၀န္ထမ္းေတြကို လစာအမ်ားၾကီးတုိးေပးလိုက္ကတည္းက လုပ္ငန္းသံုးဆပိုေအာင္ျမင္လာတယ္ဆိုတဲ့ အလုပ္ရွင္

အေမရိကန္စီးအီးအိုတေယာက္ျဖစ္တဲ့ ဒန္ပရိုက္စ္ဟာ သူ႔၀န္ထမ္းေတြကို လစာအဆမတန္တိုးေပးလိုက္ျပီးကတည္းက အရင္ကထက္ သံုးဆပိုေအာင္ျမင္လာတဲ့အေၾကာင္းကို တြစ္တာမွာေရးသားခဲ့ပါတယ္။ သူ႔ကိုေတာ့ ပိုင္ဆုိင္မႈရဲ႕ (၉၀)ရာခိုင္ႏႈန္းကို ၀န္ထမ္းေတြကို လစာအျဖစ္စနစ္တက်ခြဲေပးခဲ့တဲ့ အေမရိကန္လူငယ္လုပ္ငန္းရွင္အေနနဲ႔လူသိမ်ားျပီး၊ ကမာၻေက်ာ္ဟားဗက္တကၠသိုလ္ရဲ႕သင္ရိုးအေနနဲ႔ ပါ၀င္ခံေနရပါတယ္။

ဒန္ပရိုက္စ္ဟာ ျပီးခဲ့တဲ့ (၂၀၁၅)ခုႏွစ္မွာ သူ႕ကုမၸဏီမွာလုပ္တဲ့ ၀န္ထမ္းတိုင္းကို ေျခခံလစာေဒၚလာ (၇)ေသာင္းကစေပးခဲ့ပါတယ္။ ေငြေပးေခ်ေရး၀န္ေဆာင္မႈကို လုပ္ကိုင္ေနတဲ့ Gravity Payments ဆိုတဲ့ ကုမၸဏီက ၀န္ထမ္းတုိင္းဟာ ကုမၸဏီက ရွယ္ယာ၀င္သေဘာမ်ိဳးအလုပ္လုပ္ရျပီး တျခား၀န္ထမ္းေတြထက္ လစာအင္မတန္ျမင့္တဲ့ ပမာဏကိုရၾကပါတယ္။

ဒန္ပရိုက္စ္ဟာ အခုလိုလုပ္ခဲ့တဲ့အတြက္ စီးပြားေရးသေဘာတရားအရၾကည္႔မယ္ဆိုရင္ တခ်ိန္မွာ ကုမၸဏီဟာျပိဳကြဲသြားလိမ့္မယ္လို႔ အၾကီးအက်ယ္ေ၀ဖန္ခံခဲ့ရဖူးပါတယ္။ MBA သင္တန္းေတြမွာ ၀န္ထမ္းကိုလစာအဆမတန္ေပးလို႔ ကုမၸဏီပ်က္သြားရတဲ့အေၾကာင္းအေနနဲ႔ ဒန္ပရိုက္စ္ကိုနမူနာထားသင္ၾကလိမ့္မယ္လို႔ ထင္ေၾကးေပးခံခဲ့ရျပီးေနာက္ အခု (၂၀၂၀)မွာေတာ့ လံုးလံုးကို မွားယြင္းခဲ့ပါတယ္။

လုပ္ငန္းဟာ (၅)ႏွစ္အတြင္း သံုးဆၾကီးထြားလာပါတယ္။ အိမ္ပိုင္တဲ့ ၀န္ထမ္း (၁၀)ဆျမင့္တက္လာပါတယ္။ ျဖန္႔ေ၀ေရးအပိုင္းမွာ ႏွစ္ဆျဖစ္လာပါတယ္။ ၀န္ထမ္း (၇၀)ရာခိုင္ႏႈန္းဟာ လံုး၀အေၾကြးကင္းစင္ေနျပီး၊ ၀န္ထမ္းထြက္ႏႈန္းဟာ တ၀က္ေလာက္ေလ်ာ႔က်သြားပါတယ္။ အလုပ္မွာပဲ သူတို႔အခ်ိန္ရဲ႕ (၇၆)ရာခိုင္ႏႈန္းကိုကုန္ဆံုးလာသလို ႏုိင္ငံအတြက္လုပ္အားႏႈန္း ၂ ဆတက္လာတယ္လို႔တြစ္တာမွာေရးသားခဲ့ပါတယ္။

အခုေတာ့ သူနဲ႔ သူ႔ကုမၸဏီအေၾကာင္းကို ဟားဗက္တကၠသိုလ္မွာ သင္ရိုးတခုအေနနဲ႔ပါ၀င္ေနျပီျဖစ္ပါတယ္။ သူအရင္ကလစာ (၁.၁)သန္းယူေနတာကေန ၀န္ထမ္းေတြလို (၇)ေသာင္းပဲယူခဲ့သူျဖစ္ျပီး၊ (၃၆)ႏွစ္ပဲရွိေသးတဲ့ စြန္႔ဦးတီထြင္စီးပြားလုပ္ငန္းရွင္ျဖစ္ပါတယ္။ ဒန္ပရိုက္စ္က သူလုပ္ငန္းသံုးဆျဖစ္လာတာဟာ ၀န္ထမ္းေတြကို လစာအမ်ားၾကီးတိုးေပးလိုက္ခ်ိန္ကျဖစ္တယ္လို႔ဆိုတဲ့အတြက္ အေတာ္ေလးမွ ခ်ီးက်ဴးဖို႔ေကာင္းေနတဲ့ လုပ္ငန္းရွင္လို႔ဆိုရမွာပါပဲ။

