ဂိမ္းတူတူေဆာ့ေပးရံုနဲ႔ တလကို သိန္းရာနဲ႔ခ်ီ၀င္ေငြရေနတဲ့ ထုိင္၀မ္က ေက်ာင္းသူေလးေတြ

အြန္လိုင္းဂိမ္းေတြတြင္က်ယ္လာခ်ိန္မွာ ဂိမ္းမင္းပါတနာလို႔ေခၚတဲ့ အလုပ္အကိုင္အသစ္တမ်ိဳးကို ထိုင္၀မ္ေက်ာင္းသူေလးေတြ အခ်ိန္ပိုင္းလုပ္ေဆာင္ေနပါတယ္။ ေက်ာင္းျပီးတဲ့ မိန္းမပ်ိဳေလးေတြအျပင္ တျခားမိန္းကေလးငယ္ငယ္ေလးေတြလည္း အခုလုပ္ငန္းထဲကို၀င္ေရာက္လုပ္ကိုင္ေနၾကပါျပီ။ လုပ္ေပးရမွာကေတာ့ ရိုးရိုးရွင္းရွင္းေလးပါပဲ။ အြန္လိုင္းဂိမ္းေတြကို အလုပ္ရွင္နဲ႔အတူတူေဆာ့ရမွာျဖစ္ပါတယ္။

အခိ်န္ျပည္႔ပဲျဖစ္ျဖစ္၊ အခ်ိန္ပိုင္းပဲျဖစ္ျဖစ္ လုပ္လို႔ရပါတယ္။ လိုအပ္မယ့္အရည္အခ်င္းေတြက ကိုယ့္အလုပ္ရွင္ျဖစ္လာမယ့္သူ ကစားမယ့္ဂိမ္းကိုနားလည္ရပါမယ္။ကိုယ့္ရဲ႕စကားေျပာထားတဲ့ ဗီဒီယိုနဲ႔ ရုပ္ရည္အေၾကာင္းကို မိတ္ဆက္ထားရမွာပါမယ္။ ရုပ္ရည္ေျပျပစ္ရင္ ၀င္ေငြေကာင္းေကာင္းရႏုိင္သလို တခ်ိဳ႕ဆိုရင္ အခုအလုပ္အတြက္ မ်က္ႏွာကို ျပဳျပင္တာေတြရွိလာျပီလို႔သိရပါတယ္။

အဓိကလုပ္ရမယ့္အလုပ္ကေတာ့ ဂိမ္မာေတြေလ့က်င့္ေနတဲ့အခ်ိန္မွာ အဆင္ေျပဖို႔ကူညီရမွာပါ။ ပံုစံအမ်ိဳးမ်ိဳးျဖစ္ႏုိင္ပါတယ္။ တူတူေဆာ့ေပးရတာ၊ ေလ့က်င့္ေပးရတာ။ အကယ္လို႔ ကိုယ့္ကိုငွားတဲ့သူက Streamer ျဖစ္ေနရင္ ခဏနားတဲ့အခ်ိန္မ်ိဳးမွာ ကိုယ္စား၀င္ေပးထားရတာမ်ိဳးပါ။ နည္းနည္းအဆင့္ျမင့္သြားတဲ့ ၀န္ေဆာင္မႈေတြမွာဆိုရင္ေတာ့ အပိုအရည္အခ်င္းေတြပါလာပါတယ္။

တူတူေဆာ့ေနရင္း အိပ္ခ်င္လာရင္ သီခ်င္းဆိုျပရတာ၊ အခ်ိန္တခုေရာက္ရင္ ျပန္ႏိုးေပးရတာမ်ိဳးေတြပါ။ မ်ားေသာအားျဖင့္ (၉ ကေန ၅)နာရီအထိ ရံုးခ်ိန္မ်ိဳးလုပ္ရပါတယ္။ ၀င္ေငြကေတာ့ တနာရီကိုအနိမ့္ဆံုး (၅)ေဒၚလာကေန အျမင့္ဆံုး (၁၇)ေဒၚလာအထိရွိပါတယ္။ ကိုယ္ေစ်းနဲ႔ကုိယ္ပါပဲ။ 7cplay ဆိုတဲ့၀က္ဘ္ဆိုက္နဲ႔ Nicee.tw ဆိုတဲ့ ၀က္ဘ္ဆိုက္ေတြမွာ သူတို႔ပရိုဖိုင္ေတြကိုတင္ထားပါတယ္။

အခ်ိန္ျပည္႔လုပ္ဖူးတဲ့တခ်ိဳ႕ဆိုရင္ တလကို ေဒၚလာ (၃၀၀၀)ေက်ာ္အထိရၾကျပီး၊ စေကးက ပရိုအဆင့္ထိရွိတဲ့ ဂိမ္မာဆိုရင္ေတာ့ တလကို ေဒၚလာ (၉၅၀၀)အထိရၾကပါတယ္။ ျမန္မာေငြနဲ႔တြက္ရင္ သိန္း(၁၂၀)ေက်ာ္ပမာဏပါ။ ဒီအဆင့္ဆိုရင္ေတာ့ ပရိုဂိမ္မာမွရပါမယ္။ အခုအခိ်န္မွာေတာ့ အခ်ိန္ပိုင္းဂိမ္းမင္းပါတနာအလုပ္ဟာ ထိုင္၀မ္မွာ ေစ်းကြက္စျဖစ္လာျပီျဖစ္တဲ့အတြက္ မိန္းကေလးေတြအတြက္ အလုပ္အကိုင္ပိုရွိလာျပီဆိုရမွာပါပဲ။

