Month: January 2021

အာဆင်နယ်ကစားသမားတယောက် မင်းလောက်အသုံးမကျဘူးဆိုတာကို ကွင်းထဲမှာရက်ရှ်ဖို့ဒ်ကို သွယ်ဝိုက်သတိပေးခဲ့တဲ့ ဆိုးလ်ရှား

အမ်းမရိတ်မြေမှာ နောက်ဆုံးသုံးနှစ်တာကာလအတွင်း မန်ယူတို့မနိုင်ခဲ့တာ ကစားပြီးခဲ့တဲ့ပွဲနဲ့ဆိုရင် ၃ နှစ်ရှိပြီဖြစ်ပါတယ်။ ၀-၀ သရေရလဒ်ကို နှစ်သင်းလုံးဦးတည်သွားပေမဲ့ လူမစုံခဲ့တဲ့ အာဆင်နယ်၊ အဆုံးသတ်မသေချာတဲ့ ကာဗာနီတို့ရဲ့ လိုအပ်ချက်တွေကြောင့် ဂိုးတွေကထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။ အာဆင်နယ်အသင်းရဲ့ခံစစ်ပိုင်းဆိုရင်လည်း တီယာနေးမပါဝင်နိုင်တဲ့အတွက် ဘယ်ခြမ်းမှာ ဆီဒရစ်ဆိုရေးကို အသုံးပြုခဲ့ရတဲ့အပြင် ပုံမှန်မဟုတ်တဲ့ မာတင်နယ်လီနဲ့အချိတ်အဆက်လုပ်ခဲ့ရပါတယ်။ ဒါဟာ အာတီတာကိုရလဒ်ကောင်းတွေရယူပေးထားတဲ့ ဘယ်ခြမ်းမဟုတ်ဘဲ မန်ယူကိုရင်ဆိုင်ခဲ့ရတဲ့အတွက် နည်းဗျူဟာပိုင်းလစ်ဟာချက်တွေအများကြီးရှိခဲ့ပါတယ်။ ဒီအနေအထားကိုဆိုးလ်ရှားလည်းမြင်နိုင်ခဲ့ချိန်မှာ
Read More

ဖာနန်ဒက်တယောက် တနှစ်တာအတွင်း ယူနိုက်တက်ကို ဘယ်လိုပြောင်းလဲပေးခဲ့သလဲ

စပို့တင်းကနေ ဖာနန်ဒက်ကို ပေါင် ၄၇ သန်းနဲ့ ခေါ်လိုက်တာ အခုဆိုရင် တနှစ်ပြည့်သွားခဲ့ပါပြီ။ မန်ချက်စတာယူနိုက်တက်လည်း လက်ရှိအမှတ်ပေးဇယား အဆင့် ၂ ကိုရောက်လာခဲ့သလို မန်စီးတီးနဲ့လည်း ၁ မှတ်ပဲကွာတဲ့အခြေအနေကိုရောက်နေပါတယ်။ ဒါတောင် ရှက်ဖီးယူနိုက်တက်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာလည်း ပါပါတယ်။ တနှစ်တာအတွင်း ဖာနန်ဒက် စွမ်းဆောင်ခဲ့တာတွေက ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ထိုက်တန်းလွန်းနေပါတယ်။ တနှစ်တာအတွင်း ဖာနန်ဒက်ဟာ
Read More

နေမာ၊ မက်ဆီတို့ထက်စောပြီး၊ နစ်ကီရဲ့အသက်အငယ်ဆုံးစာချုပ်သူဖြစ်လာတဲ့ ရှစ်နှစ်သားလေး

အသက်ရှစ်နှစ်ပဲရှိသေးတဲ့ ကောအန် ဘာစီလီဆိုတဲ့ ကောင်လေးတယောက်ဟာ ကမ္ဘာကျော် အားကစားကုမ္ပဏီကြီး နစ်ကီနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်ချိန်မှာ ရှစ်နှစ်ပဲရှိသေးတာကြောင့် မက်ဆီ၊ နေမာတို့လို ကမ္ဘာကျော်တွေကို နစ်ကီက စာချုပ်ချိန်ထက်ကို ပိုစောခဲ့ကာ နစ်ကီရဲ့အသက်အငယ်ဆုံးစာချုပ်သူဖြစ်လာခဲ့ပါတယ်။ ဘာစီလီက လက်ရှိမှာ ဘရာဇီးကလပ် ဆန်းတို့စ်အသင်းရဲ့ ကစားသမားပါ။ လူငယ်အသင်းမှာကစားနေတဲ့ ကစားသမားလေးကို နစ်ကီက အခုလိုစာချုပ်လိုက်တာဟာ မကြာခင်မှာ
Read More

