ပေါင်သန်း (၁၀၀)ကိုဆန်ချိုကိုသုံးမယ့်အစား ဟယ်ရီိကိန်းကိုပဲခေါ်ဖို့ ရွန်းနီအကျယ်တ၀င့်ရှင်းပြ

မန်ချက်စတာယူနိုက်တက်ရဲ့လက်ရှိကြားနေရတဲ့ သတင်းတွေနဲ့ အသင်းဟောင်းရဲ့အပြောင်းအရွှေ့ကို ရွန်းနီတယောက် ရတတ်မအေးပါဘူး။ ဆန်ချိုကိုကမ်းလှမ်းချက်တွေအကြိမ်ကြိမ်ပယ်ချခံရတဲ့အပြင် ဒေါ့မွန်ရဲ့ ခေါင်းမာနေတဲ့အချက်က အပြောင်းအရွှေ့မဖြစ်ဖို့ရာခိုင်နှုန်းများသွားပါပြီ။ ဒီအနေအထားကို ရွန်းနီက အိတ်ဖွင့်ပေးစာ သဘောမျိုး သူတတ်နိုင်တဲ့အနေအထားကနေ ဆိုးလ်ရှားကိုအကြုံပြုလိုက်ပါတယ်။

သူရေးနေကျ ကော်လံဖြစ်တဲ့ Times column မှာ ဆန်ချိုကို မရမကကြိုးပမ်းရင်း ပိုက်ဆံသန်း (၁၀၀)လောက်သုံးမှရမယ့် ယူနိုက်တက်နဲ့ ဆိုးလ်ရှားကိုအခုလိုရေးသားခဲ့ပါတယ်။ ” ဂျေဒင်ဆန်ချိုက ထိပ်တန်းကစားသမားတယောက်ပါ။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ဦးစားပေးပစ်မှတ်နဲ့ပတ်သက်လို့ ကျွန်တော့်မှာ မတူညီတဲ့ အမြင်တွေကို ရှာတွေထားပါတယ်။ ”

” ကိုယ့်မှာရှိပြီးသား အရည်အချင်းတွေနဲ့ ကစားသမားတယောက်အတွက် ပေါင်သန်း (၁၀၀)လောက်ပေးဖို့ ဘာလို့စဉ်းစားနေလဲဆိုတာကိုပါ။ ယူနိုက်တက်မှာ မားကပ်ရက်ရှ်ဖို့နဲ့ အန်တိုနီမာရှယ်ရှိတယ်။ ဂျေဒင်ဆန်ချိုသာ ရောက်လာမယ်ဆိုရင် မေဆင်ဂရင်းဝုဒ်ကို ဘယ်နားသွားထားမှာလဲ၊ ဂရင်းဝုဒ်ကလည်း အဲဒီနေရာမှာကစားတာပါပဲ အသက်ကလည်း တူတူပဲလေ’

” ကျွန်တော်သာဆိုရင် အဲဒီပေါင်သန်း (၁၀၀)ကို ဟယ်ရီကိန်းကို မြုပ်နှံ့ဖို့ကိုပဲလုပ်မှာပါ။ ဟုတ်ပါတယ်။ ဟယ်ရီကိန်းကို တော့တင်ဟမ်လိုအသင်းကဆွဲထုတ်ဖို့ဆိုတာလည်း ခက်ခဲလွန်းပါတယ်။ ဒါပေမဲ့ ယူနိုက်တက်ဆိုတာကလည်း တကယ်ကောင်းလွန်းပါတယ်ဆိုတဲ့ ကစားသမားတွေကို စာချုပ်ဖို့ အမြဲလိုလို အားစိုက်ထုတ်နိုင်တဲ့အသင်းတစ်သင်းပါ။ ဟယ်ရီကိန်းဆိုတာလည်း ဆိုးလ်ရှားအမှန်တကယ်လိုအပ်နေတဲ့ ကစားသမားပါ’

