လစ်ဇစ်နဲ့ မန်စီးတီးပွဲတွေအတွက် အသင်းဖော်တွေကို စိန်ခေါ်လိုက်တဲ့ ပေါ့ဘာ

ဝက်စ်ဟမ်းကို ကမ်းဘက်နိုင်ခဲ့တဲ့ပွဲမှာ အသင်းသားတွေ စိတ်ဓာတ်ကို ပြောင်းပြန်လှန်ပေးမယ့် ချေပဂိုးကို ပေါ့ဘာက တိုက်ရိုက်ကစ်ပြီး၊ ဂိုးအဖြစ်ပြောင်းပေးခဲ့ပါတယ်။ စိတ်ဓာတ်တဟုန်ထိုးတက်သွားချိန်၊ အသင်းသားတွေအားလုံး နိုင်လိုစိတ်ပြင်းထန်သွားခဲ့ပါတယ်။ အဆုံးသတ်မှာ (၁-၃)ဆိုတဲ့ အနိုင်ရလဒ်နဲ့ ဆိုးလ်ရှားကိုပြုံးပျော်စေခဲ့ကာ ပီအက်စ်ဂျီနဲ့ရှုံးပွဲကို မေ့ပျောက်သွားစခေဲ့ပါတယ်။

ဒီအချိန်မှာ ပေါ့ဘာတယောက်ကတော့ မရပ်တန့်နိုင်ခဲ့ပါဘူး။ မန်ချက်စတာယူနိုက်တက်တရားဝင်ဘက်ဆိုက်နဲ့ အင်တာဗျူးမှာ ၀က်စ်ဟမ်းနဲ့နိုင်ပွဲက စိတ်ဓာတ်တွေက ပြင်းထန်နေခဲ့ပါတယ်။ အခုလိုနိုင်လိုစိတ်ပြင်းပြတဲ့ စိတ်ဓာတ်တွေပျောက်ပျက်သွားမှာကို ပေါ့ဘာက စိုးရိမ်နေပြီး၊ လာမယ့် ပီအက်စ်ဂျီ၊ လစ်ဇစ်ပွဲတွေမှာ ဒီအတိုင်းဆက်သွားဖို့ စိန်ခေါ်မှုလုပ်ခဲ့ပါတယ်။

” ကျိန်းသေဆိုသလို တကယ့်ပွဲကြီးပွဲကောင်း နှစ်ပွဲက မကြာခင်မှာလာဖို့ရှိနေပါတယ်။ ချန်ပီယံလိဂ်မှာ လစ်ဇစ်ကိုရင်ဆိုင်မယ့်ပွဲနဲ့ မန်စီးတီးကိုရင်ဆိုင်မယ့် ပရီးမီးယားလိဂ်ပွဲပါ။ တသင်းလုံးသိတာက အဲဒီနှစ်ပွဲလုံးက အင်မတန်မှ အရေးကြီတယ်ဆိုတာပါ။ အဆုံးအဖြတ်ပေးသွားမယ့်ပွဲတွေ၊ အခုလို နိုင်လိုစိတ်ပြင်းပြတဲ့စိတ်ဓာတ်တွေကို ကျွန်တော်တို့အဲ့ပွဲတွေထိဆက်သွယ်သွားရမယ်။”

” ယူနိုက်တက်ဆိုတာဒါပဲ။ ကျွန်တော်တို့အားလုံးကလည်း နိုင်ကိုနိုင်မယ်ဆိုတာပဲလိုချင်တယ်။ ကျွန်တော်တို့ ဒုတိယပိုင်းမှာ လုပ်ခဲ့သလိုပေါ့။ ဟုတ်တယ်။ အဲဒီလိုမျိုးပဲ။ စိတ်ထဲမှာ နိုင်ချင်စိတ်ကရှိနေရမယ်။ ကျွန်တော်ဆိုလိုတာက အမြဲတမ်းရှိနေရမှာကိုနော်။ ကျွန်တော်တို့ ရှုံးခွင့်မရှိဘူး။ သရေကျတာ၊ ရှုံးတာပဲဖြစ်ဖြစ် ကျွန်တော်တို့ မပျော်နိုင်ဘူး ”

” အဲ့လိုဆိုရင် ကျွန်တော်တို့က အဆိုးဆုံးအရှုံးသမားတွေဖြစ်သွားပြီ။ ကျွန်တော်တို့ ဖြစ်သွားမှာမျိုးပေါ့။ ဒါကြောင့် ကျွန်တော်တို့ကအမြဲတမ်း အနိုင်ကိုလိုချင်နေတာ။ (၁-၀)နဲ့ပဲနိုင်နိုင်၊ (၆-၅)နဲ့ပဲနိုင်နိုင်ဗျာ၊ အဓိကက နိုင်ကိုနိုင်ရမယ်။ ကျွန်တော်တို့လိုချင်တာလည်း ဒါပဲ’ လို့ပြောခဲ့ပါတယ်။ ပေါ့ဘာရဲ့ပြောကြားချက်တွေကတော့ အားတက်စရာပါ။ အသင်းဖော်တွေကိုလည်း ဒီလိုအနိုင်လိုချင်တဲ့ စိတ်တွေဆက်သယ်သွားဖို့ စိန်ခေါ်လိုက်ပြီး၊ လစ်ဇစ်-မန်စီးတီးပွဲတွေကို မဖြစ်မနေအနိုင်ကန်ဖို့ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ ပေါ့ဘာရဲ့ ပြန်လာမှုတွေပါပဲ။

Thu Yay – MMUN

Add a Comment

Your email address will not be published. Required fields are marked *