လစ်ဇစ်ကို (၅-၀)ဂိုးပြတ်ခဲ့တဲ့ပွဲက ယူနိုက်တက်ကစားသမားတွေရဲ့ player ratings များကို သုံးသပ်ခြင်း

ကစားသမားစွမ်းဆောင်ရည် – player ratings တွေကို သတ်မှတ်ရာမှာ တဦးနဲ့တဦးမတူကြပါဘူး။ လစ်ဇစ်ကို (၅-၀)နဲ့အနိုင်ရပြီးတဲ့အချိန်မှာ အမျိုးမျိုးသုံးသပ်ချက်တွေပေါ်လာခဲ့ပေမဲ့ မန်ချက်စတာယူနိုက်တက်အကြောင်းကို အဓိကထားသတင်းတွေတင်ဆက်နေတဲ့ မန်ချက်စတာညနေခင်းသတင်းများ (M.E.N) ကနေ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

နောက်တန်း- ဒီဂီယာ – ၈ ၊ လင်ဒီလော့ဖ် – ၈ ၊ မက်ဂွဲယား – ၈ ၊ လုခ်ရှော – ၈၊ ၀မ်ဘစ်ဆာကာ – ၈ ၊ ယူနိုက်တက်ရဲ့နောက်တန်းနဲ့ ဂိုးသမား ငါးယောက်လုံးဟာ လစ်ဇစ်ကို ဂိုးမပေးရဘဲ ကလင်းရှစ်အရယူနိုင်ခဲ့တာနဲ့တင် player ratings ၈ အထိပေးခဲ့တာတွေ့ရပါတယ်။ ကွင်းလယ် – မာတစ် -၇ ၊ပေါ့ဘာ – ၈၊ ဖရက် – ၉၊ ဗန်ဒီဘိခ် – ၁၀.၇၊ တို့ပါ။

ဖရက်နဲ့ ဗန်ဒီဘိခ်ရဲ့ စမ်းဆောင်ရည်ကို လန်ထွက်နေအောင်ပေးထားတာတွေ့ရပါတယ်။ ကွင်းလယ်မှာ မာတစ်ရဲ့စွမ်းဆောင်ရည်ကို ကောင်းတယ်ဆိုရုံပဲပေးထားပြီး၊ ဗန်ဒီဘိခ်ဟာ (၁၀.၇)အထိရခဲ့တဲ့အတွက် ထင်ထားတာထက်ပိုကောင်းအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ တိုက်စ် – ဂရင်းဝုဒ် – ၇ ၊ မာရှယ် – ၇ ။

တိုက်စစ်မှူး နှစ်ဦးလုံးအနေနဲ့ ဂိုးသွင်းနိုင်ခဲ့ပေမဲ့လည်း သူတို့ရဲ့စွမ်းဆောင်ရည်ဟာ ကောင်းတယ်ဆိုရုံပဲလို့ သတ်မှတ်ပေးခဲ့ပါတယ်။ အရန် – တိုမီနေး – ၇၊ ရက်ရှ်ဖို့ဒ် – ၉၊ ဖာနန်ဒက် – ၈၊ ကာဗာနီ – ၆၊ တူအမ်ဘီဇီ – ၇၊ တို့ပါ။ အရန်တွေကို ဒီပမာဏတွေပေးခဲ့တာက ကွင်းထဲမှာ ပွဲချိန်နည်းပေမဲ့ အရန်တွေက ပိုကောင်းခဲ့တာကို ပြနေပါတယ်။

အထူးသဖြင့် ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်ရဲ့ သတ်မှတ်နှုန်းထားတွေက တကယ်လည်းကွင်းထဲမှာ ပိုကောင်းခဲ့တာကိုပြနေပါတယ်။ ရက်ရှ်ဖို့ဒ်+ဖာနန်ဒက် ၀င်လာပြီးမှ တိုက်စစ်က သိသိသာသာပြောင်းလဲသွားတာဖြစ်ပြီး၊ မာရှယ်ကလည်း ပင်နယ်တီကန်ဖို့ အခွင့်အရေးပါရခဲ့တာဖြစ်ပါတယ်။ စွမ်းဆောင်ရည်နှုန်းထားအရ ဗန်ဒီဘိခ်ဟာ သူ့နေရာမဟုတ်ဘဲ ကစားခဲ့ရတာနဲ့တင် ခြေစွမ်းအပြဆုံးအဖြစ်ရွေးချယ်ခံရခဲ့တာလို့ဆိုရမှာပါ။

Thu Yay – MMUN

Add a Comment

Your email address will not be published. Required fields are marked *