ပွဲထဲမှာ အ၀ါကတ်လေးကတ် ခန့်မှန်းရုံနဲ့ သိန်း ၂၅၀ ကျော်ရသွားတဲ့ ၀ါသနာရှင်
|ဘောလုံးပရိသတ်တဦးရဲ့ ခန့်မှန်းချက်တွေက ဒက်ထိမှန်နေခဲ့လို့ တွစ်တာမှာ နည်းနည်လေးဟော့နေပါတယ်။ ကစားပြီးသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ သူ့ရဲ့ ခန့်မှန်းချက်တွေက အများနဲ့ပုံစံမတူတဲ့ ခန့်မှန်းချက်တွေဖြစ်နေပြီး၊ မြန်မာငွေနဲ့တွက်ရင် သိန်း ၂၅၀ ကျော်ရခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။
သူခန့်မှန်းခဲ့တာက အရင်ဆုံး ဘန်လေနဲ့ မန်ယူပွဲမှာ လုခ်ရှောအ၀ါထိမယ်က စပါတယ်။ နောက်ထပ်ခန့်မှန်းချက်အနေနဲ့ ဘန်လေက အက်ရှလေ ၀က်ဝုဒ် အ၀ါထိမယ်လို့ဆိုပါတယ်။ လုခ်ရှောလိုကစားသမားအ၀ါထိတာက မဆန်းပေမဲ့ ဘန်လေက တယောက်ကိုပါ အသအေချာနှစ်ယောက်ထိမယ်လို့ ခန့်မှန်းနိုင်တာက ဆရာကျပါတယ်။
ဒါတင်မကသေးဘဲ နောက်ထပ်ပွဲတပွဲဖြစ်တဲ့ ၀ုဗ်နဲ့အဲဗာတန်ကို ဆက်ကူးပါတယ်။ အဲဗာတန်က ဒိုကိုရေးနဲ့ ၀ုဗ်က ဆီမီဒို အ၀ါထိမယ် ထပ်ရွေးထားပါတယ်။ ဆရာကျလွန်းတဲ့ သူ့ရဲ့ခန့်မှန်းချက်တွေက အနာဂတ်ကို ကြိုမြင်ထားတဲ့အလားပါပဲ။ လေးယောက်လုံးဝါထိခဲ့ချိန်မှာ ဆရာသမားက ပေါင် (၁၄၂၈၀) အထိဆုကြေးရသွားပါတယ်။
ပေါင် (၂၀) နှစ်ဆကို အရင်းပြုလိုက်တဲ့ အကောင့်ပိုင်ရှင်ဟာ မြန်မာငွေ သိန်း ၂၅၀ ကျော်ကို ညတွင်းချင်းပိုင်ဆိုင်သွားခဲ့ပါတယ်။ ဒီလိုဖြစ်ရတာက ကစားသမားတွေအပေါ်မှာပေးထားတဲ့ အဆနဲ့ဖြစ်နိုင်ခြေ အလေးပေးပေါက်ကြေးတွေကြောင့်ပါ။
ပထမဆုံးနှစ်ခုကို အဆ ၂၀ဒိုင်ကပေးထားတဲ့အတွက် ပေါက်ချိန်မှာ ၂၀အမြောက်၂၀က ၄၀၀ ရလာပါတယ်။ ၂၀ နှစ်ဆနဲ့တင်ထားတဲ့အတွက် ၂၀ ထပ်ပေါင်းပြီး နောက်နှစ်ခုအတွက်အရင်းက ၄၂၀ ဖြစ်လာပါတယ်။ အောက်ဆုံးနှစ်ခုက အဆ ၃၀ဒိုင်ကပေးထားတဲ့အတွက် ၄၂၀နဲ့ ၃၃ မြောက်ပြီး၊ ၁၄၂၈၀ ပေါင်၊ မြန်မာငွေ သိန်း ၂၅၀ ကျော်ကိုပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။
Thu Yay – ShweBa