Month: August 2020

ကိုရိုနာရှိတဲ့သူတွေကိုပဲ လည်ပတ်ခွင့်ပေးဖို့ စီစဉ်ထားတဲ့ကျွန်းလေး

ကိုဗစ်ကြောင့် ခရီးမသွားရဖို့ ကန့်သတ်ထားတဲ့ကိစ္စတွေဖြစ်နေချိန်မှာ ဒီကျွန်းလေးရဲ့စိတ်ကူးကတော့ အဆန်းပါပဲ။ ကိုရိုနာကူးစက်ခံထားရတဲ့ လူနာတွေကိုပဲ သီးသန့် အပန်းဖြေလို့ရအောင်စီစဉ်ပေးမှာဖြစ်ပြီး၊ လာလည်တဲ့သူတွေအားလုံးကို တသားတည်းဖြစ်နေအောင်လို့ပါ။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ အတော်လေးကိုစိတ်ကူးကောင်းတယ်ဆိုရပါမယ်။ သူကဘရာဇီးလ်မှာရှိတဲ့နေရာတစ်ခုကပါ။ အရင်က ခရီးသွားတွေကိုအမြဲလိုလို ဆွဲဆောင်နိုင်တဲ့နေရာဖြစ်ပေမဲ့ ကိုဗစ်ကြောင့်ပိတ်ထားရပါတယ်။ အသွားအလာကန့်သတ်ထားတဲ့အတွက် ခရီးသွားတွေပြန်ရှိလာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘရာဇီးလ်နိုင်ငံမှာ ကိုဗစ်ကူးစက်နှုန်းကမြင့်နေပြီး၊ အများစုက ကူးစက်ခံထားရတဲ့အပေါ် ကမ်းခြေကို ပြန်ဖွင့်ဖို့ စီစဉ်လိုက်ပါတယ်။
Read More

တနာရီကို မိုင် ၄၆၀ အမြန်နှုန်းနဲ့ လူခြောက်ယောက်အထိစီးနိုင်မယ့် ကျည်ဆံလေယာဉ်

ကယ်လီဖိုးနီးယားအခြေစိုက် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုက တနာရီကို မိုင် ၄၆၀ နှုန်းအထိ အမြန်နှုန်းနဲ့ မောင်းနှင်နိုင်မယ့် လူခြောက်ယောက်စီး လေယာဉ်ပျံကို မိတ်ဆက်ပြသလိုက်ပါတယ်။ Otto ကုမ္ပဏီက ထုတ်လိုက်တဲ့ အဆိုပါလေယာဉ် Celera 500L ဟာ လွန်ခဲ့တဲ့ သုံးနှစ်တုန်းက ထုတ်လုပ်နေတယ်လို့ သတင်းထွက်လာခဲ့တဲ့ လေယာဉ်ဖြစ်ပါတယ်။ (၃၁)ကြိမ်လောက် ပျံသန်းစမ်းသပ်မှုလုပ်ပြီးချိန်မှာတော့ လေယာဉ်ဟာ ပျံသန်းနိုင်တဲ့အဆင့်ကို
Read More

ကမ်းခြေဖက်ရှင်မှာ ရွေးချယ်စရာမရှိတဲ့အမျိုးသားတွေအတွက် မကြာခင်လာတော့မယ့် ဘရိုကီနီ

အမျိုးသမီးတွေကမ်းခြေတွေမှာ ရေကစားတော့မယ်ဆိုရင် အတွင်းခံလှလှလေးတွေဝတ်ပြီး၊ ဘီကီနီဖက်ရှင်လို့ တင်စားကြပါတယ်။ ပုံစံအမျိုးမျိုးနဲ့ ဝတ်ဆင်ကြပေမဲ့ ကမ်းခြေလာ ပုရိသတွေအတွက်တော့ အတွင်းခံတထည်တည်းနဲ့အလုပ်ဖြစ်ရတာပါ။ ဖက်ရှင်သီးသန့်ရယ်လို့ မရှိပါဘူး။ ဒါပေမဲ့ မကြာခင်မှာ ဒီအခြေအနေကို တော်လှန်တော့မှာပါ။ သူတို့ကတော့ ကနေဒါနိုင်ငံက ဖက်ရှင်ဆန်းသစ်သူတွေပါ။ ဘီကီနီနဲ့ပတ်သက်လို့ အမြင်တမျိုးဆန်းဖို့နဲ့ ယောကျ်ားလေးတွေဖြစ်မယ့် ဖက်ရှင်အတွက် တီထွင်ဖို့ကြိုးစားခဲ့ပါတယ်။ ပုံပါတိုင်း ဖက်ရှင်ကို နောက်ဆုံးမှာ တီထွင်နိုင်ခဲ့အပြီးမှာတော့
Read More