Thu Yay – AwesomeMyanmar

Unicode

အွန်လိုင်းဂိမ်းတွေတွင်ကျယ်လာချိန်မှာ ဂိမ်းမင်းပါတနာလို့ခေါ်တဲ့ အလုပ်အကိုင်အသစ်တမျိုးကို ထိုင်ဝမ်ကျောင်းသူလေးတွေ အချိန်ပိုင်းလုပ်ဆောင်နေပါတယ်။ ကျောင်းပြီးတဲ့ မိန်းမပျိုလေးတွေအပြင် တခြားမိန်းကလေးငယ်ငယ်လေးတွေလည်း အခုလုပ်ငန်းထဲကိုဝင်ရောက်လုပ်ကိုင်နေကြပါပြီ။ လုပ်ပေးရမှာကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ အွန်လိုင်းဂိမ်းတွေကို အလုပ်ရှင်နဲ့အတူတူဆော့ရမှာဖြစ်ပါတယ်။

အချိန်ပြည့်ပဲဖြစ်ဖြစ်၊ အချိန်ပိုင်းပဲဖြစ်ဖြစ် လုပ်လို့ရပါတယ်။ လိုအပ်မယ့်အရည်အချင်းတွေက ကိုယ့်အလုပ်ရှင်ဖြစ်လာမယ့်သူ ကစားမယ့်ဂိမ်းကိုနားလည်ရပါမယ်။ကိုယ့်ရဲ့စကားပြောထားတဲ့ ဗီဒီယိုနဲ့ ရုပ်ရည်အကြောင်းကို မိတ်ဆက်ထားရမှာပါမယ်။ ရုပ်ရည်ပြေပြစ်ရင် ဝင်ငွေကောင်းကောင်းရနိုင်သလို တချို့ဆိုရင် အခုအလုပ်အတွက် မျက်နှာကို ပြုပြင်တာတွေရှိလာပြီလို့သိရပါတယ်။

အဓိကလုပ်ရမယ့်အလုပ်ကတော့ ဂိမ်မာတွေလေ့ကျင့်နေတဲ့အချိန်မှာ အဆင်ပြေဖို့ကူညီရမှာပါ။ ပုံစံအမျိုးမျိုးဖြစ်နိုင်ပါတယ်။ တူတူဆော့ပေးရတာ၊ လေ့ကျင့်ပေးရတာ။ အကယ်လို့ ကိုယ့်ကိုငှားတဲ့သူက Streamer ဖြစ်နေရင် ခဏနားတဲ့အချိန်မျိုးမှာ ကိုယ်စားဝင်ပေးထားရတာမျိုးပါ။ နည်းနည်းအဆင့်မြင့်သွားတဲ့ ဝန်ဆောင်မှုတွေမှာဆိုရင်တော့ အပိုအရည်အချင်းတွေပါလာပါတယ်။

တူတူဆော့နေရင်း အိပ်ချင်လာရင် သီချင်းဆိုပြရတာ၊ အချိန်တခုရောက်ရင် ပြန်နိုးပေးရတာမျိုးတွေပါ။ များသောအားဖြင့် (၉ ကနေ ၅)နာရီအထိ ရုံးချိန်မျိုးလုပ်ရပါတယ်။ ဝင်ငွေကတော့ တနာရီကိုအနိမ့်ဆုံး (၅)ဒေါ်လာကနေ အမြင့်ဆုံး (၁၇)ဒေါ်လာအထိရှိပါတယ်။ ကိုယ်ဈေးနဲ့ကိုယ်ပါပဲ။ 7cplay ဆိုတဲ့ဝက်ဘ်ဆိုက်နဲ့ Nicee.tw ဆိုတဲ့ ဝက်ဘ်ဆိုက်တွေမှာ သူတို့ပရိုဖိုင်တွေကိုတင်ထားပါတယ်။

အချိန်ပြည့်လုပ်ဖူးတဲ့တချို့ဆိုရင် တလကို ဒေါ်လာ (၃၀၀၀)ကျော်အထိရကြပြီး၊ စကေးက ပရိုအဆင့်ထိရှိတဲ့ ဂိမ်မာဆိုရင်တော့ တလကို ဒေါ်လာ (၉၅၀၀)အထိရကြပါတယ်။ မြန်မာငွေနဲ့တွက်ရင် သိန်း(၁၂၀)ကျော်ပမာဏပါ။ ဒီအဆင့်ဆိုရင်တော့ ပရိုဂိမ်မာမှရပါမယ်။ အခုအချိန်မှာတော့ အချိန်ပိုင်းဂိမ်းမင်းပါတနာအလုပ်ဟာ ထိုင်ဝမ်မှာ ဈေးကွက်စဖြစ်လာပြီဖြစ်တဲ့အတွက် မိန်းကလေးတွေအတွက် အလုပ်အကိုင်ပိုရှိလာပြီဆိုရမှာပါပဲ။

Thu Yay – AwesomeMyanmar

Add a Comment

Your email address will not be published. Required fields are marked *