အသက္ရႈမယ့္ေလကို အလိုအေလ်ာက္သန္႔စင္ေပးမယ့္ LG ႏွာေခါင္းစည္း

ကမာၻ႕ေစ်းကြက္ကို အီလက္ထေရာနစ္ပစၥည္းေတြနဲ႔ ေစ်းကြက္မွာ ေအာင္ျမင္မႈရထားတဲ့ ေတာင္ကိုရီးယားနည္းပညာကုမၸဏီ LG က မၾကာခင္မွာ ႏွာေခါင္းစည္းထုတ္လုပ္ေရာင္းခ်လာဖို႔ရွိေနပါတယ္။ ဘတၳရီအားသြင္းလို႔ရတဲ့စနစ္နဲ႔အတူ ေလကိုပါသန္႔စင္ေပးမယ့္ နည္းပညာႏွာေခါင္းစည္းကို ပံုမွန္ႏွာေခါင္းစည္းေတြေနရာမွာအစားထိုးလာဖို႔ရည္ရြယ္ခ်က္နဲ႔ပါ။

ကိုဗစ္ကပ္ေရာဂါကာလျဖစ္လာခ်ိန္မွာ လူသားေတြအတြက္ ေလသန္႔စင္မႈက အေရးပါလာတဲ့အခ်က္ျဖစ္ခဲ့ပါတယ္။ LG အေနနဲ႔ ထုတ္ကုန္အသစ္အတြက္ အၾကံဥာဏ္ရခဲ့ခ်ိန္မွာ ဘတၳရီအားသြင္းျပီး၊ ေလကိုသန္႔စင္ေပးမယ့္ နည္းပညာႏွာေခါင္းစည္းကို စတင္ဖန္တီးခဲ့ပါတယ္။ အခ်ိန္အတုိင္းအတာတစ္ခုၾကာခ်ိန္မွာေတာ့ ႏွာေခါင္းစည္းကို ေအာင္ျမင္စြာ တီထြင္ႏိုင္ခဲ့ပါျပီ။

ေလထုထဲကေန ရႈသြင္းမယ့္ေအာက္ဆီဂ်င္ကိုသန္႔စင္တဲ့ ေလအေနအထားထိေရာက္ေအာင္ ႏွာေခါင္းစည္းကလုပ္ေဆာင္ေပးမွာပါ။ ေအာက္ဆီဂ်င္အသန္႔ကိုရႈရေစဖို႔ ကူညီေပးမယ့္ႏွာေခါင္းစည္းဟာ ပံုမွန္အေနေအထားမွာဆိုရင္ ဘတၳရီက(၈)နာရီထိအလုပ္လုပ္မွာပါ။ 820mAh နဲ႔ လာမွာျဖစ္တဲ့အတြက္ တကယ္အလုပ္လုပ္ရမယ့္ ပတ္၀န္းက်င္မ်ိဳးမွာဆိုရင္ ဘတၳရီျပႆနာအနည္းငယ္ရွိပါတယ္။

အပူခ်ိန္ (၂၅)ဒီဂရီဆဲစီးယပ္လို အေနအထားကိုမူတည္ျပီး ထုတ္လုပ္ထားတာျဖစ္တဲ့အတြက္ အပူခ်ိန္ပမာဏနဲ႔ေလထုသန္႔စင္ရတဲ့အေပၚမူတည္ကာ (၂)နာရီအနိမ့္ဆံုးအသံုးျပဳလုပ္ႏုိင္မွာျဖစ္ပါတယ္။ ဆိုေပမဲ့ ကိုရိုနာဗိုင္းရပ္ကာကြယ္မႈ စံႏႈန္းမီမမီကိုေတာ့ ေရာဂါကာကြယ္ေရးနဲ႔ထိန္းခ်ဳပ္ေရးစင္တာ (CDC)ကေန ေထာက္ခံေၾကာင္း အတည္မျပဳရေသးပါဘူး။ ေလသန္႔စင္ႏွာေခါင္းစည္းျဖစ္လာဖို႔ပဲရွိေနပါတယ္။

ရည္ရြယ္ခ်က္ကေတာ့ ပိုးမႊားေတြပါကာကြယ္ႏုိင္တဲ့အထိျဖစ္လာဖို႔ ထုတ္လုပ္ထားတာျဖစ္တဲ့အတြက္ ကိုရိုနာပါကာကြယ္ႏုိင္ခဲ့ရင္ေတာ့ တခ်ိန္မွာ ၀ယ္လိုအားျမင့္ထုတ္ကုန္ျဖစ္လာမွာပါ။ ဘတၳရီကိုအေျခခံႏိုင္ထားႏုိင္ျပီး အခ်ိန္မေရြးျပန္သံုးႏုိင္တဲ့အခ်က္က နည္းပညာႏွာေခါင္းစည္းရဲ႕အားသာခ်က္ျဖစ္ပါတယ္။ မၾကာခင္မွာပဲ တရား၀င္ ေရာင္းခ်လာဖို႔ ရွိေနပါတယ္။

