ဖီဖာဘောလုံးမှာ လုံးဝရှုံးပွဲမရှိ (၄၅၀-၀) ရလဒ်နဲ့ ကမ္ဘာ့စံချိန်သစ်တင်လိုက်တဲ့ ၁၅ နှစ်သား
|ဒိန်းမတ်ရဲ့ ၁၅ နှစ်သားလေး အန်ဒါဗီဂျာဂန်တယောက် လက်ရှိမှာ ကမ္ဘာ့စံချိန်ကို တခုပြီးတခုထပ်တင်နေပါတယ်။ လုံးဝရှုံးပွဲမရှိသေးတဲ့ သူ့ရဲ့စံချိန်ကို ဒီတပတ်မှာလည်း ထပ်ပေါင်းလိုက်တဲ့အပြင် အသက် ၁၅ နှစ်ပြည့် မွေးနေ့ရှိတဲ့အတွက်ကြောင့်လည်း ထူးထူးခြားခြားအောင်ပွဲခံနိုင်မယ့် ရက်သတ္တပတ်ဖြစ်နေပါတယ်။
ဗီဂျာဂန်စံချိန်တင်နေတာက ဖီဖာဘောလုံးဂိမ်းလို့ လူသိများတဲ့ ဖီဖာ ၂၁ မှာပါ။ FUT Champs လို့ လူသိများတဲ့ အပတ်စဉ် အချင်းချင်းစိန်ခေါ်ကန်တဲ့ပွဲမှာ ဗီဂျာဂန်ရဲ့စံချိန်ကို ချိုးဖျက်လိုတဲ့ ကစားသမားတွေက စိန်ခေါ်ကြပါတယ်။ တပတ်ကို ပွဲ ၃၀ လောက်ကန်ရပြီး၊ ပွဲ ၃၀ လုံးကို လုံးဝအနိုင်ကန်မှ အခုလိုရှုံးပွဲမရှိရမှာပါ။
ဒါပေမဲ့ ဗီဂျာဂန်ကလည်း လုံးဝအပြတ်အနိုင်ကန်ပြခဲ့သလို လက်ရှိမှာ ပွဲ ၄၅၀ ဆက်တိုက် လုံးဝရှုံးပွဲမရှိရလဒ်နဲ့ ပြိုင်ဘက်တိုင်းကို အနိုင်ယူပြထားနိုင်ခဲ့ပြီဖြစ်ပါတယ်။ FUT Champs ဆိုတာက ဖီဖာဘောလုံးဂိမ်းမှာဆိုရင် အခက်ဆုံးနဲ့ ပေါ်ပြူလာအဖြစ်ဆုံး ပုံစံလို့လည်းဆိုနိုင်ပါတယ်။
ပရော်ဖက်ရှင်နယ်ကစားသမားတွေကအစ လက်ရည်အမြဲတမ်းဝင်သွေးနေတဲ့အတွက် ဒီပွဲတွေမှာနိုင်တဲ့ကစားသမားတွေက ပရိသတ်အခိုင်အမာရတတ်ပါတယ်။ ဗီဂျာဂန်ဆိုရင်လည်း Twitch မှာ ပရိသတ် ၅ သိန်းကျော်ကို နေ့စဉ် Stream နေတဲ့အပြင် ရက်ဘူးလစ်ဇစ် E-sports အသင်းရဲ့ ကစားသမားတဦးလည်းဖြစ်ပါတယ်။
အသက် ၁၅ ပြည့်သွားပြီဖြစ်တဲ့အတွက် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ကို တက်လှမ်းနိုင်ဖို့ ၁ နှစ်ပဲလိုပါတော့တယ်။ ဖီဖာက ဘောလုံးဂိမ်းဖြစ်ပေမဲ့ တကယ့်ဘောလုံးကစားသမားတွေအတိုင်း အသက်ကန့်သတ်ထားပြီး၊ ၁၆ ပြည့်ပြီးသူတွေကိုသာ သူတို့ရဲ့ ပြိုင်ပွဲတွေကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားတာကြောင့်ဖြစ်ပါတယ်။
Thu Yay – ShweBa