တဂိုးသွင်းနိုင်တာကို မတော်တရော်ပုံဖြစ်သွားလို့ မိန်မမြင်မှာကြောက်နေတဲ့ ကစားသမား

အောင်ပွဲခံတဲ့ စတိုင်လ်တွေ ထူးခြားတဲ့ ဘောလုံးလောကမှာ ရာအူးလ် ဘိုလာဒီလာတယောက်လည်း ပါလာခဲ့ပါတယ်။ အသင်းအတွက် တဂိုးပါဝင်ပတ်သက်နိုင်ခဲ့ချိန်မှာ အောင်ပွဲခံတဲ့စတိုင်လ်က မိမွေးတိုင်းဖမွေးတိုင်းဖြစ်မလိုအထိပုံစံ ရောက်သွားခဲ့လို့ နာမည်ကြီးနေပြီး၊ ပြစ်ဒဏ်ချမှတ်ခံရဖို့ ရှိနေတဲ့ကစားသမားအဖြစ် အားလုံးက စောင့်ကြည့်နေကြပါတယ်။

ဘိုလာဒီလာက သူ့ရဲ့ကလပ် ဂူအာရာနီနဲ့ လီဘာတက်ဒ်တို့ကစားခဲ့တဲ့ပွဲစဉ်မှာ တဂိုးသွင်းနိုင်ခဲ့ပါတယ်။ အသက် ၃၃ နှစ်သား ကစားသမားအနေနဲ့ ဒီဂိုးကို ပါရာဂွေးပရီးမီးယားလိဂ်ရဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တခုမှာ အနိုင်ဂိုးအနေနဲ့ သွင်းပေးခဲ့တာပါ။ အသင်းက (၁-၂)နဲ့ ဦးဆောင်နေချိန်၊ ၈၇ မိနစ်အရောက်မှာ ဘိုလာဒီလာတယောက် ဂိုးသွင်းခဲ့ပါတယ်။

ဂျာစီကိုချွတ်၊ အထဲက အင်္ကျီကိုချွတ်ပြီး၊ အောင်ပွဲခံဖို့ ပြေးနေချိန်မှာ မဆီမဆိုင် ဘောင်းဘီကိုပါ ဆွဲချခဲ့ပါတယ်။ မတော်တရောပုံဖြစ်သွားပြီး၊ ပါရာဂွေးလိဂ်ကနေတဆင့် ကမ္ဘာကျော် အောင်ပွဲခံတဲ့စတိုင်လ်ဖြစ်သွားပါတယ်။ ဒါပေမဲ့ တော်တော်လေးကိုမှ ကြည့်ရတဲ့ဆိုးတဲ့ အောင်ပွဲခံစတိုင်လ်ဖြစ်သွားချိန်မှာ ကစားသမားကို ထုံးစံအတိုင်း အရေးယူရဖို့ဖြစ်လာပါတယ်။

ပွဲချိန်အတွင်းမှာ ဒိုင်လူကြီးက အ၀ါကတ်ပဲပြသခဲ့ပေမဲ့ ပါရာဂွေးပရီးမီးယားလိဂ်က အခုလိုအောင်ပွဲခံပုံအနည်းငယ် ရိုင်းသွားတဲ့ ဘိုလာဒီလာကို ပွဲပယ်ပြစ်ဒဏ်အတွက် စီစဉ်နေပါပြီ။ ဒါပေမဲ့ ကစားသမားက ပြစ်ဒဏ်ကို မကြောက်ပါဘူး။ အဲဒီအစား မိန်းမမြင်မှာပဲ စိုးရိမ်နေပြီး၊ ဒီအကြောင်းကို The Sun နဲ့ အင်တာဗျူးမှာ တိုတို တုတ်တုတ်ပဲ ဖြေသွားခဲ့ပါတယ်။

” ကျွန်တော့်ရဲ့ အောင်ပွဲခံပုံကို နောင်တရမိပါတယ်။ မိန်းမမမြင်ပါစေနဲ့လို့လည်း ဆုတောင်းနေပါတယ်။ မြင်ခဲ့ရင်လည်း သူစိတ်အေးအေးထားသင့်တယ်။ အကုန်လုံးက သူ့အတွက်ပါပဲ။” ဆိုပြီး ဖြေခဲ့ပါတယ်။ ဘိုလာဒီလာတယောက် အဖွဲ့ချုပ်က ဒဏ်ရိုက်တာထက် မိန်းမမြင်မှာပိုကြောက်နေရတာက မတော်တရော်တွေပေါ်သွားလို့များလားက ကစားသမားကိုယ်တိုင်ပဲသိမှာဖြစ်ပါတယ်။

Thu Yay – ShweBa

Add a Comment

Your email address will not be published. Required fields are marked *