ပီအက်စ်ဂျီအတွင်းစွမ်းဆောင်ရည်နဲ့ပွဲအပြီး ရက်ရှ်ဖို့ဒ်ရဲ့ ဒဏ်ရာအခြေအနေ Update

နည်းပြဆိုးလ်ရှားတယောက် မားကပ်ရက်ရှ်ဖို့ဒ်မှာရှိနေတဲ့ ဒဏ်ရာအခြေအနေကို ပွဲအပြီးမှာ အသိပေးသွားခဲ့ပါတယ်။ ပွဲချိန်အတွင်း ဖရက်အနီထိတာကြောင့်လူစားလဲခဲ့ချိန်၊ အခြားသူတွေအစား ဒဏ်ရာပြဿနာရှိနေတဲ့ ရက်ရှ်ဖို့ဒ်ကို လူစားမဖြစ်မနေလဲခဲ့ရပါတယ်။ ပီအက်စ်ဂျီကို ပထမပိုင်းမှာ (၁-၁)နဲ့ တင်ကစားနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်တယောက်လူစားလဲခဲ့ရတာက ယူနိုက်တက်အတွက်လည်းနစ်နာစေပါတယ်။

ပွဲအတွင်း ရက်ရှ်ဖို့ဒ်ရဲ့ စွမ်းဆောင်ရည်တွေဖြစ်တဲ့ ကွင်းတွင်းပေးပို့မှု (၁၇)ကြိမ် အောင်မြင်မှု၊ ဂိုပေါက်ကန်ချက် (၂)ချက်၊ အခွင့်အရေးဖန်တီးမှု (၁)ကြိမ်နဲ့ ဂိုးရရှိမှု (၁)ကြိမ်စတာတွေက အထင်ကြီးလောက်စရာအဖြစ်ရှိနေပါတယ်။ ယူနိုက်တက်အတွက် တလုံးတည်းသော ချေပဂိုးကို ရယူပေးခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကို ဖရက်ဒ်ထွက်ပြီး လူစားလဲခဲ့ချိန်မှာတော့ ဆိုးလ်ရှားက အခုလိုပြောကြားခဲ့ပါတယ်။

” လက်ရှိဖြစ်နေတာက သူ့ကို မသက်မသာဖြစ်စေရုံလေးပါ။ မားကပ်စ်မှာရှိနေတဲ့ ပုခုံးဒဏ်ရာပေါ့။ ကျွန်တော်တို့ သူဘယ်လောက် မြန်မြန် ပြန်ကောင်းလာနိုင်မလဲကို စောင့်ကြည့်ရမယ်။ ဖြစ်နိုင်ရင် ၀က်စ်ဟမ်းကို ကစားမယ့်ပွဲအတွက် သူ့အနေနဲ့ ရယ်ဒီဖြစ်နေဖို့ မျှော်လင့်မိပါတယ်။ ဒါပမေဲ့ မားကပ်စ်ကြံ့ခိုင်မှုပြည့်မပြည့် ကျွန်တော်တို့ မသိနိုင်ပါဘူး” လို့ဆိုခဲ့ပါတယ်။

ဆိုးလ်ရှားရဲ့ ပြောကြားချက်အရ ရက်ရှ်ဖို့ဒ်မှာ ပုခုံးဒဏ်ရာ ဆက်ရှိနေတဲ့အတွက် ၀က်စ်ဟမ်းနဲ့ပွဲကို ပါဖို့က မသေချာပါဘူး။ ကြားထဲမှာ အချိန်အနေနဲ့ သုံးရက်ပဲ အနားရမယ့်အပေါ် ရက်ရှ်ဖို့ဒ်တယောက် ၀က်စ်ဟမ်းပွဲကို ပွဲမထွက်ရဖို့ ကျိန်းသေသလောက်ရှိနေပါတယ်။ အမှတ်ပေးဇယား အဆင့်ငါးရောက်နေတဲ့ ၀က်စ်ဟမ်းကို အဝေးကွင်းမှာ သွားကစားရမှာဖြစ်တဲ့အတွက် ယူနိုက်တက်တို့ ရမှတ်ကောင်းဖို့ လိုတဲ့အပေါ် ရက်ရှ်ဖို့ဒ်ပါဝင်နိုင်ဖို့ မျှော်လင့်ရပါတယ်။

Thu Yay – MMUN

Add a Comment

Your email address will not be published. Required fields are marked *