ဘောလုံးဒါရိုက်တာ ရာထူးအတွက် ယူနိုက်တက် လျာထားပြီဆိုတဲ့ အကြီးအကဲမှူး
|မန်ချက်စတာယူနိုက်တက်ရဲ့ ဘောလုံးဒါရိုက်တာအကြီးအကဲရာထူးကို ခန့်အပ်ဖို့ လတ်တလောမှာ လျာထားတဲ့ အကြီးအကဲတဦးရှိနေပြီလို့ သိရပါတယ်။ ပရီးမီးယားလိဂ်ကလပ်အဲဗာတန်ရဲ့ အပြောင်းအရွှေ့အများစုကို ကိုင်တွယ်ခဲ့တဲ့ မာဆယ်ဘရန်းကို ခန့်အပ်ဖို့စီစဉ်ထားတာဖြစ်ပြီး၊ မာဆယ်ဘရန်းက မကြာခင်မှာ အဲဗာတန်နဲ့ လမ်းခွဲတော့မယ့်အပေါ် သတင်းထွက်လာတာဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံသား မာဆယ်ဘရန်းက ပြီးခဲ့တဲ့နှစ်တွေက အဲဗာတန်ရဲ့အပြောင်းအရွှေ့အများစုကို ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ နည်းပြအန်ဆယ်လော့တီနဲ့ပေါင်းပြီး၊ ရိုဒရီဂွက်ဇ်လို ကစားသမားကအစ အဲဗာတန်ကို အလွတ်ကြေးနဲ့ခေါ်ပေးခဲ့သူပါ။ ဒီနှစ်ရာသီအကုန်မှာ အဲဗာတန်နဲ့ စာချုပ်သက်တမ်းကုန်မှာဖြစ်တဲ့အတွက် ယူနိုက်တက်က ခေါ်ယူဖို့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။
The Sun က ဖော်ပြခဲ့တဲ့ အကြောင်းအရာမှာတော့ ၅၈ နှစ်သားကို ယူနိုက်တက်က ကမ်းလှမ်းလိုက်တာနဲ့ မာဆယ်ဘရန်းဖက်က လက်ခံဖို့ အသင့်ပဲလို့ဆိုပါတယ်။ သူ့ရဲ့ခေါ်ယူမှုတွေက အသင်းအတွက်အလားအလာရှိတဲ့ ကစားသမားတွေကို အဓိကထားခေါ်နိုင်ခဲ့တဲ့အတွက် ရိုးမားကနေလည်း သဘောကျနေပြီး၊ လူငယ်ကစားသမားတွေကို ချိတ်ဆက်ထားနိုင်တဲ့အတွက် ကမ်းလှမ်းမယ့်ကလပ်တွေလည်းရှိနေပါတယ်။
ဘောလုံးဒါရိုက်တာရာထူးမှာ အနှစ် (၂၀)လောက် အုပ်ချုပ်မှုအပိုင်းရှိတဲ့အပြင် အာကေစီ ၀ယ်ဝစ်ဂ်ျ၊ အယ်ခမာ၊ ပီအက်စ်ဗွီနဲ့ (၂၀၁၈)မှာ အဲဗာတန်ကို တာဝန်ယူခဲ့တာဖြစ်တဲ့အတွက် အတွေ့အကြုံကောင်းတွေတော့ ရှိနေပါတယ်။ ဒီနှစ်ရာသီအဲဗာတန်ကို အန်ဆယ်လော့တီခေါ်ယူမှုတွေမှာ သူညှိနှိုင်းပေးခဲ့တာတွေက ဂျိမ်းရိုဒီရီဂွက်၊ ဒိုကိုရေး၊ ဂျိုးအလန်တို့ပါဝင်ထားပါတယ်။
ဒါကြောင့် ညှိနှိုင်းမှုတွေမှာ အဆင်ပြေကျွမ်းကျင်တဲ့ မာဆယ်ဘရန်းတယောက် ရာသီအကုန်အဲဗာတန်နဲ့လမ်းအခွဲမှာ ယူနိုက်တက်တို့ ခေါ်ယူသွားဖို့စဉ်းစားလာပါတယ်။ အက်ဝုက်ခေါ်ချင်တဲ့ ကစားသမားတွေကို မာဆယ်ဘရန်းက ညှိနှိုင်းပေးရဖို့ရှိနေပြီး၊ လက်ရှိယူနိုက်တက်သွားနေတဲ့ ပေါ်လစီနဲ့လည်းကိုက်တဲ့အတွက် ဘောလုံးဒါရိုက်တာရာထူးကို သတ်သတ်မှတ်မှတ်မြင်ရမလားက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
Thu Yay – MMUN