Thu Yay – AwesomeMyanmar

Unicode

အမေရိကန်စီးအီးအိုတယောက်ဖြစ်တဲ့ ဒန်ပရိုက်စ်ဟာ သူ့ဝန်ထမ်းတွေကို လစာအဆမတန်တိုးပေးလိုက်ပြီးကတည်းက အရင်ကထက် သုံးဆပိုအောင်မြင်လာတဲ့အကြောင်းကို တွစ်တာမှာရေးသားခဲ့ပါတယ်။ သူ့ကိုတော့ ပိုင်ဆိုင်မှုရဲ့ (၉၀)ရာခိုင်နှုန်းကို ဝန်ထမ်းတွေကို လစာအဖြစ်စနစ်တကျခွဲပေးခဲ့တဲ့ အမေရိကန်လူငယ်လုပ်ငန်းရှင်အနေနဲ့လူသိများပြီး၊ ကမ္ဘာကျော်ဟားဗက်တက္ကသိုလ်ရဲ့သင်ရိုးအနေနဲ့ ပါဝင်ခံနေရပါတယ်။

ဒန်ပရိုက်စ်ဟာ ပြီးခဲ့တဲ့ (၂၀၁၅)ခုနှစ်မှာ သူ့ကုမ္ပဏီမှာလုပ်တဲ့ ဝန်ထမ်းတိုင်းကို ခြေခံလစာဒေါ်လာ (၇)သောင်းကစပေးခဲ့ပါတယ်။ ငွေပေးချေရေးဝန်ဆောင်မှုကို လုပ်ကိုင်နေတဲ့ Gravity Payments ဆိုတဲ့ ကုမ္ပဏီက ဝန်ထမ်းတိုင်းဟာ ကုမ္ပဏီက ရှယ်ယာဝင်သဘောမျိုးအလုပ်လုပ်ရပြီး တခြားဝန်ထမ်းတွေထက် လစာအင်မတန်မြင့်တဲ့ ပမာဏကိုရကြပါတယ်။

ဒန်ပရိုက်စ်ဟာ အခုလိုလုပ်ခဲ့တဲ့အတွက် စီးပွားရေးသဘောတရားအရကြည့်မယ်ဆိုရင် တချိန်မှာ ကုမ္ပဏီဟာပြိုကွဲသွားလိမ့်မယ်လို့ အကြီးအကျယ်ဝေဖန်ခံခဲ့ရဖူးပါတယ်။ MBA သင်တန်းတွေမှာ ဝန်ထမ်းကိုလစာအဆမတန်ပေးလို့ ကုမ္ပဏီပျက်သွားရတဲ့အကြောင်းအနေနဲ့ ဒန်ပရိုက်စ်ကိုနမူနာထားသင်ကြလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပြီးနောက် အခု (၂၀၂၀)မှာတော့ လုံးလုံးကို မှားယွင်းခဲ့ပါတယ်။

လုပ်ငန်းဟာ (၅)နှစ်အတွင်း သုံးဆကြီးထွားလာပါတယ်။ အိမ်ပိုင်တဲ့ ဝန်ထမ်း (၁၀)ဆမြင့်တက်လာပါတယ်။ ဖြန့်ဝေရေးအပိုင်းမှာ နှစ်ဆဖြစ်လာပါတယ်။ ဝန်ထမ်း (၇၀)ရာခိုင်နှုန်းဟာ လုံးဝအကြွေးကင်းစင်နေပြီး၊ ဝန်ထမ်းထွက်နှုန်းဟာ တဝက်လောက်လျော့ကျသွားပါတယ်။ အလုပ်မှာပဲ သူတို့အချိန်ရဲ့ (၇၆)ရာခိုင်နှုန်းကိုကုန်ဆုံးလာသလို နိုင်ငံအတွက်လုပ်အားနှုန်း ၂ ဆတက်လာတယ်လို့တွစ်တာမှာရေးသားခဲ့ပါတယ်။

အခုတော့ သူနဲ့ သူ့ကုမ္ပဏီအကြောင်းကို ဟားဗက်တက္ကသိုလ်မှာ သင်ရိုးတခုအနေနဲ့ပါဝင်နေပြီဖြစ်ပါတယ်။ သူအရင်ကလစာ (၁.၁)သန်းယူနေတာကနေ ဝန်ထမ်းတွေလို (၇)သောင်းပဲယူခဲ့သူဖြစ်ပြီး၊ (၃၆)နှစ်ပဲရှိသေးတဲ့ စွန့်ဦးတီထွင်စီးပွားလုပ်ငန်းရှင်ဖြစ်ပါတယ်။ ဒန်ပရိုက်စ်က သူလုပ်ငန်းသုံးဆဖြစ်လာတာဟာ ဝန်ထမ်းတွေကို လစာအများကြီးတိုးပေးလိုက်ချိန်ကဖြစ်တယ်လို့ဆိုတဲ့အတွက် အတော်လေးမှ ချီးကျူးဖို့ကောင်းနေတဲ့ လုပ်ငန်းရှင်လို့ဆိုရမှာပါပဲ။

Thu Yay – AwesomeMyanmar

Add a Comment

Your email address will not be published. Required fields are marked *