ကုိရိုနာရွိတဲ့သူေတြကိုပဲ လည္ပတ္ခြင့္ေပးဖို႔ စီစဥ္ထားတဲ့ကၽြန္းေလး
|ကိုဗစ္ေၾကာင့္ ခရီးမသြားရဖို႔ ကန္႔သတ္ထားတဲ့ကိစၥေတြျဖစ္ေနခ်ိန္မွာ ဒီကၽြန္းေလးရဲ႕စိတ္ကူးကေတာ့ အဆန္းပါပဲ။ ကိုရိုနာကူးစက္ခံထားရတဲ့ လူနာေတြကိုပဲ သီးသန္႔ အပန္းေျဖလို႔ရေအာင္စီစဥ္ေပးမွာျဖစ္ျပီး၊ လာလည္တဲ့သူေတြအားလံုးကို တသားတည္းျဖစ္ေနေအာင္လို႔ပါ။ သူ႕ရဲ႕ရည္ရြယ္ခ်က္ကေတာ့ အေတာ္ေလးကိုစိတ္ကူးေကာင္းတယ္ဆိုရပါမယ္။
သူကဘရာဇီးလ္မွာရွိတဲ့ေနရာတစ္ခုကပါ။ အရင္က ခရီးသြားေတြကိုအျမဲလိုလို ဆြဲေဆာင္ႏိုင္တဲ့ေနရာျဖစ္ေပမဲ့ ကိုဗစ္ေၾကာင့္ပိတ္ထားရပါတယ္။ အသြားအလာကန္႔သတ္ထားတဲ့အတြက္ ခရီးသြားေတြျပန္ရွိလာဖို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ဘရာဇီးလ္ႏုိင္ငံမွာ ကိုဗစ္ကူးစက္ႏႈန္းကျမင့္ေနျပီး၊ အမ်ားစုက ကူးစက္ခံထားရတဲ့အေပၚ ကမ္းေျခကို ျပန္ဖြင့္ဖို႔ စီစဥ္လိုက္ပါတယ္။
ကိုရိုနာကူးစက္ခံထားရရင္ ကမ္းေျခမွာ အပန္းေျဖႏုိင္မွာျဖစ္ပါတယ္။ ဗိုင္းရပ္စစ္ေဆးမႈခံယူရမွာျဖစ္ျပီး၊ ကူးစက္ထားတယ္လို႔အတည္ျပဳထားတဲ့ လူနာေတြကိုအစိုးရနဲ႔ပူးေပါင္းကာ အပန္းေျဖဖို႔စီစဥ္ေပးမွာပါ။ Guilherme Rocha လို႔ ေခၚတဲ့ ကမ္းရိုးတန္းဟာ ကမ္းေျခကိုလာမယ့္ ခရီးသြားေတြကို အခုလိုမ်ိဳး အစီအစဥ္အဆန္းနဲ႔စီစဥ္လိုက္တာက တမိ်ဳးထူးသြားပါတယ္။
ကူးစက္ခံထားရသူေတြပဲ လာတဲ့အတြက္ ပိုးကူးမွာကို သီးသန္႔စိုးရိမ္စရာမလိုေတာ့ပါဘူး။ ကမ္းေျခမွာ ခရီးသြားေပါင္း ၃၅၀၀ အထိ ၀န္ေဆာင္မႈေပးႏုိင္မယ့္ အခန္းေတြစီစဥ္ထားေပးျပီး၊ ပိုးေတြ႕လူနာေတြဟာ သီးသန္႔ကမာၻမွာ ေပ်ာ္ႏုိင္ေတာ့မွာျဖစ္ပါတယ္။ ၾသဂုတ္လ ၂၅ ရက္ေန႔ကစျပီး ကမ္းေျခကိုအခုလိုျပန္ဖြင့္လိုက္ျပီျဖစ္တဲ့အတြက္ ခရီးသြားေတြဟာ ေအးေဆးေပ်ာ္လို႔ရေတာ့မွာအမွန္ပါပဲ။
Thu Yay – AwesomeMyanmar
Unicode
ကိုဗစ်ကြောင့် ခရီးမသွားရဖို့ ကန့်သတ်ထားတဲ့ကိစ္စတွေဖြစ်နေချိန်မှာ ဒီကျွန်းလေးရဲ့စိတ်ကူးကတော့ အဆန်းပါပဲ။ ကိုရိုနာကူးစက်ခံထားရတဲ့ လူနာတွေကိုပဲ သီးသန့် အပန်းဖြေလို့ရအောင်စီစဉ်ပေးမှာဖြစ်ပြီး၊ လာလည်တဲ့သူတွေအားလုံးကို တသားတည်းဖြစ်နေအောင်လို့ပါ။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ အတော်လေးကိုစိတ်ကူးကောင်းတယ်ဆိုရပါမယ်။
သူကဘရာဇီးလ်မှာရှိတဲ့နေရာတစ်ခုကပါ။ အရင်က ခရီးသွားတွေကိုအမြဲလိုလို ဆွဲဆောင်နိုင်တဲ့နေရာဖြစ်ပေမဲ့ ကိုဗစ်ကြောင့်ပိတ်ထားရပါတယ်။ အသွားအလာကန့်သတ်ထားတဲ့အတွက် ခရီးသွားတွေပြန်ရှိလာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘရာဇီးလ်နိုင်ငံမှာ ကိုဗစ်ကူးစက်နှုန်းကမြင့်နေပြီး၊ အများစုက ကူးစက်ခံထားရတဲ့အပေါ် ကမ်းခြေကို ပြန်ဖွင့်ဖို့ စီစဉ်လိုက်ပါတယ်။
ကိုရိုနာကူးစက်ခံထားရရင် ကမ်းခြေမှာ အပန်းဖြေနိုင်မှာဖြစ်ပါတယ်။ ဗိုင်းရပ်စစ်ဆေးမှုခံယူရမှာဖြစ်ပြီး၊ ကူးစက်ထားတယ်လို့အတည်ပြုထားတဲ့ လူနာတွေကိုအစိုးရနဲ့ပူးပေါင်းကာ အပန်းဖြေဖို့စီစဉ်ပေးမှာပါ။ Guilherme Rocha လို့ ခေါ်တဲ့ ကမ်းရိုးတန်းဟာ ကမ်းခြေကိုလာမယ့် ခရီးသွားတွေကို အခုလိုမျိုး အစီအစဉ်အဆန်းနဲ့စီစဉ်လိုက်တာက တမျိုးထူးသွားပါတယ်။
ကူးစက်ခံထားရသူတွေပဲ လာတဲ့အတွက် ပိုးကူးမှာကို သီးသန့်စိုးရိမ်စရာမလိုတော့ပါဘူး။ ကမ်းခြေမှာ ခရီးသွားပေါင်း ၃၅၀၀ အထိ ဝန်ဆောင်မှုပေးနိုင်မယ့် အခန်းတွေစီစဉ်ထားပေးပြီး၊ ပိုးတွေ့လူနာတွေဟာ သီးသန့်ကမ္ဘာမှာ ပျော်နိုင်တော့မှာဖြစ်ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့ကစပြီး ကမ်းခြေကိုအခုလိုပြန်ဖွင့်လိုက်ပြီဖြစ်တဲ့အတွက် ခရီးသွားတွေဟာ အေးဆေးပျော်လို့ရတော့မှာအမှန်ပါပဲ။
Thu Yay – AwesomeMyanmar