ယူနိုက်တက်က ၀က်စ်ဘရွန်းကို ဂိုးပြတ်နိုင်မယ်လို့ သုံးသပ်ချက်နဲ့ခန့်မှန်းခဲ့တဲ့ လော်ရိုး

မကြာခင်မှာ ယူနိုက်တက်ရဲ့ ပရီးမီးယာလိဂ်ပွဲစဉ်က ပြန်လာပါတော့မယ်။ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေမစုံမလင်ဖြစ်နေတဲ့အပြင် အိမ်ကွင်းပွဲစဉ်ဖြစ်နေတာက ပရိသတ်တွေကို ခါတိုင်းထက်ပိုရင်ခုန်စေပါတယ်။ အိမ်ကွင်းရလဒ်ကောင်းတွေမရသေးတဲ့အတွက် ၀က်စ်ဘရွန်းပွဲမှာ ဆိုးလ်ရှားဘာလုပ်ပြမလဲကိုပါ။ ဒီအချန်မှာ ဘီဘီစီရဲ့ပွဲစဉ်ခန့်မှန်းသူ လော်ရိုးကတော့ (၃-၀)နဲ့ ဂိုးပြတ်အနိုင်ပေးခဲ့ပါတယ်။

မိုက်ကွယ်အိုဝင်ကလည်း (၂-၀)နဲ့ ခန့်မှန်းပေးထားတဲ့အတွက် အများစုက အနိုင်ရလဒ်ပြတ်သားနေပါတယ်။ ဒီထဲမှာမှ လော်ရိုးရဲ့အမြင်ကတော့ အခုလို ဖြစ်ပါတယ်။ ” ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်ဟာ အိမ်ကွင်းပွဲစဉ်တွေကို အနိုင်မရသေးပါဘူး။ ဒါပေမဲ့ စနေနေ့မှာတော့ တကယ့်ကို ပြောင်းလဲပစ်ရပါမယ်။ အဲဗာကို ရင်ဆိုင်တုန်းကဆိုရင် ယူနိုက်ရဲ့အနိုင်က အင်မတန်ကို ကောင်းခဲ့တာပါ။ ”

” ဒါပမေဲ့ ထိပ်ဆုံးပိုင်းက စပါးကို ရင်ဆိုင်ခဲ့တုန်းကတော့ အိုးထရက်ဖို့်ဒ်မှာဆိုရင် အသင်းတွေကို သူတို့ နောက်ကောက်ချဖို့ အတော်လေးခက်ခဲနေသလိုမျိုးပဲ။ ရာသီအစအပတ်မှာသူတို့ခရစ္စတယ်ပဲလေ့စ်ကို ရှုံးတာတွေလည်းပါတာပေါ့။ ကျွန်တော့်အထင်တော့ သူတို့အခုလိုဖြစ်နေတာ အခိုက်အတန့်တခုလို့ပဲ ထင်တယ်။ ပရိသတ်တွေမရှိတာကလည်း ကျိန်းသေကို မကူညီနိုင်ဘူး”

” ဆိုပေမဲ့လည်း သယ်ဘက်ဂီ (၀က်စ်ဘရွန်း)ကို အနိုင်ရဖို့ သူတို့နည်းလမ်းရှာမယ်လို့ ကျွန်တော်မျှော်လင့်ထားတုန်းပဲ။ အဲဒီလိုမှမလုပ်ဘူးဆိုရင်လည်း ယူနိုက်တက်မှာ ပြဿနာအကြီးကြီးတွေ ရှိနေလို့ပဲ။ ကျွန်တော့်အမြင်ကတော့ (၃-၀)ပါ’ လို့ဆိုခဲ့ပါတယ်။ လော်ရိုးရဲ့ခန့်မှန်းချက်ကတော့ ရှင်းပါတယ်။ ယူနိုက်တက်က အဲဗာတန်ကို ရင်ဆိုင်တုန်းက ပုံစံကောင်းရနေတယ်။

ဆိုးလ်ရှားက ၀က်စ်ဘရွန်းကို အနိုင်ကန်နိုင်တဲ့ နည်းလမ်းကိုရှာထားတယ်။ ဒါကြောင့်နိုင်မယ်။ မနိုင်ခဲ့ရင်တော့ အိမ်ကွင်းမှာမနိုင်ရလောက်တဲ့ ပြဿနာရှိနေလို့ပဲလို့ ဆိုခဲ့တာဖြစ်ပါတယ်။ အနိုင်ရလဒ်ကိုမှ ဂိုးပြတ်ဆိုထားတဲ့အတွက် ယူနိုက်တက် တိုက်စစ်ဟာ ၀က်စ်ဘရွန်းကို အသာရမယ်လို့ ခန့်မှန်းထားတာဖြစ်တဲ့အတွက် ဘယ်သူတွေဂိုးရမလဲကို စောင့်ကြည့်သွားရဖို့ ရှိနေပါတယ်။

Thu Yay – MMUN

Add a Comment

Your email address will not be published. Required fields are marked *