ပရီမီးယားလိဂ်ရာသီဝက်အကောင်းဆုံးအသင်းအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ (၁၁)ယောက်

ပွဲစဉ် ၁၉ အထိ ပရီးမီးယားလိဂ်ပွဲတွေကစားပြီးထားချိန်မှာ မန်ယူနိုက်တက်အသင်းက ရာသီဝက်ချန်ပီယံအဖြစ်ဦးဆောင်ခဲ့ပါတယ်။ အသင်းတိုင်းကလည်း ကိုယ်စီအကောင်းဆုံးစွမ်းဆောင်နေကြသလို ပရိသတ်တွေရင်ထဲကို ကိုယ်စီနေရာယူနိုင်တဲ့ ကစားသမားတွေလည်းရှိလာခဲ့ပါပြီ။ ဒီအချိန်မှာ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းကို ရွေးချယ်ဖို့ Whossored က စီစဉ်ခဲ့ပါတယ်။

ပရိသတ် ငါးသောင်းလေးထောင်ကျော် ပါဝင်မဲပေးခဲ့ကြကာ နေရာအလိုက် အကောင်းဆုံးတွေကို ပရိသတ်ကိုယ်စီက ရွေးချယ်ပေးခဲ့ကြပါတယ်။ ရွေးချယ်ပေးခဲ့ချိန်မှာတော့ မဲရလဒ်အများဆုံးရလာတဲ့ ကစားသမား ၁၁ ယောက်ထဲ ပရိသတ်မထင်မှတ်ထားတဲ့ ကစားသမားတွေပါဝင်လာခဲ့ပါတယ်။ အံ့အားသင့်စရာအနေနဲ့ လီဗာပူးကစားသမားတယောက်မှ မပါခဲ့ပါဘူး။

(၄-၂-၃-၁) ကစားကွက်မှာ အက်စတွန်ဗီလာက မာတီနက်၊ နောက်တန်း မန်စီးတီးက ကန်ဆယ်လို၊ လက်စတာက ဖိုဖာနာ၊ ချဲလ်ဆီးက ဇူးမားနဲ့ ဘင်ချီဝယ်၊ ကွင်းလယ်မှာ ဗီလာရဲ့ဆိုဆက်၊ မန်စီးတီးရဲ့ ဂွမ်ဒိုဂန်၊ မန်ယူရဲ့ ဖာနန်ဒက်၊ ရှေ့တန်းမှာ အာဆင်နယ်ရဲ့ဆာကာ၊ စပါးရဲ့ကိန်းနဲ့ ဆွန်ယောင်မင်တို့က မဲရလဒ်အများဆုံးနဲ့ပါဝင်လာခဲ့ပါတယ်။

မဲပေးရွေးချယ်တဲ့ရလဒ်တွေထဲမှာ ဂိုးသမားနေရာမှာ ဗီလာရဲ့မာတီနက်က ၆၉ ရာခိုင်နှုန်းနဲ့ ၁၁ ယောက်ထဲမှာ အကောင်းဆုံးအဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ သူနောက်မှာ ဟယ်ရီကိန်း၊ ဆာကာ၊ ဖိုဖာနာ၊ ဇူးမား၊ လေးယောက်က မဲရလဒ် ၅၀ ရာခိုင်နှုန်းအထက်တွေနဲ့ ရွေးချယ်ခံခဲ့ရတဲ့အတွက် ပရိသတ်အများစု အမြင်တူခဲ့ကြတယ်လို့ ဆိုရမှာပါ။

မမျှော်လင့်ဘဲ အရေအတွက်များသွားခဲ့တာက ချဲလ်ဆီး၊စပါးအသင်းက ကစားသမား နှစ်ယောက်စီပါဝင်ခဲ့တာဖြစ်ပါတယ်။ ရာသီဝက်ကစားပြီးချိန်မှာ အကောင်းဆုံး ကိုယ်စီစမ်းဆောင်ခဲ့တဲ့အသင်းဖြစ်တဲ့အတွက် ပရီးမီးယားလိဂ် ရာသီဝက်အကောင်းဆုံးအသင်းလို့လည်း ဆိုနိုင်ပါတယ်။

Thu Yay – ShweBa

Add a Comment

Your email address will not be published. Required fields are marked *