်းအရွှေ့မှာ ယူနိုက်တက်တို့ ပေါင် ၃၇.၂ သန်းအထိပေးပြီးဝယ်ခဲ့တဲ့ ၁၈ နှစ်သားလေးဖြစ်ပါတယ်။ အခုအချိန်မှာ ခြေစွမ်းကလည်းအသားကျနေပြီဖြစ်သလို ယူနိုက်တက်ကို ပြောင်းလာပြီဖြစ်တဲ့အတွက် ဆိုးလ်ရှားတယောက် လာမယ့်ပွဲစဉ်တွေမှာကို သုံးနိုင်တော့မှာပါ။ ဖာဒီနန်ပြောသလို ရော်နယ်ဒိုလက်သစ်လားကတော့ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

Thu Yay – ShweBa

Add a Comment

Your email address will not be published. Required fields are marked *