ယူနိုက်တက်ကို ရှုံးခဲ့တာဟာ ဖာနန်ဒက်ပင်နယ်တီကြောင့်မဟုတ်ဘဲ ဘာကြောင့်ဆိုတာ ရှင်းပြလိုက်တဲ့ ၀က်စ်ဘရွန်းနည်းပြဘီလစ်

ဝက်စ်ဘရွန်းကို အိမ်ကွင်းမှာ (၁-၀)နဲ့နိုင်ခဲ့တဲ့ ယူနိုက်တက်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ဖာနန်ဒက်က သွင်းပေးခဲ့ပါတယ်။ သမားရိုးကျတော့ မဟုတ်ဘဲ ပထမအကြိမ်မ၀င်တာကို ပြန်ကန်ပြီး၊ ၀င်ခဲ့တာပါ။ ဂိုးဖမ်းချိန်မှာ စည်းအနောက်ရှိနေရမယ့်အပေါ် ဂိုးသမားက ရှေ့ထွက်နေခဲ့တဲ့အတွက် ပြန်ကန်ခဲ့ပြီး၊ အနိုင်ဂိုးရခဲ့တာပါ။ ဒီအနေအထားက ၀က်စ်ဘရွန်းနည်းပြ ဘီလစ်အပေါ် မခံချိမခံသာဖြစ်စေခဲ့ပါတယ်။

အထူးသဖြင့် သူတို့ရှုံးရတာဟာ ဖာနန်ဒက်ပင်နယ်တီကို ပြန်ကန်ခိုင်းပြီး ပင်နယ်တီဝင်တာမ၀င်တာထက် ပထမပိုင်းမှာ သူတို့ပင်နယ်တီရနိုင်တဲ့ဆုံးဖြတ်ချက်ကို မပေးခဲ့လို့ ရှုံးခဲ့တာလို့ ယူဆခဲ့ပါတယ်။ ပွဲအပြီး BT Sports နဲ့ အင်တာဗျူးမှာ ဒီအကြောင်းကိုဖွင့်ဟခဲ့ပြီး ပင်နယ်တီကျိန်းသေပေးရမယ့်အလုံးကိုမပေးခဲ့တဲ့ ဒိုင်လူကြီးနဲ့ မပေးခဲ့တဲ့အပေါ် အခုလိုဆိုခဲ့ပါတယ်။

” ကောင်းပြီး၊ ကျွန်တော်တော်တော်လေး စိတ်ပျက်မိတယ်ဗျာ၊ ဒိုင်ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေက ကျွန်တော့်ကို တော်တော်လေးစိတ်ပျက်မိစေတယ်။ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေအကုန်လုံးက ကျွန်တော်တို့ကိုဆန့်ကျင်ပြီး၊ ဆုံးဖြတ်ခဲ့တာတွေကြီးပဲ။ ကျွန်တော်ပထမပိုင်းမှာရနိုင်တဲ့ ပင်နယ်တီကို အခေါက်ခေါက်ပြန်ကြည့်ပြီးပြီ။ ပင်နယ်တီဆိုကြီးက ရှင်းနေတာပဲဗျာ’

” အဲဒါကို သူဘာလို့မပေးဖို့ ဆုံးဖြတ်လိုက်လဲတော့ ကျွန်တော်မသိဘူး။ ကျွန်တော်တို့ရမယ့် ပင်နယ်တီက အခုဒီနှစ်စည်းမျဉ်းအသစ်တွေနဲ့ဆိုရင် လက်ထိဘောလို့ဆိုရမယ်။ ကံဆိုးပြီးထိတာမျိုးဆိုပေမဲ့ ဒါကလက်ထိဘောပဲ။ အဲဒီ လက်ထိဘောမတိုင်ခင်တုန်းကလည်း ဂါလက်ဟာအပေါ်မှာ သိသိသာသာ ဖောင်းထားတာမျိုှးရှိတယ်။ ‘

” ကျွန်တော်တို့အခု ပြောနေတာက ကျွန်တော်တို့ကို (၁-၀)နဲ့ ဦးဆောင်တာကိုပြောနေတာမဟုတ်ဘူး။ ကျွန်တော်တို့က မန်ယူကို (၁-၀)နဲ့ ဦးဆောင်ခဲ့ရမှာကိုပြောနေတာ။ အဲဒီအချက်ကပဲ ပွဲအဖြေကို စကားပြောသွားတယ်။ အထူးသဖြင့် မန်ယူလိုအသင်းကို အဝေးကွင်းမှာ သွားကစားရတဲ့အချိန်မျိုးမှာပေါ့။ ပွဲသိမ်သွားတော့တာပဲ။ ‘ လို့ဆိုခဲ့ပါတယ်။

တကယ်လည်း ပွဲမှာ ဒိုင်လူကြီး ဒေးဗစ်ကိုးတီဟာ ဂါလက်ဟာကို ပင်နယ်တီဧရိယာထဲမှာ ဖောင်းဘောဖြစ်ခဲ့ချိန် ပင်နယ်တီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ပြီးမှ VAR ပြန်ကြည့်ပြီး၊ ပင်နယ်တီမပေးဖို့ ဆုံးဖြတ်လိုက်တဲ့အတွက် ယူနိုက်တက်ဂန္ဓ၀င် ဖာဒီနန်ကိုယ်တိုင်က အံ့အားသင့်ခဲ့တယ်လို့ ထုတ်ပြောရတဲ့အထိဖြစ်ခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီမပေးခဲ့ရတဲ့အတွက် ယူနိုက်တက်ဟာ ဦးဆောင်ဂိုးမပေးခဲ့ရဘဲ ပွဲအပြီးနိုင်ပွဲကိုရှာဖွေနိုင်ခဲ့ပါတယ်။

Thu Yay – MMUN

Add a Comment

Your email address will not be published. Required fields are marked *