သူ့ကြောင့်ပင်နယ်တီပေးရမလိုဖြစ်ခဲ့တဲ့အပေါ် ဒိုင်ကိုဘာကြောင့် စောဒကတက်ခဲ့လဲ ဖာနန်ဒက်ရှင်းပြ

ယူနိုက်တက်ရဲ့နိုင်ပွဲမှာ တလုံးတည်းသောအနိုင်ဂိုးရှင်ဖြစ်ခဲ့တဲ့ ဖာနန်ဒက်တယောက် ဒုတိယပိုင်းအစမှာ သူ့ကြောင့် ပင်နယ်တီပေးရမလိုဖြစ်ခဲ့ပါတယ်။ ၀က်စ်ဘရွန်းကစားသမား ကော်နာ ဂယ်လက်ဟာနဲ့ ဧရိယာတွင်း ဘောလုံးယှဉ်အလုမှာ ဖာနန်ဒက်ရဲ့ဖျက်ထုတ်မှုက ဖောင်းဘောလို ဖြစ်ခဲ့တာပါ။ ဒိုင်လူကြီး ဒေးဗစ် ကော်တီက ပင်နယ်တီအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။

ဖာနန်ဒက်က စောဒကတက်ခဲ့ချိန်၊ VAR ခန်းကနေ ပင်နယ်တီကို ပြန်ကြည့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ VAR သွားကြည့်ခဲ့ပြီးနောက်မှာတော့ ဖာနန်ဒက်ရဲ့ဖျက်ထုတ်မှုဟာ ပင်နယ်တီမဖြစ်ခဲ့ဘဲ ဘောလုံးအရင်ထိခဲ့တာကို တွေ့လိုက်ရပါတယ်။။ ဒီအကြောင်းကို ဖာနန်ဒက်ကလည်း ၀န်ခံခဲ့ပြီး၊ သူစောဒကတက်ခဲ့ရတာဟာ ဘာကြောင့်ဆိုတာကို BT Sports နဲ့ အင်တာဗျူးမှာ ရှင်းပြခဲ့ပါတယ်။

” ပထမဆုံး နှစ်ယောက်ရင်ဆိုင်တော့ ကျွန်တော် ဘောလုံးကို ထိခဲ့တယ်။ ကျွန်တော် ဘောလုံးကိုထိခဲ့ပြီးနောက်ပိုင်းမှာမှ တဖက်က ကစားသမားနဲ့ ကျွန်တော်သွားထိမိတာ။ ကျွန်တော် မသိလိုက်ဘူး။ ဘာလို့ဆို ဖြစ်ပျက်သွားတာကို ကျွန်တော်မမြင်လိုက်မိဘူး။ အဲဒီအချိန်တုန်းက ကျွန်တော်ခံစားမိလိုက်တာက ကျွန်တော် ဘောလုံးကို ထိခဲ့တယ်ဆိုတာပဲ။ ”

” ပြီးမှသာ ကစားသမားကို သွားထိမိတာ။ ” လို့ဆိုခဲ့ပါတယ်။ ဖာနန်ဒက်က သူ့အနေနဲ့ ပင်နယ်တီပေးရမယ့် အလုံးကို ဘောလုံးအရင်ထိခဲ့တာ သေချာတဲ့အတွက် ဒိုင်ကို ပင်နယ်တီမဟုတ်ကြောင်း စောဒက တက်ခဲ့တာဖြစ်ပါတယ်။ နောက်တော့ ဒိုင်လူကြီးက ပင်နယ်တီပေးတာကို ပြန်ပယ်ဖျက်သွားခဲ့ပြီး၊ ဖောင်းဘောမဖြစ်ခဲ့ဘူးလို့ ယူဆခဲ့ကာ ပွဲကိုဆက်ကန်စေခဲ့ပါတယ်။

ယူနိုက်တက်တို့ ပင်နယ်တီရလာပြီး၊ ဖာနန်ဒက်ကိုယ်တိုင်ကန်သွင်းခဲ့ပါတယ်။ ဖာနန်ဒက်ရဲ့ ပင်နယ်တီက ပထမတကြိမ်မှာ ဂိုးသမား ဆမ်ဂျွန်စတုန်း ကာနိုင်ခဲ့ပေမဲ့ ပင်နယ်တီဖမ်းချိန်မှာ စည်းကျော်နေခဲ့တဲ့အတွက် ထပ်ကန်ဖို့ဖြစ်လာပါတယ်။ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပြီး၊ ယူနိုက်တက်ရဲ့အိမ်ကွင်း ပထမဆုံးနိုင်ပွဲအဖြစ်ပြောင်းလဲခဲ့ကာ အိမ်ကွင်းပထမဆုံးနိုင်ပွဲကို ရှာဖွေနိုင်ခဲ့ပါတယ်။

Thu Yay – MMUN

Add a Comment

Your email address will not be published. Required fields are marked *