ဆံပင်ညှပ်ရင်သေမယ်လို့ ယုံတာကြောင့် နှစ်(၈၀)အထိဆံပင်မညှပ်ခဲ့တဲ့ အဖိုးအို

ဆံပင်ညှပ်ရမှာပျင်းတယ်ဆိုတဲ့လူတွေအတွက်တော့ နှစ်ပေါင်း (၈၀)လောက်ဆံပင်မညှပ်ခဲ့တဲ့ အသက် (၉၂)နှစ်အရွယ် အဖိုးအိုက စံပြဖြစ်လာမှာပါ။ ဗီယက်နမ်နိုင်ငံ၊ တောင်မဲခေါင်ဒေသမှာနေတဲ့ အဖိုးအိုက ဘာသာရေးဆိုင်ရာယုံကြည်ချက်တချို့ကြောင့် ဆယ်စုနှစ် (၈)ခုနီးပါးဆံပင်မညှပ်ခဲ့ဘဲ (၅)မီတာလောက်အရှည်ထားရင်း ဘ၀ကိုဖြတ်သန်းခဲ့ပါတယ်။ ငုယင်ဗန်ချီလို့အမည်ရတဲ့ အဖိုးအိုဟာ သူ့ရဲ့ဆံပင်တွေကိုခေါင်းလျှော်တာ၊ ညှပ်တာ၊ သန့်ရှင်းတာတွေကို နှစ်ပေါင်း (၈၀)နီးပါးလောက် ဘာမှမလုပ်ခဲ့ပါဘူး။ သူ့ ရဲ့ယုံကြည်ချက်ကို ရိုက်တာသတင်းဌာနက အင်တာဗျူးမှာ ဖြေတာကရှင်းပါတယ်။
Read More

အသက်ရှုမယ့်လေကို အလိုအလျောက်သန့်စင်ပေးမယ့် LG နှာခေါင်းစည်း

ကမ္ဘာ့ဈေးကွက်ကို အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ဈေးကွက်မှာ အောင်မြင်မှုရထားတဲ့ တောင်ကိုရီးယားနည်းပညာကုမ္ပဏီ LG က မကြာခင်မှာ နှာခေါင်းစည်းထုတ်လုပ်ရောင်းချလာဖို့ရှိနေပါတယ်။ ဘတ္ထရီအားသွင်းလို့ရတဲ့စနစ်နဲ့အတူ လေကိုပါသန့်စင်ပေးမယ့် နည်းပညာနှာခေါင်းစည်းကို ပုံမှန်နှာခေါင်းစည်းတွေနေရာမှာအစားထိုးလာဖို့ရည်ရွယ်ချက်နဲ့ပါ။ ကိုဗစ်ကပ်ရောဂါကာလဖြစ်လာချိန်မှာ လူသားတွေအတွက် လေသန့်စင်မှုက အရေးပါလာတဲ့အချက်ဖြစ်ခဲ့ပါတယ်။ LG အနေနဲ့ ထုတ်ကုန်အသစ်အတွက် အကြံဥာဏ်ရခဲ့ချိန်မှာ ဘတ္ထရီအားသွင်းပြီး၊ လေကိုသန့်စင်ပေးမယ့် နည်းပညာနှာခေါင်းစည်းကို စတင်ဖန်တီးခဲ့ပါတယ်။ အချိန်အတိုင်းအတာတစ်ခုကြာချိန်မှာတော့ နှာခေါင်းစည်းကို အောင်မြင်စွာ
Read More

