ယူႏိုက္တဒ္နဲ႔ဂေရးလစ္ရွ္တို႔ရဲ႕ အေျပာင္းအေရႊ႕ေနာက္ဆုံးရ အေျခအေန
|မန္ယူႏိုက္တဒ္ နဲ႔ အသင္းေတြက်ယ္က်ယ္ပ်ံပ်ံ ထြက္ေပၚေနတဲ့ အဂ္လန္နဲ႔ အက္စတြန္ဗီလာ ကြင္းလယ္လူ ဂ်က္ဂေရးလရွ္ က လာမယ့္ အေျပာင္းေ႐ႊ႕ကာလ မွာ ဗီလာကေန ထြက္ခြာလိုေနၿပီး မန္ခ်က္စတာေျမကို အေျခခ်လိုေနတယ္လို႔သိရပါတယ္။ The Telegraph နဲ႔ MEN ရဲ႕ေဖာ္ျပခ်က္ေတြအရ ဗီလာကပၸိတိန္ အေနနဲ႔ ကစားသမားဘဝ ေနာက္တစ္ဆင့္ျမင့္မားဖို႔ အသင္းေျပာင္းေ႐ႊ႕ဖို႔လိုအပ္တာကို သိရွိထားၿပီး ဗီလာ အသင္းကိူ သူ႔ရဲ႕ ရပ္တည္ခ်က္နဲ႔ပက္သက္ၿပီး အသိေပးထားၿပီးျဖစ္တယ္လို႔လည္း ဆိူပါတယ္။
ယူႏိုက္တဒ္ အေနနဲ႔ ဂေရးလရွ္ ကိုေခၚယူဖို႔ ၿပီးခဲ့တဲ့ ေႏြရာသီထဲက ေစာင့္ၾကည့္ခဲ့တာ ျဖစ္ၿပီး ဗီလာ အသင္းကို တရားဝင္ စုံစမ္းေမးျမန္းမႈ႕ေတြလည္းျပဳလုပ္ခဲ့ၿပီးျဖစ္ပါတယ္။ အသင္းရဲ႕ အဓိက ဝယ္ယူရမယ့္ လူစာရင္းမွာ ဆန္ခ်ိဳ အျပင္ ဂေရးလရွ္ ပါ ပါဝင္ေနၿပီး ဂ်ဳဒ့္ဘယ္လင္ဟမ္ ကို လက္လႊတ္ခဲ့ရရင္ ဗီလာအသင္းေခါင္းေဆာင္ ကို မျဖစ္မေန ဝယ္ယူဖို႔ ဆိုးလ္ရွား က အလိုရွိေနပါတယ္။ ဆိုးလ္ရွားအေနနဲ႔ အသင္းရဲ႕ကြင္းလယ္မွာ ေပါဂ့္ဘာ၊ဘ႐ူႏို၊မာတခ္်၊ေတာ္မေနး၊ဖရဒ္ တို႔ ရွိသည့္တိုင္ ပါရဲရား၊လင္ဂါဒ့္ တို႔ကို အားရမႈ႕မရွိတာေၾကာင့္ ကစားသမားအသစ္ေခၚယူၿပီး အဆိုပါ ကစားသမားႏွစ္ေယာက္ကို အသင္းကေန ေရာင္းခ်လိုေနတယ္လို႔လည္းသိရပါတယ္။
ဗီလာ အေနနဲ႔ေတာ့ သူတို႔ရဲ႕ အေကာင္းဆုံးကစားသမားကို ေပါင္သန္း၈၀ သတ္မွတ္ထားေပမယ့္ အသင္းသာ တန္းဆင္းခဲ့ရရင္ေတာ့ ထက္ဝက္ေဈးနဲ႔ ထြက္ခြာခြင့္ေပးရႏိုင္ေခ်ရွိေနပါတယ္။ ဂေရးလရွ္နဲ႔ ဗီလာ အသင္းရဲ႕စာခ်ဳပ္ထဲမွာ အသင္းတန္းဆင္းခဲ့ရရင္ သူ႔ကို ထြက္ခြာခြင့္ေပးရမယ့္ အခ်က္ပါဝင္ေနၿပီး ယူႏိုက္တဒ္အေနနဲ႔ ရာသီကုန္ဆုံးခ်ိန္ထိ ေစာင့္ဆိုင္းကာ ဗီလာတန္းဆင္း မႈ႕ ေသခ်ာမွ အေျပာင္းေ႐ႊ႕ကို စတင္လႈပ္ရွားလာႏိုင္ပါတယ္။ ဂ်က္ကေတာ့ ယူႏိုက္တဒ္ ရဲ႕ အိမ္မက္ျပဇာတ္႐ုံမွာ ကစားခြင့္ဟာ သူ႔ရဲ႕ အိမ္မက္ ျဖစ္ၿပီး ဒါကို အေကာင္ထည္ေဖာ္ ႏိုင္ဖို႔ တေလွ်ာက္လုံး ႀကိဳးပမ္းခဲ့တယ္လို႔ ဖြင့္ဟဝန္ခံခဲ့ဖူးပါေသးတယ္။
unicode
