စည္းမ်ဥ္းသစ္မ်ားနဲ႔အတူ ယူ႐ိုပါလိဂ္ ၿပိဳင္ပြဲ က်င္းပမယ့္ ေန႔ရက္မ်ား
|ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ ရပ္နားထားရတဲ့ အဆင့္ျမင့္တန္းၿပိဳင္ပြဲေတြျဖစ္တဲ့ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ ၿပိဳင္ပြဲေတြကို လိဂ္ပြဲေတြရပ္နားသြားမယ့္ ဩဂုတ္လအတြင္းမွာ ယွဥ္ၿပိဳင္ေစမယ္လို႔ အတည္ျပဳလိုက္ပါၿပီ။ ေဘာလုံးအဖြဲ႕ခ်ဳပ္အေနနဲ႔ လိဂ္ပြဲေတြကို ဇူလိုင္လကုန္ခါနီးမွာ အဆုံးသတ္ေစမွာျဖစ္ၿပီး ေနာက္ရာသီကို ေတာ့ စက္တင္ဘာ ၁၂-၁၃ မွသာ ျပန္လည္စတင္မွာလည္းျဖစ္ပါတယ္။ UEFA အေနနဲ႔ ဥေရာပအဆင့္အျမင့္ဆုံးၿပိဳင္ပြဲႀကီးႏွစ္ရပ္ကို ျပန္လည္စတင္ႏိုင္ဖို႔ ခက္ခက္ခဲခဲႀကိဳးပမ္းခဲ့ရသလို မတူညီတဲ့ စည္းမ်ဥ္းအသစ္ေတြ နဲ႔အတူ လာမယ့္ ခ်န္ပီယံလိဂ္ နဲ႔ ယူ႐ိုပါလိဂ္ ၿပိဳင္ပြဲေတြက ပရိတ္သတ္ကို ဖမ္း စားႏိုင္ဦးမွာလည္းျဖစ္ပါတယ္။
UEFA ရဲ႕ထုတ္ျပန္ခ်က္အရ ၁၆သင္း ရႈံးထြက္ပြဲစဥ္မ်ားကို အိမ္ကြင္းအသင္းရဲ႕ ႏိုင္ငံလက္ခံခဲ့ရင္ အဆိုပါကြင္းမွာယွဥ္ၿပိဳင္ရမွာျဖစ္ၿပီးေတာ့ လက္မခံရင္ေတာ့ ဂ်ာမဏီ က ကြင္းတစ္ကြင္းမွာ တစ္ေက်ာ့သာ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ ပထမအေက်ာ့မကန္ခင္မွာပဲ ပြဲပ်က္ခဲ့တဲ့ အင္တာ-ဂီတာေဖး နဲ႔ ဆီဗီလာ-႐ိုးမား တို႔ပြဲေတြကေတာ့ ႏွစ္ေက်ာ့ ယွဥ္ၿပိဳင္ခြင့္မရရွိေတာ့ပဲ တစ္ေက်ာ့ထဲနဲ႔ပဲ အဆုံးျဖတ္ခံယူေစမွာျဖစ္ပါတယ္။ ၃၂ သင္းအဆင့္မွာ ပထမအေက်ာ့အႏိုင္ရခဲ့တဲ့အသင္းအားလုံးက ေနာက္တစ္ေက်ာ့ယွဥ္ၿပိဳင္စရာမလိုေတာ့ပဲ ၁၆သင္းအဆင့္ကို တိုက္႐ိုက္ တက္လွမ္းခြင့္ရခဲ့ၾကပါတယ္။
မန္ယူႏိုက္တဒ္အေနနဲ႔ LASK အသင္းကိုပထမအေက်ာ့မွာ ၅ဂိုးျပတ္အႏိုင္ရခဲ့တာေၾကာင့္ ၁၆အသင္းကိုတိုက္႐ိုက္တက္ခြင့္ရခဲ့ပါတယ္။ ဘယ္အသင္းနဲ႔ ဘယ္ကြင္းမွာယွဥ္ၿပိဳင္ရမယ္ဆိုတာ မသိရွိရေသးေပမယ့္ ဩဂုတ္လ ၅-၆ ရက္ေတြမွာ ေတာ့ ၁၆အသင္းအဆင့္ၿပိဳင္ပြဲကို ယွဥ္ၿပိဳင္ေစမွာျဖစ္ပါတယ္။ဩဂုတ္ ၁၀-၁၁ မွာေတာ့ ကြာတားဖိုင္နယ္နဲ႔ ဩဂုတ္ ၁၆-၁၇ မွာ ဆီမီးဖိုင္နယ္ကစားေစၿပီး ဩဂုတ္ ၂၁ မွာေတာ့ ဗိုလ္လုပြဲ ကစားေစမွာျဖစ္ပါတယ္။ ယူ႐ိုပါလိဂ္ ခ်န္ပီယံအေနနဲ႔ စက္တင္ဘာ ၂၄ရက္ေန႔မွာေတာ့ ဥေရာပ စူပါဖလား ၿပိဳင္ပြဲကို ဘူဒါပတ္စ္ ၿမိ့ဳမွာ ခ်န္ပီယံလိဂ္ ခ်န္ပီယံ နဲ႔ ဆက္လက္ယွဥ္ၿပိဳင္ရမွာ လည္းျဖစ္ပါတယ္။
unicode
ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ရပ်နားထားရတဲ့ အဆင့်မြင့်တန်းပြိုင်ပွဲတွေဖြစ်တဲ့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေကို လိဂ်ပွဲတွေရပ်နားသွားမယ့် ဩဂုတ်လအတွင်းမှာ ယှဉ်ပြိုင်စေမယ်လို့ အတည်ပြုလိုက်ပါပြီ။ ဘောလုံးအဖွဲ့ချုပ်အနေနဲ့ လိဂ်ပွဲတွေကို ဇူလိုင်လကုန်ခါနီးမှာ အဆုံးသတ်စေမှာဖြစ်ပြီး နောက်ရာသီကို တော့ စက်တင်ဘာ ၁၂-၁၃ မှသာ ပြန်လည်စတင်မှာလည်းဖြစ်ပါတယ်။ UEFA အနေနဲ့ ဥရောပအဆင့်အမြင့်ဆုံးပြိုင်ပွဲကြီးနှစ်ရပ်ကို ပြန်လည်စတင်နိုင်ဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရသလို မတူညီတဲ့ စည်းမျဉ်းအသစ်တွေ နဲ့အတူ လာမယ့် ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေက ပရိတ်သတ်ကို ဖမ်း စားနိုင်ဦးမှာလည်းဖြစ်ပါတယ်။
UEFA ရဲ့ထုတ်ပြန်ချက်အရ ၁၆သင်း ရှုံးထွက်ပွဲစဉ်များကို အိမ်ကွင်းအသင်းရဲ့ နိုင်ငံလက်ခံခဲ့ရင် အဆိုပါကွင်းမှာယှဉ်ပြိုင်ရမှာဖြစ်ပြီးတော့ လက်မခံရင်တော့ ဂျာမဏီ က ကွင်းတစ်ကွင်းမှာ တစ်ကျော့သာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပထမအကျော့မကန်ခင်မှာပဲ ပွဲပျက်ခဲ့တဲ့ အင်တာ-ဂီတာဖေး နဲ့ ဆီဗီလာ-ရိုးမား တို့ပွဲတွေကတော့ နှစ်ကျော့ ယှဉ်ပြိုင်ခွင့်မရရှိတော့ပဲ တစ်ကျော့ထဲနဲ့ပဲ အဆုံးဖြတ်ခံယူစေမှာဖြစ်ပါတယ်။ ၃၂ သင်းအဆင့်မှာ ပထမအကျော့အနိုင်ရခဲ့တဲ့အသင်းအားလုံးက နောက်တစ်ကျော့ယှဉ်ပြိုင်စရာမလိုတော့ပဲ ၁၆သင်းအဆင့်ကို တိုက်ရိုက် တက်လှမ်းခွင့်ရခဲ့ကြပါတယ်။
မန်ယူနိုက်တဒ်အနေနဲ့ LASK အသင်းကိုပထမအကျော့မှာ ၅ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ၁၆အသင်းကိုတိုက်ရိုက်တက်ခွင့်ရခဲ့ပါတယ်။ ဘယ်အသင်းနဲ့ ဘယ်ကွင်းမှာယှဉ်ပြိုင်ရမယ်ဆိုတာ မသိရှိရသေးပေမယ့် ဩဂုတ်လ ၅-၆ ရက်တွေမှာ တော့ ၁၆အသင်းအဆင့်ပြိုင်ပွဲကို ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။ဩဂုတ် ၁၀-၁၁ မှာတော့ ကွာတားဖိုင်နယ်နဲ့ ဩဂုတ် ၁၆-၁၇ မှာ ဆီမီးဖိုင်နယ်ကစားစေပြီး ဩဂုတ် ၂၁ မှာတော့ ဗိုလ်လုပွဲ ကစားစေမှာဖြစ်ပါတယ်။ ယူရိုပါလိဂ် ချန်ပီယံအနေနဲ့ စက်တင်ဘာ ၂၄ရက်နေ့မှာတော့ ဥရောပ စူပါဖလား ပြိုင်ပွဲကို ဘူဒါပတ်စ် မြိ့ုမှာ ချန်ပီယံလိဂ် ချန်ပီယံ နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ လည်းဖြစ်ပါတယ်။