ဥရောပထိပ်တန်းလိဂ်ငါးခုမှာ ၂၅ ဂိုးအမြန်ပြည့်အောင်သွင်းနိုင်ခဲ့တဲ့ ကစားသမား ၁၀ ဦး

ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းတယောက် လစ်ဇစ်ကို ၃-၁ နဲ့နိုင်ခဲ့တဲ့ ဒေါ့မွန်ရဲ့ပွဲစဉ်မှာ တဦးတည်း ၂ ဂိုးအထိသွင်းနိုင်ခဲ့ပါတယ်။ ဒေါ့မွန်အတွက် စုစုပေါင်း ၂၅ ဂိုးအထိရှိလာခဲ့ပြီး၊ ဥရောပအဆင့်မှာ ၂၀ နှစ်သားဟာ ခြေစွာနေပါတယ်။

ဟာလန်း၂၅ ဂိုးသွင်းတဲ့နှုန်းထားက ကစားသမားအတွက်မဆန်းပေမဲ့ ဥရောပမှာတော့ အမြန်ဆုံးစံချိန်ဖြစ်နေပါတယ်။ ဥရောပအသင်းတသင်းမှာကစားပြီး၊ ကစားတဲ့အသင်းအတွက် ၂၅ ဂိုးအမြန်ဆုံးပြည့်တဲ့ စံချိန်မှာ ဟာလန်းဟာ နံပါတ်တစ်ကိုရလာပါတယ်။ မိုဗစ်၊ စီရော်နယ်ဒိုလို ကစားသမားတွေထက်ကို မြန်ဆန်နေခဲ့တာပါ။

တောရက်-လီဗာပူး-၃၄ပွဲမှာ၂၅ဂိုး၊ ရော်ဘင်-ဘိုင်ယန်-၂၅ပွဲမှာ ၃၄ဂိုး၊ မီလီတို-အင်တာ-၃၃ပွဲမှာ၂၅ဂိုး၊ လူကာတိုနီ-ဘိုင်ယန်-၃၃ပွဲမှာ၂၅ဂိုး၊ ရှက်ချန်ကို-၃၃ပွဲမှာ ၂၅ ဂိုး၊ စီရော်နယ်ဒို ၂၇ပွဲမှာ ၂၅ဂိုး၊ နေမာ-ပီအက်စ်ဂျီ-၂၇ပွဲမှာ ၂၅ဂိုး၊ ကီဗင်ဖိလစ်-ဆန်းဒါလန်း-၂၆ပွဲမှာ ၂၅ဂိုး၊ ဇလာတန်-ပီအက်စ်ဂျီ-၂၆ပွဲမှာ ၂၅ဂိုး၊ ဟာလန်း-ဒေါ့မွန်- ၂၅ပွဲမှာ ၂၅ဂိုးတို့ပါ။

ဒီမှတ်တမ်းအရ ဥရောပအသင်းတသင်းမှာ ကစားသမားတယောက် ပြောင်းရွှေ့ကစားခဲ့ချိန်၊ ၂၅ဂိုး အမြန်ပြည့်ခဲ့သူတွေဟာ ပရိသတ်အကြိုက်ကစားသမားတွေဖြစ်နေတာကိုတွေ့ရပါတယ်။ ဥရောပမှာလည်းအောင်မြင်လာတဲ့သူတွေလည်းဖြစ်တဲ့အတွက် ဟာလန်းတယောက် မကြာခင်အောင်မြင်တော့မယ်လို့ မီးမောင်းထိုးပြနေသလိုပါ။

အခုလိုမျိုး ဥရောပအဆင့်ကို မြန်မြန်ဆန်ဆန်အသားကျနေတဲ့အတွက် ဟာလန်းကို မန်စီးတီးက ခေါ်ယူမယ်လို့ သတင်းထွက်နေပါတယ်။ ဆန်ချိုအပြောင်းအရွှေ့မှာပါတဲ့ ၁၅ ရာခိုင်နှုန်း ပြောင်းရွှေ့ကြေးခံစားခွင့်ကိုလျှော်ပြီး၊ ဟာလန်းကို အဲဒီအစားပြန်ခေါ်ဖို့ အသုံးချမယ်လို့ သိရပါတယ်။ ဟာလန်းတယောက် ကမ္ဘာ့အဆင့်ကို မကြာခင်မှာရောက်တော့မလား စောင့်ကြည့်ရမှာပါပဲ။

Thu Yay – ShweBa

Add a Comment

Your email address will not be published. Required fields are marked *