ကစားခဲ့တဲ့နေရာအလိုက် တသက်တာဂိုးသွင်းအများဆုံး ကစားသမားများ

အခုတခေါက်ဖော်ပြမယ့် စာရင်းက ဂိုးသမားကအစ၊ တိုက်စစ်မှူးအဆုံး ကစားတဲ့နေရာအလိုက် ဂိုးသွင်းကောင်းတဲ့ ကိုကိုတွေစာရင်းပါ။ တသက်တာထိပ်ဆုံးစာရင်းမှာကိုရပ်တည်ခဲ့တဲ့အထိ ဂိုးသွင်းခဲ့တဲ့ ဒီစာရင်းမှာ မဖြစ်နိုင်လောက်ဘူးလို့ ထင်ရတဲ့အထိကို ဂိုးသမားကအစ ဂိုးသွင်းစွမ်းရည်မြင့်နေပါတယ်။

ဂိုး- ရော်ဂျီနီယို ဆီနီ – ၁၃၁ဂိုး၊ ညနောက်ခံလူ – ဂရေဟမ် အလက်ဇန်းဒါး – ၁၀၇ဂိုး၊ ဗဟိုနောက်ခံလူ – ကိုးမန်း (လက်ရှိဘာစီနည်းပြ)-၂၅၃ဂိုး၊ ဘယ်နောက်ခံလူ – ပေါလ် ဘရိတ်နာ – ၁၁၃ ဂိုး၊ ညာကွင်းလယ်လူ တနည်း ဗဟိုကွင်းလယ်လူ -လမ်းပတ် – ၂၇၄ဂိုး၊ ဘယ်ကွင်းလယ်လူ – ဂျွန် ၀ါ့ခ် – ၂၂၃ဂိုး၊ တောင်ပံ – စီရော်နယ်ဒို – ၇၅၉ဂိုး (နောက်ဆုံးအချက်အလက်)

တိုက်စစ်မှူး – ဘီကန် – ၇၅၉ ဂိုး တို့ပါ။ ကွင်းလယ်တိုက်စစ်ရော၊ နံပါတ် ၁၀ ရော၊ တောင်ပံရော၊ ဗဟိုတိုက်စစ်ရော ဆော့ထားတဲ့ မက်ဆီရဲ့သွင်းဂိုးတွေက ခွဲထုတ်ဖို့ ခက်ခဲတဲ့အတွက် စာရင်းမှာတော့ မပါဝင်ပါဘူး။ ဒီထဲမှာ ပရိသတ်တွေ အံ့သြနေမှာက ဂိုးသမား ဆီနီဖြစ်မယ်ထင်ပါတယ်။ ဂိုးသမားတယောက်က ဂိုး ၁၀၀ ကျော်ဘယ်လိုသွင်းထားလဲကိုပါ။

ဆီနီက ဘရာဇီးလ်ဂိုးသမားဟောင်းလည်းဖြစ်၊ ၁၉၉၀ နဲ့ ၂၀၁၅ ကာလတွေမှာ ကစားခဲ့တဲ့ ဂိုးသမားတယောက်ပါ။ ဆာအိုပေါ်လိုမှာ ၁၉၉၇ လောက်ပွဲစထွက်ရတော့ ဖရီးကစ်၊ ပင်နယ်တီပင်တိုင်၊ သမားအနေနဲ့ တာဝန်ယူခဲ့ရပါတယ်။ ပွဲပေါင်း ၁၀၀၀ ကျော် ကစားသမားဘ၀မှာ ကစားခဲ့ပြီး၊ အဆိုပါစံချိန်ဟာ ဘယ်သူမှလိုက်မမီသေးတဲ့ မှတ်တမ်းလို့လည်း သိရပါတယ်။

ဘာစီနည်းပြကြီးကိုးမန်းကလည်း ဆီနီလိုမျိုး နေရာစုံကနေ သွင်းယူပေးခဲ့ပြီး၊ ခေါင်းတိုက်ဘော၊ ဖရီးကစ်တွေကတဆင့် ဂိုးရယူပေးခဲ့ပါတယ်။ ရော်နယ်ကိုးမန်းဟာ ဘယ်လောက်အထိ ဂိုးသွင်းတော်လဲဆိုရင် ဗဟိုနောက်ခံနေရာမှာကစားပေမဲ့ ၁၉၈၇-၈၈ ရာသီမှာ ၂၆ ဂိုးအထိ တရာသီတည်းသွင်းဖူးပါတယ်။ PSV မှာကစားတုန်းကဖြစ်ပါတယ်။

Thu Yay – ShweBa

Add a Comment

Your email address will not be published. Required fields are marked *