” အာလင်ဟာလန်းလိုပေါ့၊ ပြီးခဲ့တဲ့နှစ်က ယူနိုက်တက်မခေါ်နိုင်ခဲ့တဲ့ ကစားသမားလို နံပါတ် (၉)ကစားသမားလိုနေတယ်။ ” ကိန်း၊ ဟာလန်း၊ ဒါမှမဟုတ် လီဝမ်ဒေါစကီးလို တယောက်ယောက်လာရင် ရက်ရှ်ဖို့နဲ့ မာရှယ်ကို ပြိုင်ဆိုင်ဖို့ဖြစ်လာစေမယ်။ မတူညီတဲ့ ဧရိယာတွေထဲကို နေရာလွတ်ရဖို့ ရှာဖွေစေမယ်။ ဘောလုံးကိုင်ပြီး၊ တဖက်ကစားသမားတွေကို အနိုင်ကန်ဖို့လုပ်မယ်။ ဂိုးသွင်းကိုသွင်းရမယ်ဆိုတဲ့ တာဝန်မရှိဘဲနဲ့လေ”

” ယူနိုက်တက်မှာ သေချာတဲ့ နံပါတ် ၉ တယောက်သာရှိခဲ့မယ်ဆိုရင် ဆိုးလ်ရှားအတွက် ပိုကောင်းလာမှာပါ။ ဘာလို့လဲဆိုတော့ သူက ကစားသမားတွေကို သင်ပေးနိုင်တယ်။ ကျွန်တော် နစ္စတယ်ရွိုင်းဆီကနေ သင်ခဲ့သလိုပဲ။ နံပါတ် ၉ နေရာနဲ့ပတ်သက်လို့ ကစားလို့ရတဲ့နည်းလမ်းတွေအများကြီးရှိပါတယ်။ လီဗာပူးဆိုရင်လည်း ဖာမီနိုကို ဖော့စ်နိုင်းအနေနဲ့ ထားကစားတာပဲလေ ‘

” ဘရူနို ဖာနန်ဒက်ကို ထိပ်မှာထားတဲ့ ဒိုင်းမွန်းကွက်နဲ့ ကွင်းလယ်ကို အသုံးပြုတာကလည်း ဆိုးလ်ရှားအတွက်အဖြေဖြစ်လာဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ မာရှယ်နဲ့ ရက်ရှ်ဖို့ကို တောင်ပံတွေမှာထားပြီးတော့ပေါ့။ သူတို့အမြန်နှုန်းတွေကိုသုံးပြီး၊ ဆာလား၊ မာနေးတို့လို သုံးရင် ကျေနပ်မိမှာပါ’ လို့ ရေးသားခဲ့ပါတယ်။ ရွန်းနီရဲ့အကြုံပြုချက်ကို ဆိုးလ်ရှားရသွားခဲ့ပြီလို့ဆိုရမှာလားမသိပေမဲ့ ဒီကနေ့မှာပဲ သတင်းကအတည်ပြုမယ့်အရာရှိနေပါတယ်။

ကာဗာနီကို အလွတ်စာချုပ်နဲ့နှစ်နှစ်ခေါ်မှာဖြစ်ပါတယ်။ နံပါတ် ၉ နေရာမှာ အတော်လေးခြေစွမ်းပြခဲ့တဲ့ အတွေ့အကြုံရှိကစားသမားကြောင့် ယူနိုက်တက်ရဲ့တိုက်စစ်မှာ ရွန်းနီပြောသလိုဖြစ်လာတော့မှာပါ။ ဂျေဒင်ဆန်ချိုကစားမယ့် ညာတောင်ပံကို ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်၊ ဂျိမ်းတို့ထဲက ဘယ်သူ့ကိုတာဝန်ပေးမလဲနဲ့ ကာဗာနီကြောင့် ယူနိုက်တက်ရဲ့တိုက်စစ်ပြောင်းလဲသွားခဲ့ရင် ရွန်းနီရဲ့အကြံပေချက်ဟာ (၁၀၀)ရာခိုင်နှုန်းအလုပ်ဖြစ်မှာအသေအချာပါပဲ။

Thu Yay – MMUN

Add a Comment

Your email address will not be published. Required fields are marked *