မန်ယူနိုက်တဒ် နဲ့ အသင်းတွေကျယ်ကျယ်ပျံပျံ ထွက်ပေါ်နေတဲ့ အဂ်လန်နဲ့ အက်စတွန်ဗီလာ ကွင်းလယ်လူ ဂျက်ဂရေးလရှ် က လာမယ့် အပြောင်းရွှေ့ကာလ မှာ ဗီလာကနေ ထွက်ခွာလိုနေပြီး မန်ချက်စတာမြေကို အခြေချလိုနေတယ်လို့သိရပါတယ်။ The Telegraph နဲ့ MEN ရဲ့ဖော်ပြချက်တွေအရ ဗီလာကပ္ပိတိန် အနေနဲ့ ကစားသမားဘဝ နောက်တစ်ဆင့်မြင့်မားဖို့ အသင်းပြောင်းရွှေ့ဖို့လိုအပ်တာကို သိရှိထားပြီး ဗီလာ အသင်းကိူ သူ့ရဲ့ ရပ်တည်ချက်နဲ့ပက်သက်ပြီး အသိပေးထားပြီးဖြစ်တယ်လို့လည်း ဆိူပါတယ်။
ယူနိုက်တဒ် အနေနဲ့ ဂရေးလရှ် ကိုခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီထဲက စောင့်ကြည့်ခဲ့တာ ဖြစ်ပြီး ဗီလာ အသင်းကို တရားဝင် စုံစမ်းမေးမြန်းမှု့တွေလည်းပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ အသင်းရဲ့ အဓိက ဝယ်ယူရမယ့် လူစာရင်းမှာ ဆန်ချို အပြင် ဂရေးလရှ် ပါ ပါဝင်နေပြီး ဂျုဒ့်ဘယ်လင်ဟမ် ကို လက်လွှတ်ခဲ့ရရင် ဗီလာအသင်းခေါင်းဆောင် ကို မဖြစ်မနေ ဝယ်ယူဖို့ ဆိုးလ်ရှား က အလိုရှိနေပါတယ်။ ဆိုးလ်ရှားအနေနဲ့ အသင်းရဲ့ကွင်းလယ်မှာ ပေါဂ့်ဘာ၊ဘရူနို၊မာတခ်ျ၊တော်မနေး၊ဖရဒ် တို့ ရှိသည့်တိုင် ပါရဲရား၊လင်ဂါဒ့် တို့ကို အားရမှု့မရှိတာကြောင့် ကစားသမားအသစ်ခေါ်ယူပြီး အဆိုပါ ကစားသမားနှစ်ယောက်ကို အသင်းကနေ ရောင်းချလိုနေတယ်လို့လည်းသိရပါတယ်။
ဗီလာ အနေနဲ့တော့ သူတို့ရဲ့ အကောင်းဆုံးကစားသမားကို ပေါင်သန်း၈၀ သတ်မှတ်ထားပေမယ့် အသင်းသာ တန်းဆင်းခဲ့ရရင်တော့ ထက်ဝက်ဈေးနဲ့ ထွက်ခွာခွင့်ပေးရနိုင်ချေရှိနေပါတယ်။ ဂရေးလရှ်နဲ့ ဗီလာ အသင်းရဲ့စာချုပ်ထဲမှာ အသင်းတန်းဆင်းခဲ့ရရင် သူ့ကို ထွက်ခွာခွင့်ပေးရမယ့် အချက်ပါဝင်နေပြီး ယူနိုက်တဒ်အနေနဲ့ ရာသီကုန်ဆုံးချိန်ထိ စောင့်ဆိုင်းကာ ဗီလာတန်းဆင်း မှု့ သေချာမှ အပြောင်းရွှေ့ကို စတင်လှုပ်ရှားလာနိုင်ပါတယ်။ ဂျက်ကတော့ ယူနိုက်တဒ် ရဲ့ အိမ်မက်ပြဇာတ်ရုံမှာ ကစားခွင့်ဟာ သူ့ရဲ့ အိမ်မက် ဖြစ်ပြီး ဒါကို အကောင်ထည်ဖော် နိုင်ဖို့ တလျှောက်လုံး ကြိုးပမ်းခဲ့တယ်လို့ ဖွင့်ဟဝန်ခံခဲ့ဖူးပါသေးတယ်။