နောက်တန်းပုံစံကောင်းတွေရနေပြီလို့ ပြိုင်ဘက်တွေကိုသတိပေးလိုက်ရင်း နောက်ခံလူတဦးကိုအထူးချီးကျူးခဲ့တဲ့ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်ရဲ့ပြိုင်ဘက်တွေကို ဆိုးလ်ရှားတယောက် သတိပေးလိုက်ပါတယ်။ အသင်းရဲ့ နောက်တန်းပုံစံရခဲ့ပြီလို့ ပီအက်စ်ဂျီကို (၂-၁)နဲ့အနိုင်ရချိန်မှာ ဖွင့်ဟလိုက်ပြီး၊ ယူနိုက်တက်ခံစစ်နဲ့ပတ်သက်လို့ ကျေနပ်နေခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ပေးဂိုးတွေများခဲ့တဲ့ခံစစ်မဟုတ်တော့ဘဲ အသင်းရဲ့နိုင်ပွဲအထိဖော်ဆောင်နိုင်တဲ့ နောက်တန်းဖြစ်လာချိန်မှာတော့ ဆိုးလ်ရှားရဲ့စကားလုံးတွေက အင်တာဗျူးမှာချိုမြိန်နေခဲ့ပါတယ်။

” ကျွန်တော်ကောင်လေးတွေက ကစားနိုင်တယ်။ သူတို့အဲဒါကိုလည်း နှစ်သက်ကြတယ်။ စိတ်နေစိတ်ထား၊ လုပ်အားနှုန်း၊ အသင်းစိတ်ထားတွေလုံးဝ ကောင်းမွန်နေတာကို ခင်ဗျားတို့သတိထားမိမှာပါ။ အင်တာနေရှင်နယ်ပွဲတွေကနေ ပြန်လာပြီးနောက်ပိုင်းကတည်းကပေါ့။ အဲဒါတကယ်ကိုကောင်းပါတယ်။ ကျွန်တော်အခုအချိန်မှာ သူတို့အတွက် ပျော်ရွှင်နေမိတယ်ဗျာ’

” ကျွန်တော်တို့ကစားနေတဲ့ပုံစံအတိုင်းဆိုရင် ဖြစ်နိုင်ခြေနည်းနည်းပဲရှိခဲ့တာကို ကျွန်တော်သိခဲ့ပါတယ်။ ဟုတ်တယ်လေ ပြိုင်ဘက်ကိုလည်းကြည့်ရမယ်၊ ဘယ်လိုကစားချင်လဲဆိုတာကလည်းရှိသေးတယ်။ ကျွန်တော်အခုခံစားမိနေတာက လိုချင်တဲ့အတိုင်း မှန်အောင်ကစားနိုင်ခဲ့တယ်။ အခုနိုင်ပွဲအတွက် ကစားသမားတွေအားလုံးကို မူပိုင်ပေးပါတယ်ဗျာ။’

” ကျွန်တော်တို့က ဒီပွဲကို ပွဲအစပိုင်းမှာ ဖြစ်လာနိုင်တဲ့အနေအထားနဲ့ ပြီးခဲ့တဲ့နှစ်ရဲ့ နောက်ဆုံးရာသီကာလမှာ ဥရောပမှာ ကစားခဲ့တဲ့အသင်းတွေအဖြစ် ကျွန်တော်တို့နားလည်ခဲ့ကြတယ်။ ပွဲကိုကစားနိုင်ဖို့ဆိုရင် အချိန်နည်းနည်း ယူကိုယူရမယ်။ ဒါပေမဲ့ ကျိန်းသေတာကတော့ ကျွန်တော်တို့နောက်တန်းပုံစံကောင်းကိုရခဲ့ပါတယ်။ ‘ လို့ စကိုင်းစပေါ့နဲ့ အင်တာဗျူးမှာ ကစားသမားတွေကအဓိကကျပြီး၊ လိုချင်တဲ့နောက်တန်းကိုကစားနိုင်ခဲ့တာကိုဖွင့်ဟခဲ့ပါတယ်။

ဆက်ပြီးတော့ တူအမ်ဇီဘီနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။ ” အေဇယ်လုပ်ပြခဲ့တဲ့အတိုင်း ကစားတာကိုမြင်ရတာ သူ့ဆီကနေ မယုံနိုင်စရာကောင်းလောက်တဲ့ခြေစွမ်းမျိုးပါပဲ။ သူ့အနေနဲ့ အပတ်နည်းနည်းပဲထရိန်းရပါသေးတယ်။ ပြီးတော့ ဒီပွဲမှာ သူ့ကိုလုံးဝမီးမောင်းထိုးပြရမှာပါ။ သူ့ရဲ့ပွဲထွက်မှာမြင်နိုင်တာက သူကျွန်တော်တို့ကို ဘာတွေပေးနိုင်လဲဆိုတာမျိုးပါပဲ”

” သူဆောင်ယူလာနိုင်တာတွေက တကယ်ကောင်းတယ်။ ဆက်ပြီး ကွင်းလယ်မှဆိုရင် ဖရက်နဲ့တိုမီနေး၊ သူတို့ကိုမရွေးဘဲမနေရလောက်အောင် ကျွန်တော့်အတွက်ခက်ခဲနေပြီ။ ဘာလို့လဲဆိုတော့ တယောက်ချင်းစီတိုင်းက ဒီပွဲမှာသူတို့အပိုင်းကို ကိုယ်စီကစားသွားလို့ပဲ။ အေဇယ်ကတော့ လုံးဝစကေးရှိတဲ့နောက်ခံလူတယောက်ပါ။ ခေါင်းတောင်ဘောကောင်းတဲ့သူတယောက်။’

” သူက အကယ်ဒမီက လာတယ်။ ကျွန်တော်တို့အတွက် ထိပ်တန်းကစားသမားတယောက်ဖြစ်လာမယ်ဆိုတာကို ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ်တွေကတည်းကသိခဲ့တယ်။ သူ့မှာ ပုံစံကောင်းတွေရှိနေတယ်။ ပြီးတော့ မန်ယူနိုက်တက် ကစားသမားတဦးမှာ ရှိသင့်တဲ့လက္ခဏာကောင်းတွေရှိနေပါပြီ’ လို့ ချီးကျူးခဲ့ပါတယ်။ တကယ်လည်း တူအမ်ဇီဘီဟာ (၂၀၁၉)ခုနှစ်လောက်ကတည်းက ယူနိုက်တက်အတွက်ပွဲထွက်တပွဲမှ မရှိခဲ့ဖူးဘဲ ချန်ပီယံလိဂ်အုပ်စုကိုတန်းကစားခဲ့တာဖြစ်ပါတယ်။

Thu Yay – MMUN

Add a Comment

Your email address will not be published. Required fields are marked *