တစ်ယောက်စီးကားပျံကို အောင်မြင်စွာတီထွင်နိုင်လိုက်ပြီဖြစ်တဲ့ ဂျပန်

ကားပျံလို့နာမည်ရတဲ့ တစ်ယောက်စီးဘီးမဲ့လေယာဉ်ပျံကို လေပေါ်မှာပျံနိုင်တဲ့အထိ အောင်မြင်အောင် ဂျပန်နိုင်ငံကတီထွင်ထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ မကြာခင်နှစ်တွေမှာ ဈေးကွက်ထဲကို စီးပွားဖြစ်တင်သွင်းဖို့ ရည်ရွယ်ထားတဲ့ တစ်ယောက်စီးကားပျံကို Skydrive လို့ခေါ်တဲ့ ကုမ္ပဏီက တီထွင်ခဲ့တာဖြစ်ပြီး၊ လေပေါ်မှာအောင်မြင်စွာပျံနိုင်ခဲ့တဲ့အတွက် အလားအလာကောင်းတွေများနေပါတယ်။ တယောက်တည်းစီးဖို့ရည်ရွယ်ထားတဲ့ လေပေါ်ပျံကားကို ကုမ္ပဏီက လေထဲမှာ မိနစ်အနည်းငယ်အကြာထိရပ်ပြနိုင်ခဲ့ပါတယ်။ ဈေးကွက်ထဲကိုရောက်နေတဲ့ ဒရုန်းတွေနဲ့ ပုံစံဆင်တူပြီး၊ ယာဉ်ကိုအပေါ်တက်စေဖို့အတွက် ပန်ကာအသေးလေးလေးခုကို နှစ်ထပ်တပ်ထားပါတယ်။ လက်ရှိကမ္ဘာ့ကားပျံထုတ်နေတဲ့
Read More

ပေါက်ကွဲမှုကြောင့် (၁၆၅)ပေလောက်နက်တဲ့ကျင်းပေါက်ကြီးတခု ဖြစ်ပေါ်

ပြင်းထန်လွန်းတဲ့ပေါက်ကွဲမှုတစ်ခုကြောင့် ဖြစ်လာတယ်လို့ ယူဆရတဲ့ ကျင်းပေါက်အကြီးကြီးတစ်ခုကို အာတိတ်စက်ဝိုင်းအတွင်း အမှတ်မထင်ရှာတွေ့ခဲ့ပါတယ်။ မြောအောက်ကို (၁၆၅)ပေအထိ နက်သွားစေတဲ့ပေါက်ကွဲအားကြောင့် မီသိန်းဓာတ်ငွေ့ကြောင့်လို့ လတ်တလောမှာယူဆထားပါတယ်။ ရုပ်သံရိုက်ကူးရေးဝန်ထမ်းတဦးက အမှတ်မထင်ရှာတွေ့ခဲ့တဲ့ အဆိုပါကျင်းနက်ကြီးဟာ ရုရှားပိုင်နက်အတွင်းမှာပါ။ အာတိတ်စက်ဝိုင်းအတွင်းကျရောက်နေတဲ့ ဒေသဖြစ်တဲ့ ရာမယ်ပင်နယ်ဆူလာကျွန်းဆွယ်အနားကနေ ရိုက်ကူးရေးဝန်ထမ်းတဦးက အပေါ်ကဖြတ်ပျံချိန်မှာ ကျင်းပေါက်ကြီးကို မတော်တဆတွေ့ခဲ့ပါတယ်။ အေးခဲနေတဲ့ မြေသားတွေနဲ့ ရေခဲတွေ မီတာလောက်ဖုံးလွှမ်းနေတဲ့ ဒေသအပိုင်းကိုဝင်ရောက်ရတာဖြစ်တဲ့အတွက် အခုလိုကျင်းပေါက်ကြီးကို
Read More

ပျားတုပ်ခံရတဲ့ ပျားဆူးတွေနှုတ်ချိန်မှာ အချောင်း (၄၀၀)လောက်ရခဲ့တဲ့အမျိုးသမီး

လယ်ကွင်းထဲမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးကို ပျားအုပ်ကြီးက၀င်လာပြီး တိုးသွားချိန်မှာကာချိန်မရလိုက်ပါဘူး။ တုပ်တာမျိုးမဟုတ်ဘဲ အုပ်စုလိုက်ဝင်တိုးတာမျိုးဖြစ်တဲ့အတွက် ပျားဆူးတွေက ခန္ဓာကိုယ်ကို စိုက်ခဲ့ပါတယ်။ ကျောပြင်၊ လက်နဲ့ မျက်နှာမှာ မြင်မကောင်းလောက်အောင်များခဲ့တဲ့အနေအထားက ဆေးခန်းကိုရောက်ချိန်မှာ ဆွဲနှုတ်ဖို့ဖြစ်လာပါတယ်။ တချောင်းချင်းဆွဲနှုတ်ခဲ့ပြီး၊ အကုန်ပြီးသွားချိန်မှာ ဆူးတွေ (၄၀၀)လောက်ရှိခဲ့ပါတယ်။ ဆူးတွေနှုတ်ပေးခဲ့တဲ့ဆရာဝန်က အမျိုးသမီးရဲ့အဖြစ်အပျက်ကို ဒေသခံသတင်းဌာနကို အခုလိုပြောခဲ့ပါတယ်။ ” လူနာကို ဆေးရုံကိုခေါ်လာတဲ့အချိန်မှာ သူ့ရဲ့လည်ပင်း၊
Read More

