အင်္ဂလန်ဘောလုံးလောကရဲ့ အသက်အငယ်ဆုံးသူဌေးလေး ဂျက်ခ်

ပရီးမီးယားလိဂ်မှာ ပရိသတ်တွေ မထင်ထားတဲ့ အသက်ငယ်ငယ် သူဌေးလေးတယောက်ရှိနေပါတယ်။ နာမည်က ဂျက်ခ်လို့ခေါ်ပြီး၊ လက်ရှိအင်္ဂလန်ဘောလုံးလောကမှာတော့ အသက်အငယ်ဆုံး သူဌေးလေးလို့ သိရပါတယ်။ ဘီဘီစီကထုတ်လွှင့်ခဲ့တဲ့ The Youngest Boss ဆိုတဲ့ အစီအစဉ်က တကယ့်သူဌေးလေး ဂျက်ခ်ဖြစ်ပါတယ်။

ဂျက်ခ်က ၀က်စ်ဟမ်းအသင်းပူးတွဲပိုင်ရှင် ဒေးဗစ်ဆူလီဗန်ရဲ့သားပါ။ ဒေးဗစ်ဆူလီဗန်နဲ့ အမေဖြစ်သူ ဗော်လီတို့ရဲ့အငယ်ဆုံးသား ဂျက်ခ်ဟာ မိဘ၀တွေရဲ့ချမ်းသာမှုကြောင့် ကလပ်မှာနေရာရလာခဲ့ပါတယ်။ မိဘနှစ်ယောက်လုံးက ၀က်စ်ဟမ်းအသင်းကြီးမှာ တွဲဖက်ပိုင်ရှင်၊ ဒါရိုက်တာအဖွဲ့ဝင် စတဲ့ပုံစံတွေနဲ့တာဝန်ယူနေချိန်မှာ ဂျက်ခ်ကိုလည်း သူတို့က နေရာတနေရာပေးချင်ခဲ့ပါတယ်။

နောက်တော့ အမျိုးသားအသင်းမှာ နေရာမပေးခဲ့ဘဲ ၀က်စ်ဟမ်းအမျိုးသမီးအသင်းမှာ နေရာပေးခဲ့ပါတယ်။ ၁၈ နှစ်ပဲရှိသေးတဲ့ဂျက်ခ်ဟာ မိဘတွေအရှိန်အ၀ါနဲ့ အမျိုးသမီးအသင်းမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘော့စ်ဖြစ်လာပါတယ်။ ရာထူးကလုပ်ပိုင်ခွင့်အပြည့်နဲ့ မန်နေဂျင်းဒါရိုက်တာ MD ရာထူးပါ။ သူ့ကို MD ခန့်အပ်လိုက်တဲ့အတက် ဘောလုံးအသင်းတသင်းရဲ့ ဘော့စ်ဖြစ်သွားပါတယ်။

အင်္ဂလန်တင်သာမက ဗြိတိန်တခုလုံးမှာပါ ၁၈ နှစ်နဲ့ဘော့စ်ဖြစ်သူတွေရှိနေပေမဲ့ ဘောလုံးလောကမှာတော့ ဂျက်ခ်က အငယ်ဆုံးလို့သိရပါတယ်။ ဂျက်ခ်ရဲ့မိဘနှစ်ပါး ချမ်းသားကြွယ်ဝမှုက ပေါင်သန်း ၅၀၀ ကျော်ရှိတဲ့အတွက် အမျိုးသမီးအသင်းမှာဆိုရင် ဂျက်ခ်ဟာ သူဌေးပေါက်စလေးဖြစ်နေတာပါ။ အမျိုးသမီးအသင်းမှာပါ ဘော့စ်ဖြစ်သွားတဲ့အတွက် ပေါ်ပြူလာဘော့စ်တယောက်ပါပဲ။

ဝက်စ်ဟမ်းအသင်းကတော့ လက်ရှိမှာ ပိုင်ရှင်နှစ်ယောက်နဲ့လည်ပတ်နေတာပါ။ ဆူလီဗန်နဲ့ အဓိကရှယ်ယာရှင် ဒေးဗစ်ဂိုးလ်တို့ကပိုင်ရှင်တွေဖြစ်ပြီး၊ ဒုဥက္ကဌကတော့ ကာရန်ဘရက်ဒီလို့သိရပါတယ်။ ဆူလီဗန်ရဲ့မိန်းမ ဗော်လီက ဒါရိုက်တာအဖွဲ့ဝင်ရာထူးကို ပြီးခဲ့တဲ့ရာထူးကမှ ပူးပူးနွေးနွေးရယူထားပါတယ်။ မိသားစုဝင်တွေအကုန် တက်ညီလက်ညီလို့ဆိုရမှာပါပဲ။

Thu Yay – ShweBa

Add a Comment

Your email address will not be published. Required fields are marked *