အေဗရာမိုဗစ်ခ်ျလက်ထက် နည်းပြတွေမှာ ရမှတ်အနည်းဆုံးစံချိန်ကို ပိုင်ဆိုင်သွားတဲ့ ဖရန့်ခ်လမ်းပတ်

ချဲလ်ဆီးနည်းပြ ဖရန့်လမ်းပတ်တယောက် အထုတ်ပယ်ခံရချိန်မှာ စံချိန်ဆိုးတခုကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ ပိုင်ရှင် ရိုမန် အေဗရာမိုဗစ်ခ်ျလက်ထက် ပရီးမီးယားလိဂ်တပွဲချင်းရမှတ်အနည်းဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်သွားခဲ့တာဖြစ်ပြီး၊ လမ်းပတ်ဟာ ထုတ်ပယ်ခဲ့သမျှနည်းပြထဲ ပရီးမီးယားလိဂ်ရလဒ်အဆိုးဆုံးဖြစ်လာပါတယ်။

၄၂ နှစ်အရွယ် လမ်းပတ်အနေနဲ့ အသင်းက ထုတ်ပယ်ခံရချိန်မှာ ချဲလ်ဆီးဟာ အမှတ်ပေးဇယားအဆင့် ၉ ကိုရောက်ရှိနေပါပြီ။ ဇယားထိပ်ဆုံးက မန်ယူနိုက်တက်နဲ့ ၁၁ မှတ်အထိ ကွာဟနေတဲ့အပြင် ကလပ်ဖက်က မျှော်လင့်ထားတဲ့ ရလဒ်မျိုးမဟုတ်ခဲ့ပါဘူး။ ဒါ့အပြင် ရမှတ်တွက်ချက်မှုအပိုင်းအရလည်း ဆိုးရွားခဲ့ပါတယ်။

အသင်းမှာ ရမှတ်အနည်းဆုံးအဖြစ်ရှိခဲ့တဲ့ နည်းပြဟောင်းက ဘိုအာ့စ်ပါ။ (၂၀၁၁-၁၂)ရာသီမှာ ၂၇ ပွဲကိုင်တွယ်ခဲ့တဲ့ ဘိုအာ့စ်ဟာ တပွဲပျှမ်းမျှ ၁.၇၀ မှတ်ပဲရှာနိုင်ခဲ့သူပါ။ တရာသီတည်းကိုမှ ပွဲရေနည်းနည်းပဲကိုင်တွယ်ခဲ့ရတဲ့ ဘိုအာ့စ်ထက်ကို ဆိုးရွားတဲ့မှတ်တမ်းအဖြစ် လမ်းပတ်ဟာ ၁.၆၇ မှတ်ပဲရခဲ့ပါတယ်။

စုစုပေါင်း ၅၇ ပွဲ ကိုင်တွယ်ခဲ့ချိန်မှာ တပွဲမျှမ်း ၁.၆၇ ပဲရခဲ့တာက မိုဗစ်လက်ထက်နည်းပြစာရင်းထဲ အဆိုးရွားဆုံးဖြစ်လာပါတယ်။ မိုဗစ်လက်ထက် အထုတ်ပယ်ခံရတဲ့အထဲ အမှတ်အများဆုံးရှိခဲ့တာက အေဗရန်ဂရန် ၂.၃၁ မှတ်ဖြစ်ပါတယ်။ စုစုပေါင်း ၃၂ ပွဲကို ၂၀၀၇-၀၈ ရာသီမှာ ကိုင်တွယ်ခဲ့သူပါ။

ပွဲအရေအတွက်အများဆုံးနဲ့ အမှတ်အရှာနိုင်ဆုံးနည်းပြကတော့ မော်ရင်ဟို ၂၁၂ ပွဲနဲ့ တပွဲပျှမ်းမျှ ၂.၁၉ မှတ်ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် ချဲလ်ဆီးကို လက်ပြောင်းယူပြီးကတည်းက အသင်းကို အောင်မြင်အောင်ငွေကြေးသုံးတည်ဆောက်ခဲ့တဲ့ မိုဗစ်ခ်ျဟာ သူ့အသင်းရလဒ်ဆိုးရွားတိုင်း နည်းပြတွေကို ထုတ်ပယ်တတ်တဲ့ ပိုင်ရှင်အဖြစ်လည်း နာမည်ကျော်ကြားသူဖြစ်ပါတယ်။

Thu Yay – ShweBa

Add a Comment

Your email address will not be published. Required fields are marked *