တရက်တည်းနှစ်ပွဲကစားပြီး၊ ဂိုးသွင်းပေးခဲ့လို့ နာမည်မသိကစားအဖြစ် စာတန်းထိုးခဲ့ရတဲ့ ဝက်စ်ဟမ်းတိုက်စ်မှူး

ဝက်စ်ဟမ်းအသင်းတိုက်စစ်မှူး အဖိုလရန် တယောက် ၂၄ နာရီအတွင်း ဘောလုံးပွဲနှစ်ပွဲကစားခဲ့ပြီး၊ ပရော်ဖက်ရှင်နယ်ဂိုးတဂိုးသွင်းနိုင်ခဲ့လို့ ပရိသတ်တွေအံ့အားသင့်နေကြပါတယ်။ ဝက်စ်ဟမ်းအသင်းကြီးအတွက် စီနီယာပွဲထွက်ခွင့်ရချိန်မှာပဲ သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူခဲ့တာဖြစ်လို့ အဖိုလရန်ကို ပိုချီးကျူးနေကြပါတယ်။

အဖိုလရန်က အသက် ၂၃ နှစ်အရွယ်ရှိတဲ့ ယူ ၂၃ ကစားသမားတဦးပါ။ ဝက်စ်ဟမ်း ယူ၂၃ မှာပဲ ပွဲထွက်နေရတဲ့ အဖိုလရန်တယောက် သောကြာနေ့ညမှာ ယူ၂၃ ပွဲကိုဝင်ကစားခဲ့ပါတယ်။ ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက် အသင်းကြီးနည်းပြကနေ သူ့အသင်းမှာ အရန်အင်အားအဖြစ်လူစာရင်းထဲထည့်ခဲ့ပြီး၊ ၂၄ နာရီတောင်မနားရသေးတဲ့ ကစားသမားဟာ လူစာရင်းထဲပါသွားခဲ့ပါတယ်။

နောက်တော့ ဝက်စ်ဟမ်းနဲ့ ဒွန်ကတ်စတာတို့ ကစားတဲ့ အက်ဖ်အေဖလား စတုတ္ထမြောက်ပွဲစဉ်မှာ အဖိုလရန်တယောက် ပွဲထွက်ရဖို့ ဖြစ်လာပါတယ်။ပွဲအစမှာပွဲထွက်ခွင့်ရခဲ့တာမျိုးတော့မဟုတ်ပေမဲ့ မိနစ် ၇၀ အရောက်မှာ နည်းပြက လူစားထည့်သွင်းလိုက်ပါတယ်။ ၆ မိနစ်အကြာမှာ ပထမဆုံးစီနီယာသွင်းဂိုးစရခဲ့ပြီး၊ ပထမဆုံးပွဲမှာပဲ တန်းဂိုးသွင်းလိုက်ပါတယ်။

အခုလိုဂိုးသွင်းလိုက်တဲ့အတွက် ဝက်စ်ဟမ်းပရိသတ်တွေက ကိစ္စမရှိပေမဲ့ ရုပ်သံဌာနတွေက တိုင်ပတ်သွားခဲ့ပါတယ်။ စကိုင်းစပေါ့၊ ဘီတီစပေါ့တို့လို တိုက်ရိုက်ပြနေတဲ့ရုပ်သံလိုင်းတွေကနေ အဖိုလရန်ဂိုးသွင်သွားချိန်မှာ စာတန်းထိုးဖို့ အခက်အခဲရှိခဲ့ပါတယ်။ ကစားသမားကို တခါမှလည်းမမြင်ဖူးတဲ့အပြင် သူတို့ပြသနေတဲ့ ချန်နယ်လိုင်းတွေမှာ အဖိုလရန်ရဲ့နာမည်ကို ကုဒ်ရိုက်မသွင်းထားလို့ ဂိုးသွားချိန်မှာ စာတန်းထိုးဖို့ ချက်ချင်းမရှိခဲ့ပါဘူး။

ဒါကြောင့် Unkown လို့ နာမည်စာတန်းထိုးခဲ့ရပြီး၊ အဖိုလရန်ရဲ့ ပထမဆုံးဂိုးဟာ ရုပ်သံဌာနတွေမှာ အမည်မသိကသွင်းတဲ့ဂိုးဖြစ်သွားခဲ့ပါတယ်။ အခုလိုဖြစ်တာကလည်း ကစားသမားက ယူ၂၃ မှာ မနေ့ကကန်ပြီး၊ ဒီနေ့ အသင်းကြီးမှာဂိုးသွင်းလိုက်တာဖြစ်လို့ အားလုံးကတိုင်ပတ်သွားခဲ့တာဖြစ်ပါတယ်။ အခုတော့ အဖိုလရန်-ဝက်ဟမ်းတိုက်စစ်မှူးလို့ နာမည်ပြောင်းထည့်ထားပြီလို့ သိရပါတယ်။

Thu Yay – ShweBa

Add a Comment

Your email address will not be published. Required fields are marked *