အသင်းခေါင်းဆောင်ကိုနာမည်မခေါ်တတ်လို့ ပူလီဆစ်က ပြန်သင်ပေးတာခံလိုက်ရတဲ့ တူချယ်

လမ်းပတ်ရဲ့ဆက်ခံသူအနေနဲ့ ချဲလ်ဆီးကို ၀င်ကိုင်ခဲ့ရတဲ့ သောမတ်တူချယ်အတွက် ပထမဆုံးပွဲက အရာရာအဆင်ပြေနေမှာမဟုတ်ပါဘူး။ ၀ုဗ်ကို ၀-၀ ကန်နိုင်ခဲ့တဲ့အတွက် မဆိုးဘူးလို့သုံးသပ်ရမှာဖြစ်တဲ့အပြင် ဘောလုံးပေးပို့မှုတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေအားလုံးတက်ကြွနေတာက ချဲလ်ဆီးတို့ UCL ၀င်ခွင့်အတွက် ပြန်လာပြီလို့ဆိုနိုင်ပါတယ်။ ပထမဆုံးပွဲမှာ ထူးခြားချက်လို့ သိပ်မရှိပေမဲ့ လမ်းပတ်လက်ထက် ပုံမှန်ပွဲထွက်နေရတဲ့ ကစားသမားတချို့မပါလာခဲ့တာတော့ သတိပြုမိစရာပါ။ ရီးစ်ဂျိမ်းအစား အသင်းခေါင်းဆောင် ပြန်ပါလာလဲ့တာကလည်း ထူးခြားချက်ဖြစ်နေပါတယ်။ ဒီထပ်ပိုထူးခြားတာက
Read More

ကစားသမား ၁၁ ယောက်၊ ၃၇ ကြိမ်ပေးပို့မှုနဲ့ Perfect Team ဂိုး ကိုသွင်းခဲ့တဲ့ ဆီဗီလာ

ကိုပါဒယ်ရေးပွဲစဉ်မှာ ဆီဗီလာနဲ့ ဗလင်ဆီယာတွေ့ဆုံတဲ့ပွဲစဉ်က 3-0 နဲ့ ဆီဗီလာတို့ အနိုင်ရသွားခဲ့ပါတယ်။ ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်ခဲ့ပြီး၊ ဆီဗီလားရဲ့ စွမ်းဆောင်ရည်က အဆင့်တခုကို ပြသနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ၃၃ မိနစ်မှာ သွင်းယူခဲ့တဲ့ လုခ်ဒီဂျောင်ရဲ့သွင်းဂိုးက ပြီးပြည့်စုံတဲ့အသင်းတသင်းဆိုတာကို ဖော်ညွန်းနိုင်ခဲ့ပါတယ်။ ဒီဂိုးကို စဖြစ်လာဖို့ ၃၁ မိနစ်မှာ နောက်တန်းကအပေးအယူစလုပ်ပါတယ်။ ဂိုးသမား ဘိုနိုကနေ အပေးအယူစလုပ်ရင်း
Read More

တိုးတက်လာတဲ့ကိန်းဂဏန်းတွေအရ ချဲလ်ဆီးကို အောင်မြင်မှုတွေ ရယူပေးဖို့ရှိနေတဲ့ သောမတ်တူချယ်

ချဲလ်ဆီးအသင်းနဲ့ သောမတ်တူချယ်တို့ သတင်းထွက်နေတဲ့အတိုင်းပဲ နည်းပြရာထူးကို အတည်ပြုပြီးခဲ့ပါပြီ။ ထရိင်နင်စဆင်းနေပြီဖြစ်တဲ့အပြင် ၀ုဗ်လ်နဲ့ပွဲကစလို့ တာဝန်ယူသွားဖို့ရှိနေပါတယ်။ ၁၈ လ (တနှစ်ခွဲ) စာချုပ်ကိုမှ ချဲလ်ဆီးက လိုအပ်ရင် စာချုပ်ထပ်ချုပ်ခွင့်ပါတဲ့အတွက် တူချယ်ကို လတ်တလောအခြေအနေတွေထိန်းဖို့ တာဝန်ယူထားခိုင်းမယ့်သဘောရှိနေပါတယ်။ ပီအက်စ်ဂျီနဲ့ လီဂူးဝမ်း၊ ပြင်သစ်ဖလားတွေရယူထားခဲ့သလို မနှစ်ကချန်ပီယံလိဂ်ဖိုင်နယ်ကို ရောက်ထားဖူးတဲ့ တူချယ်ဟာ ချဲလ်ဆီးပိုင်ရှင်မိုဗစ်ခ်ျရဲ့ ၁၁ ယောက်မြောက် နည်းပြဖြစ်လာပါတယ်။
Read More

ဆယ့်နှစ်လက်မဘစ်၊ ဖားခရု၊ မျောက်ကြီး ဆဲသံတွေနဲ့အတူ လိုဏ်ခေါင်းထဲချကြမယ်ဆိုတဲ့ ဇလာတန်နဲ့ လူကာကူတို့ရန်ပွဲ

