ယူနိုက်တက် နံနက်ခင်းသတင်းတိုများ (၇.၁၀.၂၀၂၀)
|အသင်းနဲ့အတူ တနှစ်စာချုပ်ချုပ်ဆိုထားတဲ့ တိုက်စစ်မှူး ကာဗာနီကို ကျောနံပါတ် (၇)ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ဆန်းချက်နောက်ပိုင်း ၀တ်ဆင်သူမဲ့နေတဲ့ ကျောနံပါတ် (၇)ကို ပထမဆုံးအကြိမ်ပြန်ဝတ်ဆင်မှုဖြစ်ပြီး၊ ယူနိုက်တက်ရဲ့ ကျောနံပါတ် (၇)ကျိန်စာကို အကောင်းဆုံးဖြေရှင်းပေးဖို့ ၀တ်ဆင်လိုက်ပြီလို့ ယူဆရပါတယ်။
မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒေါ့မွန်က ဂျေဒင်ဆန်ချိုကို လက်လွှတ်ခဲ့ရတဲ့အကြောင်းရင်းမှာ ပြောင်းရွှေ့ကြေးတင်မဟုတ်ဘဲ လစာနဲ့ အေ့ဂျင့်ခတွေကြောင့်ပါ ပါတယ်လို့ သိရပါတယ်။ ဒီအနေအထားက မတန်တဆထိကိုမြင့်တက်သွားစေပြီး၊ ယူနိုက်တက်ရဲ့ ဘဏ္ဍာရေးအခက်အခဲကိုပါ အများကြီးထိခိုက်လာစေတယ်လို့သိရပါတယ်။
ဝက်ဖို့ဒ်အသင်းအနေနဲ့ အစ္စမေလာရ် ဆားကို အငှားခေါ်ဖို့ကြိုးစားနေတဲ့ ယူနိုက်တက်ကို အပြီးသတ်ဆိုရင် ချက်ချင်းရောင်းချပေးမယ်လို့ သဘောတူထားတယ်သိရပါတယ်။ ဒါကြောင့် ချန်ပီယံရှစ်နဲ့ အပြောင်းအရွှေ့လုပ်လို့ရနေဆဲအနေအထားမှာ ဆားရ်ကိုခေါ်ယူဖို့ ဖြစ်လာနိုင်သေးပြီး၊ ယူနိုက်တက်တို့ ပိုက်ဆံထုတ်လိုက်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ကတော့ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေဆဲလို့သိရပါတယ်။ အောက်တိုဘာ (၂၅)အထိ ပေါ်တူဂီလိဂ်က အပြောင်းအရွှေ့ဖွင့်နေသေးတဲ့အတွက် လင်ဂတ်ကို ပေါ်တိုကနေ တရာသီအငှားနဲ့ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ESPN ကဖော်ပြလိုက်ပါတယ်။
စပါးနဲ့ပွဲအပြီးမှာ နောက်ခံလူ နှစ်ယောက်ဖြစ်တဲ့ လုခ်ရှောနဲ့ မက်ဂွဲယားဟာ ဒီဂီယာရဲ့ပွဲချိန်တွင်း အော်ဟစ်သတိပေးချက်တွေကို နားမထောင်ခဲ့ဘူးလို့ သတင်းထွက်လာပါတယ်။ ဂိုးသမားက နေရာလွတ်ရှိနေတာကို ၀င်ဖို့ပြောနေချိန်မှာ လုခ်ရှောအနေနဲ့ နားမထောင်တာမျိုးလုပ်ခဲ့ပြီး၊ ယူနိုက်တက်ရဲ့ လေးဂိုးမြောက်ဂိုးကိုပေးခဲ့ရတယ်လို့ သတင်းဌာနတွေက ဖော်ပြလိုက်ပါတယ်။
Thu Yay – MMUN