Thu Yay – AwesomeMyanmar

Unicode

ကမ္ဘာ့ဈေးကွက်ကို အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ဈေးကွက်မှာ အောင်မြင်မှုရထားတဲ့ တောင်ကိုရီးယားနည်းပညာကုမ္ပဏီ LG က မကြာခင်မှာ နှာခေါင်းစည်းထုတ်လုပ်ရောင်းချလာဖို့ရှိနေပါတယ်။ ဘတ္ထရီအားသွင်းလို့ရတဲ့စနစ်နဲ့အတူ လေကိုပါသန့်စင်ပေးမယ့် နည်းပညာနှာခေါင်းစည်းကို ပုံမှန်နှာခေါင်းစည်းတွေနေရာမှာအစားထိုးလာဖို့ရည်ရွယ်ချက်နဲ့ပါ။

ကိုဗစ်ကပ်ရောဂါကာလဖြစ်လာချိန်မှာ လူသားတွေအတွက် လေသန့်စင်မှုက အရေးပါလာတဲ့အချက်ဖြစ်ခဲ့ပါတယ်။ LG အနေနဲ့ ထုတ်ကုန်အသစ်အတွက် အကြံဉာဏ်ရခဲ့ချိန်မှာ ဘတ္ထရီအားသွင်းပြီး၊ လေကိုသန့်စင်ပေးမယ့် နည်းပညာနှာခေါင်းစည်းကို စတင်ဖန်တီးခဲ့ပါတယ်။ အချိန်အတိုင်းအတာတစ်ခုကြာချိန်မှာတော့ နှာခေါင်းစည်းကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပါပြီ။

လေထုထဲကနေ ရှုသွင်းမယ့်အောက်ဆီဂျင်ကိုသန့်စင်တဲ့ လေအနေအထားထိရောက်အောင် နှာခေါင်းစည်းကလုပ်ဆောင်ပေးမှာပါ။ အောက်ဆီဂျင်အသန့်ကိုရှုရစေဖို့ ကူညီပေးမယ့်နှာခေါင်းစည်းဟာ ပုံမှန်အနေအေထားမှာဆိုရင် ဘတ္ထရီက(၈)နာရီထိအလုပ်လုပ်မှာပါ။ 820mAh နဲ့ လာမှာဖြစ်တဲ့အတွက် တကယ်အလုပ်လုပ်ရမယ့် ပတ်ဝန်းကျင်မျိုးမှာဆိုရင် ဘတ္ထရီပြဿနာအနည်းငယ်ရှိပါတယ်။

အပူချိန် (၂၅)ဒီဂရီဆဲစီးယပ်လို အနေအထားကိုမူတည်ပြီး ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် အပူချိန်ပမာဏနဲ့လေထုသန့်စင်ရတဲ့အပေါ်မူတည်ကာ (၂)နာရီအနိမ့်ဆုံးအသုံးပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဆိုပေမဲ့ ကိုရိုနာဗိုင်းရပ်ကာကွယ်မှု စံနှုန်းမီမမီကိုတော့ ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးစင်တာ (CDC)ကနေ ထောက်ခံကြောင်း အတည်မပြုရသေးပါဘူး။ လေသန့်စင်နှာခေါင်းစည်းဖြစ်လာဖို့ပဲရှိနေပါတယ်။

ရည်ရွယ်ချက်ကတော့ ပိုးမွှားတွေပါကာကွယ်နိုင်တဲ့အထိဖြစ်လာဖို့ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက် ကိုရိုနာပါကာကွယ်နိုင်ခဲ့ရင်တော့ တချိန်မှာ ဝယ်လိုအားမြင့်ထုတ်ကုန်ဖြစ်လာမှာပါ။ ဘတ္ထရီကိုအခြေခံနိုင်ထားနိုင်ပြီး အချိန်မရွေးပြန်သုံးနိုင်တဲ့အချက်က နည်းပညာနှာခေါင်းစည်းရဲ့အားသာချက်ဖြစ်ပါတယ်။ မကြာခင်မှာပဲ တရားဝင် ရောင်းချလာဖို့ ရှိနေပါတယ်။

Thu Yay – AwesomeMyanmar

Add a Comment

Your email address will not be published. Required fields are marked *