Latest

ဖီဖာဘောလုံးမှာ လုံးဝရှုံးပွဲမရှိ (၄၅၀-၀) ရလဒ်နဲ့ ကမ္ဘာ့စံချိန်သစ်တင်လိုက်တဲ့ ၁၅ နှစ်သား

ဒိန်းမတ်ရဲ့ ၁၅ နှစ်သားလေး အန်ဒါဗီဂျာဂန်တယောက် လက်ရှိမှာ ကမ္ဘာ့စံချိန်ကို တခုပြီးတခုထပ်တင်နေပါတယ်။ လုံးဝရှုံးပွဲမရှိသေးတဲ့ သူ့ရဲ့စံချိန်ကို ဒီတပတ်မှာလည်း ထပ်ပေါင်းလိုက်တဲ့အပြင် အသက် ၁၅ နှစ်ပြည့် မွေးနေ့ရှိတဲ့အတွက်ကြောင့်လည်း ထူးထူးခြားခြားအောင်ပွဲခံနိုင်မယ့် ရက်သတ္တပတ်ဖြစ်နေပါတယ်။ ဗီဂျာဂန်စံချိန်တင်နေတာက ဖီဖာဘောလုံးဂိမ်းလို့ လူသိများတဲ့ ဖီဖာ ၂၁ မှာပါ။ FUT Champs လို့ လူသိများတဲ့ အပတ်စဉ်
Read More

အေဗရာမိုဗစ်ခ်ျလက်ထက် နည်းပြတွေမှာ ရမှတ်အနည်းဆုံးစံချိန်ကို ပိုင်ဆိုင်သွားတဲ့ ဖရန့်ခ်လမ်းပတ်

ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်တယောက် အထုတ်ပယ်ခံရချိန်မှာ စံချိန်ဆိုးတခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျလက်ထက် ပရီးမီးယားလိဂ်တပွဲချင်းရမှတ်အနည်းဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပြီး၊ လမ်းပတ်ဟာ ထုတ်ပယ်ခဲ့သမျှနည်းပြထဲ ပရီးမီးယားလိဂ်ရလဒ်အဆိုးဆုံးဖြစ်လာပါတယ်။ ၄၂ နှစ်အရွယ် လမ်းပတ်အနေနဲ့ အသင်းက ထုတ်ပယ်ခံရချိန်မှာ ချဲလ်ဆီးဟာ အမှတ်ပေးဇယားအဆင့် ၉ ကိုရောက်ရှိနေပါပြီ။ ဇယားထိပ်ဆုံးက မန်ယူနိုက်တက်နဲ့ ၁၁ မှတ်အထိ ကွာဟနေတဲ့အပြင် ကလပ်ဖက်က
Read More

ဗန်ဒိုက်ကိုခေါ်ဖို့ လုပ်ပြီးကာမှ လင်ဒီလော့ဖ်ကိုပဲ ရွေးချယ်သွားတဲ့ မန်ယူ

ဗန်ဒိုက်လီဗာပူး ကစားသမားဖြစ်လာခဲ့ရတဲ့ အကြောင်းရင်းက လင်ဒီလော့ဖ်ကိုခေါ်ဖို့ မန်ယူနိုက်တက်က ဆုံးဖြတ်ခဲ့တာကြောင့်လို့ သိရပါတယ်။ နှစ်ဦးလုံးရဲ့အသင်းဖော်ဟောင်း အော်စတင်ရဲ့ Talksports နဲ့ အင်တာဗျူးအစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တဲ့အချက်ကြောင့်ဖြစ်ပြီး၊ မန်ယူနိုက်တက်က လင်ဒီလော့ဖ်ကိုပဲေ၇ွးချယ်ခဲ့တယ်ဆိုပါတယ်။ ” ချဲလ်ဆီးကို အဝေးကွင်းသွားကစားရတဲ့တရက် ခုံတန်းတွေမှာထိုင်နေကြတုန်း ကျွန်တော် ဗန်ဒိုက်ကိုမေးလိုက်တယ်။ ဟေ့ ဘာတွေဖြစ်နေကြတာလဲပေါ့။ ကျွန်တော်မေးလိုက်တာက မန်ယူက မင်းကိုခေါ်ဖို့ သေချာသွားပြီလားပေါ့။
Read More

