ချဲလ်ဆီးဟာဇက်ပြန်ရောက်လာပြီဖြစ်ကြောင်း ကမ္ဘာ့အဆင့်စွမ်းဆောင်ရည်နဲ့သက်သေပြခဲ့တဲ့ ဟာဇက်

အလာဗက်ကိုရင်ဆိုင်ကစားခဲ့တဲ့ ရီးရဲလ်အသင်းရဲ့ပွဲစဉ်မှာ ဟာဇက်ဟာ လုံးဝကို မက်မောလောက်စရာ ပထမပိုင်းစွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ တဂိုးသွင်း၊ တဂိုးဖန်တီးခဲ့သလို တချိန်တုန်းက ချဲလ်ဆီးအသင်းကိုဆွဲတင်ပေးခဲ့တဲ့ ခြေစွမ်းအစစ်အမှန်မျိုး ပရိသတ်ဆီချပြခဲ့ပါတယ်။

ဟာဇက်ရဲ့ရာသီအစက ချော့မွေ့တဲ့ပန်းခင်းလမ်းမဟုတ်ခဲ့ပါဘူး။ ဒဏ်ရာတွေတောက်လျှောက်ရနေသလို ၆ ပွဲပဲပွဲထွက်ရသေးတာက ဝေဖန်သံတွေများခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြဇီဒန်းက ဒဏ်ရာက ပြန်ကောင်းလာတဲ့ဟာဇက်ကို ပွဲဆက်ထည့်ခဲ့ပြီး၊ တောင်ပံတနေရာမှာ ယုံကြည်မှုအပြည့်ပေးခဲ့ပါတယ်။ ပေးခဲ့ချိန်မှာ အလာဗက်ပွဲပထမပိုင်းမှာ လုပ်ပြခဲ့ပါတယ်။

ကတ်စမဲရိုး ၁၅ မိနစ်မှာ ဦးဆောင်ဂိုးသွင်းလိုက်ချိန်၊ ရီးရဲလ်တို့စိတ်ဓာတ်တက်ကြွသွားပြီး၊ ဟာဇက်၊ ဘန်ဇီးမား တွဲလုံးကနေ ဟာဇက်က ဘန်ဇီးမားကို ၄၁ မိနစ်မှာ ဂိုးထပ်ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ၅ မိနစ်အကြာမှာပဲ နောက်ထပ်တွဲလုံးကနေ ဟာဇက်က ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ ပထမတပိုင်းတည်းမှာတည်၊ သွင်းဂိုးနှစ်ဂိုးကို ပါဝင်ပတ်သက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟာဇက်ရဲ့ခြေစွမ်းက အခုလိုအပြင် လုံးဝကိုထပ်လန်းတဲ့ စွမ်းဆောင်ရည်တွေကျန်ပါသေးတယ်။ ပထမတပိုင်းလုံး လိမ်ခေါက်ကျော်ဖြတ်မှု ၁၀၀ ရာခိုင်နှုန်း၊ ဂိုးရဖို့အနီးစပ်ဆုံး အခွင့်အရေး ၂ ကြိမ်ဖန်တီးမှု၊ ပေးပို့မှု ၉၀ ရာခိုင်နှုန်းအောင်မြင်၊ ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးနဲ့အတူ ချဲလ်ဆီးဟာဇက်ကို ပြန်မြင်ခဲ့ရပါတယ်။ ဒါဟာ ရီးရဲလ်မှာ ကစားခဲ့သမျှထဲ ဟာဇက်ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ပါ။

(၃-၀)နဲ့ပထမပိုင်းကို နိုင်နေချိန်မှာတော့ ရီးရဲလ်တို့ကစားအားချလိုက်ပြီး၊ နည်းပြဇီဒန်းက ၆၃ မိနစ်မှာ ဟာဇက်အစား၊ ဗင်နီးရှပ်ကိုထည့်သွင်းလိုက်ပါတယ်။ ပွဲချိန်ပြည့်မကစားခဲ့ရပေမဲ့ ဟာဇက်အတွက် ပထမပိုင်းမှာ အသင်းကို ဂိုးပြတ်အထိစွမ်းဆောင်ထားပေခဲ့တာက အနားယူဖို့ လိုအပ်မယ်လို့ ဇီဒန်းကတွက်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။ ပထမတပိုင်းလုံးခြေစွမ်းကတော့ ဟာဇက်ပြန်လာပြီလို့ဆိုရမှာပါပဲ။

Thu Yay – ShweBa

Add a Comment

Your email address will not be published. Required fields are marked *