ဗန်ဒိုက်ကိုခေါ်ဖို့ လုပ်ပြီးကာမှ လင်ဒီလော့ဖ်ကိုပဲ ရွေးချယ်သွားတဲ့ မန်ယူ

ဗန်ဒိုက်လီဗာပူး ကစားသမားဖြစ်လာခဲ့ရတဲ့ အကြောင်းရင်းက လင်ဒီလော့ဖ်ကိုခေါ်ဖို့ မန်ယူနိုက်တက်က ဆုံးဖြတ်ခဲ့တာကြောင့်လို့ သိရပါတယ်။ နှစ်ဦးလုံးရဲ့အသင်းဖော်ဟောင်း အော်စတင်ရဲ့ Talksports နဲ့ အင်တာဗျူးအစီအစဉ်မှာ ထုတ်ဖော်ပြောကြားခဲ့တဲ့အချက်ကြောင့်ဖြစ်ပြီး၊ မန်ယူနိုက်တက်က လင်ဒီလော့ဖ်ကိုပဲေ၇ွးချယ်ခဲ့တယ်ဆိုပါတယ်။

” ချဲလ်ဆီးကို အဝေးကွင်းသွားကစားရတဲ့တရက် ခုံတန်းတွေမှာထိုင်နေကြတုန်း ကျွန်တော် ဗန်ဒိုက်ကိုမေးလိုက်တယ်။ ဟေ့ ဘာတွေဖြစ်နေကြတာလဲပေါ့။ ကျွန်တော်မေးလိုက်တာက မန်ယူက မင်းကိုခေါ်ဖို့ သေချာသွားပြီလားပေါ့။ ဗန်ဒိုက်က ကျွန်တော့်ကိုပြန်ပြောတယ်။ ဘယ်လိုမျိုးလဲဆိုတာ မင်းသိပါတယ်။ အဲဒါက လင်ဒီလော့ဖ်ဒါမှမဟုတ် ငါတယောက်ယောက်ပဲတဲ့”

” နောက်တော့ သူတို့လင်ဒီလော့ဖ်ကိုရွေးသွားတယ်။ ကျွန်တော်လုံးဝ ရှော့ခ်ရသွားတယ်။ ခင်ဗျားတို့လိုပဲ။ နွေရာသီဆိုရင် ဗန်ဒိုက် မန်ယူကိုသွားတော့မယ်ဆိုတာကို အကြီးအကျယ်ဆွေးနွေးခဲ့ကြတာ။ ပြီးလည်းပြီးရော သူတို့လင်ဒီလော့ဖ်ကို ခေါ်သွားတယ်။ ‘ ဆိုပြီး အော်စတင်က ဗန်ဒိုက်ဟာ မန်ယူနဲ့အကြီးအကျယ်ဆွေးနွေးပြီးမှ မရောက်လိုက်တာကို ထုတ်ဖော်ခဲ့ပါတယ်။

၂၀၁၇ နွေရာသီမှာ ပေါင်သန်း ၃၀ နဲ့ ဘင်ဖီကာကနေ လင်ဒီလော့ဖ်ကို ခေါ်သွားခဲ့တာဖြစ်ပါတယ်။ နောက်တော့ ခြောက်လအကြာ ဇန်န၀ါရီ ၂၀၁၈ မှာ လီဗာပူးအသင်းက ကမ္ဘာ့စံချိန်တင်ဈေးတရပ်သုံးလိုက်ကာ ဗန်ဒိုက်ကို ပေါင် ၇၅ သန်းနဲ့ လီဗာပူးက ခေါ်သွားခဲ့ပါတယ်။ လီဗာပူးက နွေရာသီကတည်းက ဗန်ဒိုက်ကိုခေါ်ဖို့ပြင်ထားပေမဲ့ သဘောတူထားတဲ့အသင်းရှိနေတာကြောင့် နောက်ဆုတ်ခဲ့ရတာပါ။

ဒါပေမဲ့ လင်ဒီလော့ဖ်ကိုခေါ်သွားခဲ့ချိန်မှာ လီဗာပူးတို့ချက်ချင်းဆိုသလို ဇန်န၀ါရီအပြောင်းအရွှေ့မှာ လက်ဦးမှုရယူခဲ့ပြီး၊ အသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်တွေ ဆွတ်ခူးခဲ့ပါတယ်။ လတ်တလောမှာတော့ ပစ်ဖို့ဒ်နဲ့ထိခိုက်မှုတာကြောင့် ဒဏ်ရာရနေတဲ့အတွက် ထရိန်နင်အပေါ့စားတွေပဲ ပြန်ဆင်းနေရဆဲလို့ သိရပါတယ်။

Thu Yay – ShweBa

Add a Comment

Your email address will not be published. Required fields are marked *