မီလန်ဒါဘီမှာ လူကာကူနဲ့ ဇလာတန်တို့ စကားများကြပါတယ်။ ဖြစ်စဉ်အစက လူကာကူကို ရိုမာဂနိုလီတယောက် ပထမပိုင်းပြီးကာနီးဖောင်းလိုက်ချိန်မှာ အနည်းငယ် ကတောက်ကဆဖြစ်ခဲ့ချိန်၊ ဇလာတန်နဲ့ လူကာကူတို့ ရန်ဖြစ်ဖို့ခေါင်းချင်းဆိုင်သွားခဲ့တာပါ။ ကွာတားဖိုင်နယ်လည်းဖြစ်၊ ဒါဘီလည်းဖြစ်နေတဲ့အရှိတွေပေါင်းပြီး၊ နောင်ဂျိန်ပလေးဖို့ တာစူကြပါတယ်။ ဆွဲကြပြုကြရင်း လူကာကူက ဇလာတန်ကို လှမ်းဆဲလိုက်ပါတယ်။ ” A Son of a b***h” နဲ့
Read More

ဇလာတန်-လူကာကူ ဒရာမာနဲ့အတူ နောက်ကျဂိုးသူရဲကောင်းဖြစ်သွားတဲ့ အဲရစ်ဆင်တို့နဲ့ ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ မီလန်ဒါဘီ

ကိုပါအီတလီရာနာ ဖလားမှာ ၂၅ ကြိမ်မြောက်တွေ့လာတဲ့ မီလန်ဒါဘီက လူကာကူ-ဇလာတန် ထိပ်တိုက်တွေ့ဆုံမှုနဲ့ မြိုင်ခဲ့ပါတယ်။ မန်ယူအသင်းဖော်ဟောင်းတွေဖြစ်ခဲ့ကြပေမဲ့ မီလန်ဒါဘီချင်းယှဉ်လာချိန်မှာ ရုပ်ဆိုးဆိုးရန်ပွဲထဲ နှစ်ဦးသားပါဝင်ခဲ့ကြတာနဲ့ ဇလာတန်တယောက် နှစ်ဝါတနီနဲ့ အထုတ်ပယ်ခံခဲ့ရတာက ပွဲရဲ့အသက်ဖြစ်ခဲ့ပါတယ်။ နောက်တော့ အဲရစ်ဆင်က လူစားဝင်၊ အချိန်ပို့ ၉၀+၇ မိနစ်မှာ အနိုင်ဂိုးသွင်း၊ သူရဲကောင်းအဖြစ် ခံယူသွားခဲ့တာက အင်တာပရိသတ်တွေအတွက် ပျော်စရာဖြစ်ခဲ့တယ်ဆိုနိုင်ပါတယ်။ ပွဲစ
Read More

ဖီဖာဘောလုံးမှာ လုံးဝရှုံးပွဲမရှိ (၄၅၀-၀) ရလဒ်နဲ့ ကမ္ဘာ့စံချိန်သစ်တင်လိုက်တဲ့ ၁၅ နှစ်သား

ဒိန်းမတ်ရဲ့ ၁၅ နှစ်သားလေး အန်ဒါဗီဂျာဂန်တယောက် လက်ရှိမှာ ကမ္ဘာ့စံချိန်ကို တခုပြီးတခုထပ်တင်နေပါတယ်။ လုံးဝရှုံးပွဲမရှိသေးတဲ့ သူ့ရဲ့စံချိန်ကို ဒီတပတ်မှာလည်း ထပ်ပေါင်းလိုက်တဲ့အပြင် အသက် ၁၅ နှစ်ပြည့် မွေးနေ့ရှိတဲ့အတွက်ကြောင့်လည်း ထူးထူးခြားခြားအောင်ပွဲခံနိုင်မယ့် ရက်သတ္တပတ်ဖြစ်နေပါတယ်။ ဗီဂျာဂန်စံချိန်တင်နေတာက ဖီဖာဘောလုံးဂိမ်းလို့ လူသိများတဲ့ ဖီဖာ ၂၁ မှာပါ။ FUT Champs လို့ လူသိများတဲ့ အပတ်စဉ်
Read More

အေဗရာမိုဗစ်ခ်ျလက်ထက် နည်းပြတွေမှာ ရမှတ်အနည်းဆုံးစံချိန်ကို ပိုင်ဆိုင်သွားတဲ့ ဖရန့်ခ်လမ်းပတ်

ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်တယောက် အထုတ်ပယ်ခံရချိန်မှာ စံချိန်ဆိုးတခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျလက်ထက် ပရီးမီးယားလိဂ်တပွဲချင်းရမှတ်အနည်းဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပြီး၊ လမ်းပတ်ဟာ ထုတ်ပယ်ခဲ့သမျှနည်းပြထဲ ပရီးမီးယားလိဂ်ရလဒ်အဆိုးဆုံးဖြစ်လာပါတယ်။ ၄၂ နှစ်အရွယ် လမ်းပတ်အနေနဲ့ အသင်းက ထုတ်ပယ်ခံရချိန်မှာ ချဲလ်ဆီးဟာ အမှတ်ပေးဇယားအဆင့် ၉ ကိုရောက်ရှိနေပါပြီ။ ဇယားထိပ်ဆုံးက မန်ယူနိုက်တက်နဲ့ ၁၁ မှတ်အထိ ကွာဟနေတဲ့အပြင် ကလပ်ဖက်က
Read More