ယူနိုက်တက် နံနက်ခင်း အားကစားသတင်းတိုများ (၃.၁၂.၂၀၂၀)
|ပီအက်စ်ဂျီ အိမ်ကွင်းမှာ ရင်ဆိုင်လက်ခံကစားခဲ့တဲ့ ယူနိုက်တက်ကတော့ (၁-၃)ရလဒ်နဲ့အတူ ရှုံးနိမ့်ခဲ့ပါတယ်။ ကစားကွက်နဲ့ စိတ်ဓာတ်ပိုင်းကောင်းမွန်ခဲ့ပေမဲ့ တိုက်စစ်ပိုင်းက မာရှယ် အဆုံးသတ်လွဲချော်မှု၊ ဖရက်ဒ် အနီကတ်ပြထုတ်ခံရမှုတွေကြောင့် ဂိုးပြတ်ရှုံးပွဲတပွဲကို ကြုံတွေ့ခဲ့ရပါတယ်။
ယူနိုက်တက် ပရိသတ်တွေ မျှော်လင့်ထားခဲ့သလိုမျိုး ဗန်ဒီဘိခ်ကို ပွဲထွက်မကစားခဲ့တာက အသင်းမှာ ပွဲပန်းနေတာကြောင့်လို့ ဆိုးလ်ရှားက ဖြေကြားခဲ့ပါတယ်။ ဒဏ်ရာက သက်သာလာတဲ့ တိုမီနေးကို ဒါကြောင့် အသုံးပြုခဲ့တာဖြစ်ပြီး၊ အသင်းကောင်းတသင်းကို ရင်ဆိုင်ခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။
ဖရက်ဒ်ကို အနီကတ်ပြခဲ့တဲ့ ဖြစ်စဉ်မှာ VAR ကြည့်ပြီးမှ အနီကတ်ပြသင့်မသင့်ပေါ် ဆုံးဖြတ်ရမှာမှန်ပေမဲ့ မကြည့်ခဲ့တဲ့အပေါ် ဖာဒီနန်နဲ့ ပေါလ်စခိုးက ဒိုင်လုပ်ရပ်မှားယွင်းခဲ့တယ်လို့ ဝေဖန်ထောက်ပြလိုက်ပါတယ်။
အသင်းခေါင်းဆောင် မက်ဂွဲယားကတော့ ဖရက်ဒ်ရဲ့ အနီကတ်ပြစ်ဒဏ်အတွက် ပထမပိုင်းမှာ အ၀ါကတ်ထိထားတာမှန်ပေမဲ့ ဒုတိယပိုင်းမှာ ပြသခံခဲ့ရတဲ့ အ၀ါကတ်ဟာ ဖရက်ဒ်အမှားမဟုတ်ဘူးလို့ အသင်းဖော်ဖက်က ကာကွယ်ပြောကြားခဲ့ပါတယ်။
မှတ်တမ်းတခုအနေနဲ့ ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ်မှာ အနီကတ်ပြခံရတဲ့ နောက်ဆုံးဖြစ်စဉ်နှစ်ခုဟာ ပီအက်စ်ဂျီကို အိမ်ကွင်းမှာ လက်ခံကစားရတဲ့ နှစ်ပွဲလုံးမှာဖြစ်ပါတယ်။ (၂၀၁၉)ချန်ပီယံလိဂ် ယူနိုက်တက်အိမ်ကွင်ဒင်းကို ပီအက်စ်ဂျီလာကန်တုန်းက ပေါ့ဘာအနီကတ်နဲ့ အခုတခေါက်မှာ ဖရက်ဒ်အနီကတ် ဖြစ်ပါတယ်။
Thu Yay – MMUN