မန်စီးတီးမှာ အခက်အခဲကြုံနေရတဲ့အဂူရိုကို ခေါ်ယူဖို့ပြင်ဆင်ထားတဲ့ စပိန်ကလပ်
|ကွာရင်တိုင်းပြဿနာတွေကြောင့် အဂူရိုတယောက် မန်စီးတီးမှာ ပွဲထွက်ခွင့်မရဖြစ်နေပါတယ်။ နည်းပြ ပတ်ဂွါဒီယိုလာကလည်း ကစားသမားကို အသုံးမချရတော့တဲ့အပေါ် နံပါတ် ၉ မရှိတဲ့တိုက်စစ်ကို ပုံဖော်ထားပြီး၊ အနာဂတ်မှာ အဂူရိုမရှိတဲ့ အသင်းရဲ့တိုက်စစ်နဲ့အသားကျအောင်လည်း ကြိုးစားထားပါတယ်။
ဒီလိုလုပ်ထားတာက အဂူရိုနဲ့မန်စီးတီးကြားနောက်ဆုံး စာချုပ်လက်ကျန်လတွေထဲကို ရောက်နေတာကြောင့်ပါ။ ၆ လကျော်ပဲကျန်တော့တဲ့ စာချုပ်သက်တမ်းဟာ အခုထိ အဆင်မပြေသေးတဲ့အပြင် အဂူရိုကို မန်စီးတီးက စာချုပ်သစ် ကမ်းလှမ်းတာမျိုးမရှိတာကြောင့် အလွတ်ကြေးနဲ့ပဲ ထွက်ခွာရဖို့ရှိနေပါတယ်။
ဒီအနေအထားမှာ စပိန်ကလပ် ဘာစီလိုနာက ချိန်သားကိုက်လှုပ်ရှားလာပါတယ်။ မက်ဆီနဲ့အာဂျင်တီးနားမှာ အတူတကွတိုက်စစ်ပိုင်းကို တွဲကစားဖူးတဲ့ အဂူရိုကို အလွတ်ကြေးနဲ့သာရမယ်ဆိုရင် ဘာစီလိုနာကခေါ်မယ်လို့ The Sun သတင်းဌာနက ဖော်ပြလာတာပါ။
အရင် အက်သလက်တီကိုတိုက်စစ်မှူးဟောင်း အဂူရိုဟာ လက်ရှိမှာ အသက် ၃၂ နှစ်ပဲရှိသေးတဲ့အတွက် နောက်ထပ် သုံးနှစ်လောက်ဆက်ကစားနိုင်ဖို့ရှိသေးပါတယ်။ ဆွာရက်ကို အက်သလက်ကို လက်လွှတ်လိုက်တဲ့ ဘာစီလိုနာအနေနဲ့ ဘဏ္ဍာရေးကလည်း မတောင့်တင်းတဲ့အပေါ် နောက်ထပ်ကစားသမားတဦးရှာဖို့မလွယ်သေးတဲ့အတွက် အဂူရိုက အကောင်းဆုံးဖြစ်လာပါတယ်။
မန်စီးတီးနဲ့ ၃၇၉ ပွဲမှာ ၂၅၆ ဂိုးအထိသွင်းထားပြီး၊ ကလပ်အောင်မြင်မှုတွေ အများကြီးရထားတဲ့ တိုက်စစ်မှူးဟာ ဒူးဒဏ်ရာရပြီးကတည်းက ပွဲသေချာမထွက်ရသေးတာဖြစ်ပါတယ်။ စာချုပ်သက်တမ်းလည်းမတိုးတော့တဲ့အတွက် ဘာစီလိုနာတို့ တကယ်ပဲခေါ်သွားနိုင်မလားက စိတ်ဝင်စားဖို့ကောင်းလာပါတယ်။
Thu Yay – ShweBa