ဘန်ဒီဘိခ်ကို လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက သူသဘောကျခဲ့တဲ့အကြောင်း ပြောပြလာတဲ့ဆိုးလ်ရှား

ဆိုးလ်ရှားအနေနဲ့ ဘန်ဒီဘိခ်ကို အချိန်ခဏအတွင်းခေါ်ခဲ့တာဟာ ပရိသတ်တွေအတွက် အံ့အားသင့်စရာပါ။ ဒါပေမဲ့ ဘန်ဒီဘိခ်ကို မျက်စိကျနေခဲ့တာက ပြီးခဲ့တဲ့နှစ်က ခြေစွမ်းတွေကြောင့်မဟုတ်ပါဘူး။ မိုးလ်ဒီအသင်းကို တာဝန်ယူချိန်ကတည်းက ဘန်ဒီဘိခ်အနေနဲ့ သူ့အသင်းကို ခြေစွမ်းပြခဲ့ဖူးသလို ဦးဆောင်ဂိုးပါသွင်သွားကတည်းက မျက်စိကျနေခဲ့တာ ဖြစ်ပါတယ်။

” ယူရိုပါလိဂ် (၂၀၁၅)ခုနှစ်မှာတုန်းက ဘန်ဒီဘိခ်၊ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့မိုးလ်ဒီအသင်းကို သူဂိုးစသွင်းတယ်။ ကျွန်တော်တို့ အဲ့ပွဲ အက်စတာဒမ်ကွင်းမှာ ကစားတော့ (၁-၁)နဲ့ သရေကျတယ်လေ။ သူခေါင်းတိုက်သွင်းတာ လန်းချက်ဗျာ၊ သူကျွန်တော့်နောက်တန်းကို ခေါင်းတိုက် တိုက်စစ်ဆင်သွားတာက အတော်လေးကောင်းတယ်’

” သူက ရဲလည်းရဲတယ်။ သူ့မှာရှိတဲ့ စိတ်နေစိတ်ထားကို ကျွန်တော်သဘောကျတယ်။ ကျွန်တော် ဗန်ဒါဆားကိုတောင် စကားပြောခဲ့သေးတယ်။ သူ့ကိုသိတဲ့ တခြားကစားသမားတွေကိုရောပေါ့။ သိတဲ့ လူတွေနဲ့ပဲ အသုံးချပါ။ အဲဒီလို အမူအကျင့်ရှိတဲ့ ကာရိုက်တာတွေကို အမြဲခြေရာခံပါပေါ့။ တယောက်ယောက်က ခင်ဗျားကို ဂိုးသွင်းသွားပြီဆိုတာနဲ့”

” အဲဒါကို တသ်ကလုံးလိုလို အမြဲအမှတ်ရနေတာဗျ။ ကျွန်တော် မှတ်မိလိုက်တာဆိုရ်င ဖြတ်တင်ဘောတခု။ သူ ကျွန်တော့်နောက်ခံလူကို ခေါင်းချင်းယှဉ်တိုက်တယ်။ ပြီးတော့ ပွဲရဲ့အစမှာပဲ ကျွန်တော့်ဂိုးသမားဆီကနေ အမြတ်ယူသွားခဲ့တာကိုပဲ” လို့ဆိုခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ အခုမှ (၂၃)ပွဲရှိသေးတဲ့အတွက် လွန်ခဲ့တဲ့ (၅)နှစ်ကဆိုရင် (၁၈)နှစ်ပဲရှိဦးမှာပါ။

ဆိုးလ်ရှား မိုးလ်ဒီအသင်းကို ကိုင်တွယ်ချိန်ကတည်းက သဘောကျနေခဲ့တဲ့ ကောင်လေးဆိုလည်းမမှားပါဘူး။ ကွင်းလယ်မှာနေရာစုံကစားနိုင်တဲ့အပြင် သူ့ရဲ့စိတ်အားထက်သန်မှုတွေကို သဘောကျခဲ့တဲ့ ဆိုးလ်ရှားဟာ အခုအချိန်မှာတော့ ယူနိုက်တက်ကို ခေါ်ဆောင်နိုင်ခဲ့ပါပြီ။ ဆိုးလ်ရှားယုံကြည်ခဲ့သလို ဖြစ်လာမလားကတော့ ဗန်ဒီဘိခ်အပေါ်ပဲ မူတည်နေပါတယ်။

Thu Yay – MMUN

Add a Comment

Your email address will not be published. Required fields are marked *