အပြောင်းအရွှေ့ကြွေးကျန်တွေများနေတဲ့ ဘာစီလိုနာရဲ့အ၀ယ်အသင်းစာရင်း

နောက်ဆုံးအကြိမ်ထုတ်ပြလိုက်တဲ့ ဘာစီလိုနာရဲ့ဘဏ္ဍာရေးစာရင်းအရ ကလပ်ဟာ ဒေ၀ါလီခံနိုင်ရတဲ့အထိ အကြွေးများနေပါတယ်။ စုစုပေါင်းအကြွေး ပေါင် ၁.၂ ဘီလျံအထိ အကြွေးတင်နေတဲ့အပြင် နောက်ထပ်အသင်း စုစုပေါင်း ၁၉ သင်းကိုလည်း ပြောင်းရွှေ့ကြေးကျန်တွေပေးရဖို့ရှိနေတယ်လို့ သိရပါတယ်။ အသင်းတွေကို အကြွေးတွေပေးဖို့ ကျန်နေတာက ကစားသမားခေါ်ယူတဲ့အပိုင်းတွေမှာပါ။ ဘာစီလိုနာအသင်းခေါ်ခဲ့တဲ့ ကစားသမားတွေအတွက် ပြောင်းရွှေ့ကြွေးတွေအပြည့်မပေးနိုင်သေးတာဟာ စုစုပေါင်း ယူရို ၁၉၆ သန်းအထိရှိပါတယ်။ အဲဒီထဲမှာမှ
Read More

မန်စီးတီးမှာထိုးခဲ့တဲ့ ကျောပြင်တက်တူးကို နောင်တအကြီးအကျယ်ရနေတဲ့ လီရွိုင်းဆာနေး

ဘိုင်ယန်မြူးနစ်တောင်ပံကစားသမား ဆာနေးက ၂၀၁၇ မှာထိုးခဲ့တဲ့ ကျောပြင်တက်တူးကို သူ့အနေနဲ့ နောင်တအကြီးအကျယ်ရနေတယ်လို့ ၀န်ခံခဲ့ပါတယ်။ ဂျာမန်ကစားသမား ဆာနေးတယောက် သူ့ရဲ့ကျောပြင်မှာထိုးတဲ့ ကျောပြည့်တက်တူးအတွက် လေးရက်လောက်အချိန်ကုန်ခံခဲ့ရတာပါ။ ပြီးခဲ့တဲ့ရက်က ဆာနေးတယောက် ဘိုင်ယန်အတွက်ကစာေးနရင်း ပွဲပြီးလို့ အင်္ကျီချွတ်လိုက်ချိန်မှာ ကျောပြည့်တက်တူးကပေါ်သွားခဲ့ပါတယ်။ တက်တူးထိုးထားတာက ကိစ္စမရှိပေမဲ့ မန်စီးတီးအသင်းအတွက်အောင်ပွဲခံတဲ့ပုံကို တက်တူးထိုးထားခဲ့တာက ဘိုင်ယန်ပရိသတ်တွေအတွက် ပြဿနာရှိလာပါတယ်။ ဆာနေးရဲ့တက်တူးက ဂျာမနီမြေမှာ သတင်းကြီးလာပြီး၊
Read More

ပရီမီးယားလိဂ်ရာသီဝက်အကောင်းဆုံးအသင်းအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ (၁၁)ယောက်

