မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူပိုကောင်းလဲဆိုတာကို ၀င်ရွေးပေးလိုက်တဲ့ အိုဇေးလ်

ကာလရှည်ငြင်းခုံမှုတွေထဲက တခုဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒို ဘယ်သူပိုကောင်းလဲဆိုတဲ့ အမေးအဖြေကဏ္ဍကို အိုဇေးလ်တယောက်ဝင်ပါလာပါပြီ။ မကြာသေးခင်ကမှ ဖီနာဘာချီ၊ သို့ ဒီစီကို ပြောင်းမယ်လို့ သတင်းထွက်နေတဲ့ အိုဇေးလ်ဟာ ပရိသတ်တွေ အာရုံစိုက်မှုရနေချိန်မှာ တွစ်တာမှာ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့တွစ်တာမှာတင်ထားခဲ့တဲ့ စာသားအရ အိုဇေးလ်ဟာ Amir__Suti ဆိုတဲ့ ပရိသတ်တဦးမေးထားတာကို ပြန် tweet လုပ်ခဲ့တာပါ။ ပရိသတ်က မက်ဆီလား၊ ရော်နယ်ဒိုလား၊ အိုဇေးလ်ကိုမေးပါ လို့ဆိုထားချိန်မှာ အိုဇေးလ်က အဖြေလေးနဲ့အတူ ချက်ချင်းပြန် တုံ့ပြန်ခဲ့ပါတယ်။

” မက်ဆီက စပိန်မှာဆိုရင် အကောင်းဆုံးတွေထဲက တယောက်ဆိုတာကို သက်သေပြထားပြီးပါပြီ။ ဒါပေမဲ့ ရော်နယ်ဒိုကတော့ သူကစားတဲ့ နိုင်ငံတိုင်းမှာ အကောင်းဆုံးဆိုတာကို သက်သေပြထားသူပါ” လို့ ဖြေကြားပေးခဲ့ပါတယ်။ ဆိုလိုတာက ရော်နယ်ဒိုက ပိုကောင်းတယ်လို့ဖြစ်ပါတယ်။

မက်ဆီက စပိန်မှာအကောင်းဆုံးဖြစ်ပေမဲ့ သူနဲ့အတူ ရီးရဲလ်မှာ တွဲခဲ့တဲ့ ရော်နယ်ဒိုက ရောက်တဲ့နိုင်ငံတိုင်းမှာ ခြေစွမ်းပြတယ်လို့ ဆိုထားတဲ့အတွက် ရော်နယ်ဒိုက ပိုကောင်းတယ်လို့ ဆိုလိုက်တာပါ။ ရော်နယ်ဒိုကလည်း ရော်နယ်ဒိုလို့ဆိုရလောက်အောင် စံချိန်တွေတင်ထားပါတယ်။

လတ်တလောမှာ ၇၅၉ ဂိုးနဲ့ကမ္ဘာ့သွင်းဂိုးအများဆုံးဖြစ်နေပြီး၊ နောက်တဂိုးသွင်းနိုင်ခဲ့ရင် တသက်တာဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်တော့မှာပါ။ စီရီးအေမှာလည်း ၁၅ ဂိုးနဲ့ လတ်တလောဦးဆောင်နေတဲ့ ကစားသမားအနေနဲ့ ရာသီကုန်ရင် ရွှေဖိနပ်ဆုအတွက်လည်း တစ်ပြေးနေပါတယ်။ ဒါကြောင့် အိုဇေးလ်က သူ့ရဲ့အသင်းဖော်ဟောင်းကို ရွေးချယ်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။

Thu Yay – ShweBa

Add a Comment

Your email address will not be published. Required fields are marked *