ဝိုင်ဖိုင်လိုင်းကောင်းတဲ့နေရာမှာ အိမ်စာလုပ်ဖို့ လမ်းဘေးမှာပဲထိုင်ခဲ့တဲ့ ကလေးငယ်နှစ်ဦး

ပုံလေးမှာမြင်နေရတဲ့မြင်ကွင်းကို ရုတ်တရက်ကြည့်လိုက်ရင် ကလေးနှစ်ယောက်နဲ့ လူကြီးနှစ်ယောက်စကားပြောနေတယ်ပဲထင်စရာပါ။ ထူးဆန်းတာမျိုးရှိမနေပါဘူး။ ဒါပေမဲ့ နောက်ကွယ်ကပုံလေးရဲ့အကြောင်းကိုသိလိုက်ရရင်တော့ အဓိပ္ပာယ်တွေပြည့်နှက်နေတဲ့ ပုံလေးအဖြစ်ပြောင်းလဲသွားမှာဖြစ်ပါတယ်။ မူလတန်းကလေးတွေရဲ့ စာကြိုးစားမှုပါ။ ပုံထဲက လူကြီးနှစ်ယောက်က တာကိုဘဲလ်လို့ခေါ်တဲ့ အမြန်စားအစားအသောက်တွေရောင်းတဲ့ ဆိုင်က၀န်ထမ်းတွေပါ။ ဆိုင်တွေရဲ့ထုံးစံအတိုင်း စားသုံးသူတွေကို ၀န်ဆောင်မှုပေးဖို့ လိုင်းကောင်းတဲ့ဝိုင်ဖိုင်ကိုတပ်ထားရပါတယ်။ ဓာတ်ပုံထဲမှာပါနေတဲ့ ကလေးနှစ်ယောက်က တာကိုဘဲလ်ဆိုင်က ၀ိုင်ဖိုင်ကို ကျောင်းစာလုပ်ဖို့အတွက် လာသုံးတဲ့ ကလေးလေးတွေဖြစ်ပါတယ်။ အမေရိကန်မှာ
Read More

ကျွန်တကျွန်းလုံးကို တညလုံးငှားမှ မြန်မာငွေ ၅ သောင်းခွဲပဲကျမယ့်ကျွန်း

အင်တာနေရှင်နယ်ခရီးတွေသွားရတာမှ ကြိုက်တဲ့ ခရီးသွားတွေအတွက် အခုပြောပြမယ့်ကျွန်းလေးက စိတ်ဝင်စားဖို့ ကောင်းမှာပါ။ တကျွန်းလုံးကိုငှားလို့ရမှာဖြစ်သလို ဈေးလည်းအင်မတန်သက်သာတဲ့နှုန်းထားနဲ့ရှိနေပါတယ်။ အီတလီနိုင်ငံကိုအရင်ရောက်အောင်သွားပြီးမှ သွားရမှာဖြစ်တဲ့အတွက် အီတလီခရီးစဉ်တွေကိုရည်ရွယ်ထားခဲ့ရင် ရောက်အောင်သွားဖို့ရည်ညွန်းချင်ပါတယ်။ ကျွန်းနာမည်က Falconera (ဖယ်ကွန်နာရာ)လို့ ခေါ်ပါတယ်။ ဂူးဂဲလ်မြေပုံမှာ ရိုက်ရှာလိုက်ရင် အီတလီရဲ့ ကာဗယ်လီနို-ထရီပေါ့တီဆိုတဲ့ မြို့လေးအနားမှာရှိပါတယ်။ ကိုယ်ပိုင်ကျွန်းဖြစ်တဲ့အတွက် ကျွန်းလေးကို လာအပန်းဖြေမယ့်သူဟာ တညငှားလိုက်တာနဲ့ တကျွန်းလုံးကို တညလုံးပိုင်သွားမှာဖြစ်ပါတယ်။ ကျွန်းပေါ်မှာ
Read More