ပွဲစဉ် ၁၉ အထိ ပရီးမီးယားလိဂ်ပွဲတွေကစားပြီးထားချိန်မှာ မန်ယူနိုက်တက်အသင်းက ရာသီဝက်ချန်ပီယံအဖြစ်ဦးဆောင်ခဲ့ပါတယ်။ အသင်းတိုင်းကလည်း ကိုယ်စီအကောင်းဆုံးစွမ်းဆောင်နေကြသလို ပရိသတ်တွေရင်ထဲကို ကိုယ်စီနေရာယူနိုင်တဲ့ ကစားသမားတွေလည်းရှိလာခဲ့ပါပြီ။ ဒီအချိန်မှာ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းကို ရွေးချယ်ဖို့ Whossored က စီစဉ်ခဲ့ပါတယ်။ ပရိသတ် ငါးသောင်းလေးထောင်ကျော် ပါဝင်မဲပေးခဲ့ကြကာ နေရာအလိုက် အကောင်းဆုံးတွေကို ပရိသတ်ကိုယ်စီက ရွေးချယ်ပေးခဲ့ကြပါတယ်။ ရွေးချယ်ပေးခဲ့ချိန်မှာတော့ မဲရလဒ်အများဆုံးရလာတဲ့ ကစားသမား ၁၁
Read More

တရက်တည်းနှစ်ပွဲကစားပြီး၊ ဂိုးသွင်းပေးခဲ့လို့ နာမည်မသိကစားအဖြစ် စာတန်းထိုးခဲ့ရတဲ့ ဝက်စ်ဟမ်းတိုက်စ်မှူး

ဝက်စ်ဟမ်းအသင်းတိုက်စစ်မှူး အဖိုလရန် တယောက် ၂၄ နာရီအတွင်း ဘောလုံးပွဲနှစ်ပွဲကစားခဲ့ပြီး၊ ပရော်ဖက်ရှင်နယ်ဂိုးတဂိုးသွင်းနိုင်ခဲ့လို့ ပရိသတ်တွေအံ့အားသင့်နေကြပါတယ်။ ဝက်စ်ဟမ်းအသင်းကြီးအတွက် စီနီယာပွဲထွက်ခွင့်ရချိန်မှာပဲ သူ့ရဲ့ပထမဆုံးဂိုးကို သွင်းယူခဲ့တာဖြစ်လို့ အဖိုလရန်ကို ပိုချီးကျူးနေကြပါတယ်။ အဖိုလရန်က အသက် ၂၃ နှစ်အရွယ်ရှိတဲ့ ယူ ၂၃ ကစားသမားတဦးပါ။ ဝက်စ်ဟမ်း ယူ၂၃ မှာပဲ ပွဲထွက်နေရတဲ့ အဖိုလရန်တယောက် သောကြာနေ့ညမှာ ယူ၂၃
Read More

ချဲလ်ဆီးဟာဇက်ပြန်ရောက်လာပြီဖြစ်ကြောင်း ကမ္ဘာ့အဆင့်စွမ်းဆောင်ရည်နဲ့သက်သေပြခဲ့တဲ့ ဟာဇက်

အလာဗက်ကိုရင်ဆိုင်ကစားခဲ့တဲ့ ရီးရဲလ်အသင်းရဲ့ပွဲစဉ်မှာ ဟာဇက်ဟာ လုံးဝကို မက်မောလောက်စရာ ပထမပိုင်းစွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။ တဂိုးသွင်း၊ တဂိုးဖန်တီးခဲ့သလို တချိန်တုန်းက ချဲလ်ဆီးအသင်းကိုဆွဲတင်ပေးခဲ့တဲ့ ခြေစွမ်းအစစ်အမှန်မျိုး ပရိသတ်ဆီချပြခဲ့ပါတယ်။ ဟာဇက်ရဲ့ရာသီအစက ချော့မွေ့တဲ့ပန်းခင်းလမ်းမဟုတ်ခဲ့ပါဘူး။ ဒဏ်ရာတွေတောက်လျှောက်ရနေသလို ၆ ပွဲပဲပွဲထွက်ရသေးတာက ဝေဖန်သံတွေများခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြဇီဒန်းက ဒဏ်ရာက ပြန်ကောင်းလာတဲ့ဟာဇက်ကို ပွဲဆက်ထည့်ခဲ့ပြီး၊ တောင်ပံတနေရာမှာ ယုံကြည်မှုအပြည့်ပေးခဲ့ပါတယ်။ ပေးခဲ့ချိန်မှာ အလာဗက်ပွဲပထမပိုင်းမှာ
Read More

