(၁၉၃၅)ခုနှစ်မှာတွေ့ပြီး၊ အိမ်ထောက်သက် (၈၅)နှစ်ကို ပျော်ပျော်ရွှင်ရွှင်နွဲနိုင်ခဲ့တဲ့ ဖိုးဖိုးဖွားဖွားစုံတွဲ
|အိမ်ထောင်သက် (၈၅)နှစ်ဆိုတဲ့ နှစ်ပတ်လည်ကို အဖိုး-အဖွားစုံတွဲတတွဲဟာ ကျင်းပနိုင်ခဲ့ပါတယ်။ ရာ့ပ်နဲ့ ဒိုရိုသီ ခိုလာဆိုတဲ့ သက်ကြီးစုံတွဲဟာ အသက် (၁၀၂)နဲ့ (၁၀၀)ကိုယ်စီရှိပါပြီ။ နီဘရာဆကာဆိုတဲ့မြို့မှာ ဆယ်ကျော်သက်ဘ၀က စတွေ့ခဲ့ပြီး၊ တွေ့တွေ့ချင်းမှာပဲ တဦးနဲ့တဦး ချစ်ကြိုက်သွားခဲ့ကာ ဘ၀ကိုရိုးမြေကျပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
(၁၉၃၅)ခုနှစ်မှာ သူတို့နှစ်ယောက်အနေနဲ့ အသက် (၁၈)မပြည့်သေးတဲ့အတွက် တရားသူကြီးက လက်ထပ်မပေးခဲ့ပါဘူး။ လက်ထပ်ဖို့လည်း ခွင့်မပြုခဲ့ဘဲ အခမ်းအနားနဲ့မလုပ်ရဘဲ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ တယောက်ကိုတယောက် သိပ်ချစ်နေတဲ့ စုံတွဲဟာ ဒုတိယတရားသူကြီးတယောက်ကိုရှာပြီး၊ လက်ထပ်ပေးဖို့ တောင်းဆိုခဲ့ချိန်မှာတော့ လက်ထပ်ပေးခဲ့ပါတယ်။
ရာ့ပ်က (၁၇)နှစ်ကျော်နဲ့ ဒိုရိုသီခိုလာက (၁၆)နှစ်ပြည့်ကာစပဲရှိသေးပါတယ်။ ဘာကိုမှ မစဉ်းစားဘဲကို လက်ထပ်ခဲ့တာပါ။ အခုလို သက်ကြီးစုံတွဲရဲ့ ၈၅ နှစ်ပြည် နှစ်ပတ်လည်ကို လုပ်နိုင်ခဲ့ချိန်မှာတော့ WOWT-TV ဆိုတဲ့ အစီအစဉ်ကနေ ရှာတွေ့သွားခဲ့ပြီး အင်တာဗျူးခဲ့ပါတယ်။ စက်တင်ဘာ (၁၆) (၁၉၃၅)ကတည်းကလက်ထပ်လာခဲ့တဲ့ စုံတွဲဟာ ပြီးခဲ့တဲ့ စက်တင်ဘာ (၁၆)မှာ (၈၅)နှစ် နှစ်ပတ်လည်ရှိခဲ့ပါပြီ။
အမေရိကန်နိုင်ငံမှာ အခုလိုမျိုး အိမ်ထောင်သက် နှစ် (၅၀)အထက်ရှိတဲ့ စုံတွဲတွေဟာ နိုင်ငံအတွက် လက်ထပ်ထားသူ လင်မယားတွေရဲ့ (၆)ရာခိုင်နှုန်းပဲရှိပါတယ်။ အခုလိုမျိုးအထိ (၈၅)နှစ်နေနိုင်ဖို့ဆိုတာက မှတ်တမ်းအရဆိုရင် မရှိပါဘူး။ တယောက်နဲ့တယောက် ငယ်ငယ်ကတည်းက ယုံကြည်ခဲ့မှရမှာဖြစ်သလို သစ္စာရှိရှိလည်း နေရမှာပါ။
အရေးအကြီးဆုံးအချက်ဖြစ်တဲ့ အသက်ရှည်ရှည်နေဖို့ကလည်း လိုပါသေးတယ်။ တဦးနဲ့တဦး အချစ်တွေကို ယုံကြည်ခဲ့တဲ့အချိန်ဟာ ဆယ်ကျော်သက်ဖြစ်ပေမဲ့ နှစ်ပေါင်း (၈၅)နှစ်အထိ နှစ်ပတ်လည်ကျင်းပနေနိုင်တာက ကမ္ဘာပေါ်မှာ ရှားပါးဖြစ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။ ထူးခြားချက်အနေနဲ့ စုံတွဲဟာ တွဲနေတဲ့တလျှာက်လုံး ဆေးလိပ်နဲ့အရက်ကို တခါမှမသောက်ခဲ့ဖူးပါဘူးလို့ သိရပါတယ်။
Thu Yay – AwesomeMyanmar