အမှတ်ပေးဇယားထိပ်ကို ၇ နှစ်အကြာပထမဆုံးအကြိမ်ပြန်တက်လာချိန်၊ ဘန်လေကိုငယ်နိုင်ဖြစ်သွားတဲ့ ယူနိုက်တက်

ပေါ့ဘာရဲ့ဒုတိယပိုင်း ဘော်လီကန်ချက်က ဘန်လေကိုအ၀ေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။ သုံးမှတ်အသာနဲ့အမှတ်ပေးဇယားထိပ်ကိုပါ ဦးဆောင်လိုက်ပြီး၊ အသင်းကြီးတွေကို ဒုက္ခပေးတတ်တဲ့ ဘန်လေအသင်း ဂိုးပေါက်တချက်မှမတည့်ခဲ့တဲ့အထိ ယူနိုက်တက်တို့ ခြေစွမ်းပြခဲ့တာပါ။ အခုလို အမှတ်ပေးဇယားထိပ်မှာ နံပါတ်တစ်နေရာအဖြစ်ဦးဆောင်လာတာဟာ ဆိုးလ်ရှားလက်ထက်ပထမဆုံးဖြစ်ပါတယ်။

အတိအကျဆိုရင်တော့ နည်းပြဖာဂူဆန်လက်ထက် ၂၀၁၂-၁၃ ပရီးမီးယားလိဂ်ဖလားရပြီးနောက်ပိုင်း အမှတ်ပေးဇယားထိပ်ကို ပထမဆုံးအကြိမ်တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး၊ ၇ နှစ်အတွင်းပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့တာပါ။ ဒါ့အပြင် အဝေးကွင်းမှာလည်း ၁၅ ပွဲဆက်တိုက်ရှုံးပွဲမရှိ၊ ၃ပွဲသရေ၊ ၁၂ ပွဲအနိုင်နဲ့ ခြေစွမ်းပြလာခဲ့တဲ့အပေါ် ယူနိုက်တက်ဟာ ဖလားလမ်းကြောင်းပေါ် အကောင်ဆုံးရောက်လာခဲ့ပါပြီ။

ဒီလိုဖြစ်လာဖို့ ဘန်လေကိုနိုင်ခဲ့တဲ့နိုင်ပွဲက အရေးပါခဲ့ပါတယ်။ ဘန်လေဟာ ယူနိုက်တက်ကို အိမ်ကွင်းမှာ ကစားခဲ့ရပေမဲ့ ဂိုးပေါက်တကြိမ်မှ တည့်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ယူနိုက်တက်ရဲ့ဒီနှစ်ရာသီပထမဆုံးအကြိမ် ကလင်းရှစ်အဝေးကွင်းနိုင်ပွဲလည်းဖြစ်တဲ့အပြင် ဘန်လေနဲ့တွေ့တိုင်း ဂိုးမပေးရတဲ့စံချိန်ကောင်းကိုပါ ဆက်ထိန်းသွားခဲ့ပါတယ်။

မှတ်တမ်းအရ ဘန်လေအိမ်ကွင်း ဘန်လေ-ယူနိုက်တက် နောက်ဆုံးတွေ့ခဲ့တဲ့ ၁၀ ပွဲမှာ မှတ်မှတ်ရရ တဂိုးတည်းသာခွင့်ပြုထားခဲ့ရဖူးပါတယ်။ ဘန်လေကခေသူမဟုတ်တာက ယူနိုက်တက်အိမ်ကွင်းမှာတော့ ဂိုးသွင်းပါတယ်။ဘန်လေအသင်းအခုလိုမျိုး ဂိုးပေါက်ပျောက်တာတာက ရှားရှားပါးပါးဒီနှစ်ရာသီမှာ ချဲလ်ဆီးတသင်းပဲထပ်ရှိပါတယ်။

ဘန်လေနည်းပြဒိုင်ချီအတွက် ယူနိုက်တက်ကို အိမ်ကွင်းမှာလက်ခံကစားတိုင်းအခုလိုမျိုး ရလဒ်မကောင်းတာက ပွဲစဉ် ၁၀ပွဲဆက်နေပြီဖြစ်တဲ့အတွက် ယူနိုက်တက်ဟာ ဘန်လေကိုကန်တိုင်း ရလဒ်တခုကျိန်းသေမျှော်လင့်လို့ရနေသလိုဖြစ်နေပါတယ်။ ပွဲချိန်တွင်း ဂိုးဖန်တီးမှုလုပ်နိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်ကတော့ နောက်ဆုံးကစားခဲ့တဲ့ ၁၄ ပွဲမှာ ၆ ဂိုးသွင်း ၅ ကြိမ်ဖန်တီးမှုနဲ့အတူ အကောင်းဆုံးခြေစွမ်းပြထားပါတယ်။

Thu Yay – Shweba

Add a Comment

Your email address will not be published. Required fields are marked *