ပေါက်ကွဲမှုကြောင့် (၁၆၅)ပေလောက်နက်တဲ့ကျင်းပေါက်ကြီးတခု ဖြစ်ပေါ်

ပြင်းထန်လွန်းတဲ့ပေါက်ကွဲမှုတစ်ခုကြောင့် ဖြစ်လာတယ်လို့ ယူဆရတဲ့ ကျင်းပေါက်အကြီးကြီးတစ်ခုကို အာတိတ်စက်ဝိုင်းအတွင်း အမှတ်မထင်ရှာတွေ့ခဲ့ပါတယ်။ မြောအောက်ကို (၁၆၅)ပေအထိ နက်သွားစေတဲ့ပေါက်ကွဲအားကြောင့် မီသိန်းဓာတ်ငွေ့ကြောင့်လို့ လတ်တလောမှာယူဆထားပါတယ်။ ရုပ်သံရိုက်ကူးရေးဝန်ထမ်းတဦးက အမှတ်မထင်ရှာတွေ့ခဲ့တဲ့ အဆိုပါကျင်းနက်ကြီးဟာ ရုရှားပိုင်နက်အတွင်းမှာပါ။

အာတိတ်စက်ဝိုင်းအတွင်းကျရောက်နေတဲ့ ဒေသဖြစ်တဲ့ ရာမယ်ပင်နယ်ဆူလာကျွန်းဆွယ်အနားကနေ ရိုက်ကူးရေးဝန်ထမ်းတဦးက အပေါ်ကဖြတ်ပျံချိန်မှာ ကျင်းပေါက်ကြီးကို မတော်တဆတွေ့ခဲ့ပါတယ်။ အေးခဲနေတဲ့ မြေသားတွေနဲ့ ရေခဲတွေ မီတာလောက်ဖုံးလွှမ်းနေတဲ့ ဒေသအပိုင်းကိုဝင်ရောက်ရတာဖြစ်တဲ့အတွက် အခုလိုကျင်းပေါက်ကြီးကို တွေ့မယ်လို့ မမျှော်လင့်ခဲ့ပါဘူး။

ကျင်းကြီးက မြေအောက်ကို (၁၆၅)ပေအထိနက်တဲ့အတွက် သဘာဝအလျှောက်ဖြစ်ပေါ်လာတဲ့ ကျင်းပေါက်အဖြစ်သတ်မှတ်နိုင်ခဲ့ပါတယ်။ အခုလိုကျင်းပေါက်ကြီးကို (၁၇)ခုမြောက်အဖြစ် နောက်ဆုံး (၆)နှစ်အတွင်းတွေ့ခဲ့တာဖြစ်ပြီး၊ ဖြစ်လာတာဟာ ရာသီဥတုပြောင်းလဲမှုကြောင့်လို့ ယေဘုယျသတ်မှတ်ထားပါတယ်။ မီသိန်းဓာတ်ငွေ့ပေါက်ကွဲမှုအဖြစ်ပါ။

ကောလာဟလတွေမှာတော့ ဂြိုဟ်သားတွေဖန်တီးခဲ့တာဒါမှမဟုတ် ကရင်မလင်ကနေ ဒုံးကျည်တွေစမ်းသပ်တာလို့ သတင်းထွက်နေပါတယ်။ မဖြစ်နိုင်တာက ကျင်းပေါက်တွေဟာ အေးခဲနေတာ နှစ်ထောင်နဲ့ချီနေပြီဖြစ်တာကြောင့်ပါ။ ဒါကြောင့် မြေကြီးထဲကနေ ပိတ်မိခံထားရသလိုဖြစ်နေတဲ့ မီးသိန်းတွေကန်ထွက်တာလို့သတ်မှတ်ထားတာဖြစ်ပါတယ်။ Vesti Yamal TV ကအဆိုပါ ကျင်းတွေကို သီးသန့်ရှာဖွေတင်ဆက်နေတာပါ။

၁၇ ခုအထိတွေ့ထားပေမဲ့ အခုတခေါက်တွေ့ခဲမှုဟာ မှတ်တမ်းတင်ဖူးသမျှထဲအကြီးဆုံးဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အခုလိုကျင်းပေါက်ကြီးတွေမှာ သိပ္ပံရှာဖွေတွေ့ရှိချက်တွေအများကြီးလေ့လာလို့ရနေတဲ့အတွက် ပိတ်ထားဖို့တော့မရှိဘူးလို့ဖြေဆိုထားပါတယ်။ ဒါပေမဲ့ အခုလိုပေါက်ကွဲမှုကြောင့် ငလျင်အကြီးကြီးတွေအထိ ဖြစ်စေမယ်ဆိုတဲ့အချက်ကိုတော့ ငြင်းဆိုထားပါတယ်။

Thu Yay – AwesomeMyanmar

Add a Comment

Your email address will not be published. Required fields are marked *