ယူနိုက်တက် နံနက်ခင်းသတင်းတိုများ (၄.၁၂.၂၀၂၀)
|တိုက်စစ်ပိုင်းမှာ အရေးကြီးပွဲစဉ်တွေအတွက် ဂိုးသွင်းမှုတွေ မလုပ်နိုင်တဲ့ မာရှယ်ကြောင့် ယူနိုက်တက်ရဲ့ ထရန်စဖာပစ်မှတ်ဟာ ဗဟိုတိုက်စစ်မှူး တဦးကို အဓိကထားပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။ ဒေါ့မွန်က အာလင်ဟာလန်းကို လိုချင်နေပြီး၊ တိုက်စစ်မှာ အဆုံးသတ်သေချာတဲ့ ဗဟိုတိုက်စစ်မှူးကို ရှာဖွေသွားဖို့ရှိနေတယ်လို့ ဆိုပါတယ်။
ကွင်းလယ်မှာ နေရာစုံကစားနေရတဲ့ ဗန်ဒီဘိခ်ကတော့ သူ့အနေနဲ့ အသင်းရဲ့ဘယ်နေရာမှာပဲ ကစားရပါစေလုံးဝစိတ်မဆိုးဘူးလို့ ၀န်ခံပြောကြားလိုက်ပါတယ်။ အေဂျက်မှာ တိုက်စစ်ပိုင်းအဓိက ထားဆော့ခဲ့ရတဲ့ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်မှာ Deep Lying Midfielder လိုမျိုး ခံစစ်ကနေ ဘောလုံးလက်ခံယူရတဲ့အထိ ကစားပေးနေတာဖြစ်ပါတယ်။
ဆိုးလ်ရှားရဲ့အနာဂတ်ကို ဆက်သွားဖို့ တာဝန်ရှိသူတွေအနေနဲ့ ရလဒ်ကောင်းတွေ ဆက်ရနေမှ စာချုပ်သစ်စဉ်းစားမှာဖြစ်တယ်လို့ အတွင်းသတင်းထွက်လာပါတယ်။ လက်ရှိမှာ ဒီဇင်ဘာပွဲကြပ်၊ ချန်ပီယံလိဂ် (၁၆)သင်းတက်မတက်ဆိုတဲ့ ရလဒ်ကောင်းတွေကို စောင့်ကြည့်နေတယ်လို့ MEN ရဲ့ ဖော်ပြချက်အရသိရပါတယ်။
အနီကတ်ပြခံရအပြီး၊ ပရိသတ်တွေရဲ့ ဝေဖန်မှုခံနေရတဲ့ ဖရက်ဒ်ကတော့ သူ့ရဲ့အင်စတာဂရမ်မှာ အခုလိုစာသားတင်ထားခဲ့ပါတယ်။ ” အကောင်းဆုံးညတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံးတွေအတွက် ဆက်ကြိုးစားသွားမှာပါ။ အမြဲတမ်းမာကျောတဲ့ စိတ်ဓာတ်တွေနဲ့ ငါတိုဟာ့ ယူနိုက်တက်ပဲ ” ဆိုတဲ့ စာသားကိုတင်ထားခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ဇန်န၀ါရီပစ်မှတ်ထားလိုက်နေတဲ့ ကစားသမားစာရင်းမှာ မိုချင်ဂလာဘတ်အသင်းက ကွင်းလယ်လူ ဒင်းနစ် ဇာကာရီယာကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ကွင်းလယ်ခံစစ်ဆော့တဲ့ ဇာကာရီယာဟာ လက်ရှိယူနိုက်တက်သွားနေတဲ့ လမ်းကြောင်းမှာ မာတစ်အလွန်ယူနိုက်တက် ကစားသမားဖြစ်လာဖို့အတွက် အသင်းတာဝန်ရှိသူတွေက စောင့်ကြည့်နေပါတယ်။
Thu Yay – MMUN