ဖန်တက်စီဘောလုံးမှာ ပရိသတ်ကိုလုံးဝအကျိုးမပြုခဲ့တဲ့ ဒီနှစ်ရာသီကစားသမား ၁၁ ယောက်

ပရီးမီးယားလိဂ်မှာ ဖန်တက်စီဘောလုံးဆော့နေတဲ့သူတွေအတွက် ဒီအချက်အလက်တွေက အသုံးဝင်မှာပါ။ အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းအဆိုးရွားဆုံးအဖြစ်သတ်မှတ်ခံခဲ့ရတဲ့ ကစားသမား ၁၁ ယောက်စာရင်းမှာ ပရိသတ်မထင်ထားတဲ့ ကစားသမားတွေပါဝင်နေခဲ့ပါတယ်။

The Sun က ဖော်ပြခဲ့တဲ့ ဖော်ပြချက်အရ အခုအချက်အလက်တွေကို ဖန်တက်စီဖိုက်ဆိုတဲ့ စူပါကွန်ပျူတာကနေ ယူထားပါတယ်။ သူက လက်ရှိကစားပြီးခဲ့တဲ့ဘောလုံးပွဲတွေမှာ ဂိုးသွင်းနိုင်စွမ်း၊ ကစားသမားတယောက်က ယူပေးတဲ့အမှတ်နှုန်း၊ မျှော်လင့်ထားပေမဲ့မရခဲ့တဲ့အမှတ်စတာတွေကို အချိုးချပြီး Rating သတ်မှတ်ပါတယ်။

သတ်မှတ်ချိန်မှာ အနိမ့်ဆုံးသတ်မှတ်ချက် အနေနဲ့ရခဲ့တဲ့ ကစားသမား (၁၁)ယောက်ကို နေရာအလိုက်စုစည်းခဲ့ပြီး၊ အသင်းတသင်းထောင်ခဲ့ပါတယ်။ ဥပမာ တိုက်စစ်မှူးတွေထဲမှာ အနိမ့်ဆုံးစွမ်းဆောင်ရည်အဖြစ် အာဆင်နယ်က အူဘာမီယန်း ၄.၁ စသည်ဖြင့်ပါ။ နေရာအလိုက်နဲ့အသင်းဖွဲ့လိုက်ချိန်မှာတော့ အခုလိုအသင်းရလာခဲ့ပါတယ်။

ဂိုး-ရမ်စဒေးလ် (ရှက်ဖီး)၊ နောက်တန်း- အာနိုး(လီဗာပူး)၊ အန်ဒါစတီဗင် (ရှက်ဖီး)၊ ဂျွန် အီဂန် (ရှက်ဖီး)၊ လုခ်ရှော (မန်ယူ)၊ ကွင်းလယ်- ၀ီလီယမ်(အာဆင်နယ်)၊ ကိုင်ဟာဗက်(ချဲလ်ဆီး)၊ ဂျောင် မော်တင်ဟို (၀ုဗ်)၊ မာနေး (လီဗာပူး)၊ တိုက်စစ်-အူဘာမီယန်း (အာဆင်နယ်)၊ ဂရင်းဝုဒ် (မန်ယူ)တို့ပါ။

အဲဒီထဲမှာ အဆိုးဆုံးခြေစွမ်းပိုင်ရှင်က ကိုင်ဟာဗက် (၁.၉)ဖြစ်ပြီး၊ ပြောခဲ့တဲ့ကစားသမားတွေဟာ သက်ဆိုင်ရာကလပ်တွေမှာ ခြေစွမ်းမပြနိုင်သူတွေ၊ ဖန်တက်စီဘောလုံးသတ်မှတ်ချက်အရ စွမ်းဆောင်ရည်နိမ့်သူတွေဖြစ်ပါတယ်။ တကယ်လည်း အသင်းတိုင်းမှာ ခြေစွမ်းကျနေတဲ့ ကစားသမားတွေဆိုလည်းမမှားပါဘူး။

Thu Yay – ShweBa

Add a Comment

Your email address will not be published. Required fields are marked *