ပေါ့ဘာကို လိုချင်နေတဲ့ ပီအက်စ်ဂျီကို ဈေးသတ်မှတ်ပေးလိုက်တဲ့ မန်ယူနိုက်တက်
|ပီအက်စ်ဂျီနည်းပြသစ် ပိုချက်တီနိုဟာ သူရဲ့နံပါတ်တစ် အပြောင်းအရွှေ့အဖြစ် မန်ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဘာကို သတ်မှတ်လိုက်ပါတယ်။ ပြင်သစ်သတင်းဌာနတွေနဲ့ Daily Express ရဲ့ ဖော်ပြချက်အရ ပေါ့ဘာကို ပီအက်စ်ဂျီဟာ တကယ်ပဲအလိုရှိနေပြီး၊ ပြောင်းရွှေ့ကြေးတွေတောင် ညှိနှိုင်းနေပါပြီ။
အခုလိုမျိုး စိတ်ဝင်တစားရှိလာတဲ့အပေါ်မှာ မန်ယူနိုက်တက်ကလည်း ငြိမ်မနေခဲ့ပါဘူး။ သူတို့ကစားသမားကို ပြောင်းရွှေ့ကြေးအမြင့်လိုချင်နေဆဲဖြစ်တဲ့အတွက် သတင်းထွက်နေသလို အလွတ်ကြေးမဖြစ်အောင် ပေါင် ၇၅ သန်း သတ်မှတ်ပေးလိုက်ပါတယ်။
ဒါဟာ ဂျူဗင်တပ်ကနေ ပေါ့ဘာကို ပြန်ခေါ်တုန်းက ဈေးထက် ပေါင် ၁၄ သန်းလျော့နည်းနေတာဖြစ်ပါတယ်။ ၂၀၁၆ တုန်းက ပေါ့ဘာကို ဂျူဗင်ကနေ ပြန်ခေါ်ချိန်၊ ကမ္ဘာ့စံချိန်တင်ဈေးတရပ်ကို ပေးချေခဲ့ရပြီး၊ ပေါင် ၈၉ သန်းအထိ ပြောင်းရွှေ့ကြေးသုံးခဲ့ရတာပါ။
ဒီအတွက် မန်ယူနိုက်တက်ကလည်း ပေါ့ဘာကို လိုချင်ရင် လွယ်လွယ်နဲ့မရတဲ့ ဈေးနှုန်းသတ်မှတ်ပေးလိုက်တာလို့ ဆိုနိုင်ပါတယ်။ တဖက်မှာတော့ ရီးရဲလ်မက်ဒရစ်အနေနဲ့ လက်ရှိပေါ့ဘာရဲ့ ပြောင်းရွှေ့ဈေးနှုန်းကြောင့် နောက်တွန့်သွားနိုင်ပါတယ်။
ဒါ့အပြင် ပေါ့ဘာနဲ့ အသင်းကြားအောင်မြင်မှုလို့ဆိုရနိုင်တဲ့အချက်အဖြစ် ယူရိုပါလိဂ်နဲ့ ကာရာဘောင်ဗိုလ်လုပွဲပဲရောက်ဖူးတဲ့အချက်တွေကြောင့် မက်ဒရစ်ဟာ ပေါ့ဘာကိုခေါ်ယူဖို့အရေး ဆိုင်းငံ့ထားပါတယ်။ ပိုချက်တီနိုကတော့ ပီအက်စ်ဂျီမှာ ပေါ့ဘာကိုတည်ပြီး၊ ကမ္ဘာ့အဆင့်တွေနဲ့ တည်ဆောက်နိုင်မယ်လို့ ယုံကြည်ထားတယ်လို့ သိရပါတယ်။
Thu Yay – ShweBa