လီဗာပူး၊ ချဲလ်ဆီးတို့ထက်ပိုကောင်းတဲ့ အိမ်ကွင်းမှတ်တမ်းကိုပိုင်ဆိုင်ထားတဲ့ ဥရောပအသင်း

ဘန်လေကို (၀-၁)နဲ့ ရှုံးခဲ့တဲ့လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အိမ်ကွင်း ရှုံးပွဲမရှိစံချိန်ကောင်းကျိုးပျက်သွားခဲ့ရပါတယ်။ ၆၈ ပွဲဆက် စံချိန်တင်လာခဲ့တဲ့ ဂျာဂင်ကလော့ပ်နဲ့ အဖွဲ့သားတွေဟာ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းပုံစံကောင်းတွေပျောက်ဆုံးပြီးတဲ့နောက် လေးနှစ်နီးပါးတင်ခဲ့ရတဲ့ အိမ်ကွင်းရလဒ်တွေလည်း ရပ်တန့်သွားခဲ့ရတာပါ။ အခုလိုရပ်တန့်သွားခဲ့တဲ့အတွက် လီဗာပူးအနေနဲ့ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းရှုံးပွဲမရှိမှတ်တမ်းအကြာဆုံး ဒုတိယမြောက်အသင်းဖြစ်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ အရင်ဆုံးစံချိန်တင်ထားတာက ချဲလ်ဆီးအသင်းဖြစ်ပြီး၊ နည်းပြ လေးယောက်ဆက်တင်ထားခဲ့တဲ့ အရှည်ကြာဆုံး အိမ်ကွင်းမှတ်တမ်းကောင်းဖြစ်ပါတယ်။
Read More

ဗဟိုနောက်ခံလူတယောက်ခေါ်ပေးဖို့တောင်းဆိုတာကို ငြင်းပယ်ခံခဲ့ရတယ်လို့ ၀န်ခံလာတဲ့ ဂျာဂင်ကလော့ပ်

လီဗာပူးအသင်းရဲ့တာဝန်ရှိသူတွေက အသင်းရဲ့နောက်ခံခေါ်ယူရေးကို ပယ်ချထားတယ်လို့ သိရပါတယ်။ ဗန်ဒိုက်၊ ဂိုမက်အပြင် အသင်းရဲ့လူငယ်လေးတွေပါ ဒဏ်ရာရနေချိန်မှာ ဗဟိုနောက်ခံလူအသစ်ခေါ်ဖို့ကို လုံးဝခွင့်မပြုထားဘူးလို့ နည်းပြကလော့ပ်က၀န်ခံလာပါတယ်။ အဲဒီအစား ရှိတဲ့လူနဲ့ဆက်သွားရမယ့်သဘောထားမျိုးကိုပဲ ကလော့ပ်ကို အကြောင်းပြန်ထားပါတယ်။ ” ကျွန်တော်က ငါးနှစ်သားအရွယ်လည်းမဟုတ်တော့ပါဘူး။ ကျွန်တော်လိုချင်တာမရရင် ငိုနေတတ်တဲ့ အရွယ်မျိုးလေ။ ကျွန်တော့်ဘ၀ရဲ့အချိန်အများစုက ကျွန်တော်လိုချင်တာကို မရခဲ့ပါဘူး။ အဲဒီလိုမရတာနဲ့လည်း အင်မတန်ကိုအသားကျနေပါပြီ။ ကျွန်တော်တို့ ဗဟိုနောက်ခံလူတယောက်ခေါ်မယ့်အကြောင်းကို
Read More