ဖာနန်ဒက်ရဲ့ ပင်နယ်တီကန်တဲ့စတိုင်လ်ကို ဘန်းသင့်တယ်လို့ အာဆင်နယ်ဂန္ဓ၀င် အကြံပြု

ယူနိုက်တက်ရဲ့ ပင်နယ်တီပင်တိုင်ကန်သွင်းတဲ့ ဖာနန်ဒက်ရဲ့ပင်နယ်တီကန်တဲ့ စတိုင်လ်ကို ပရိသတ်တွေသိမှာပါ။ ကန်ခါနီးအရှိန်တင်ပြေးတာကို ကဆုန်ပေါက်ပြေးသွားပြီး၊ တဖက်ဂိုးသမားတွေခန့်မှန်းရခက်အောင်လုပ်ပြီး ကန်တဲ့စတိုင်လ်ပါ။ ဒီနည်းစနစ်က အတော်လေးအလုပ်ဖြစ်တဲ့အပြင် ဖာနန်ဒက်ကန်တဲ့ ပင်နယ်တီအများစုဟာ ဂိုးအဖြစ်ပြောင်းလဲသွားပါတယ်။

ဝက်စဘရွန်းနဲ့ပွဲမှာလည်း အလုပ်ဖြစ်ခဲ့ပေမဲ့ ဂိုးသမားစည်းရှေ့ထွက်ဖမ်းတဲ့ ပထမအလုံးတော့ မိသွားခဲ့ပါတယ်။ ဒုတိယအလုံးမှာတော့ ဂိုးအဖြစ်ပြောင်းလဲသွားပြီး၊ယူနိုက်တက်ရဲ့ အနိုင်ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဂိုးရသွားတဲ့ ဖာနန်ဒက်က ပထမပုံစံအတိုင်းပဲ ကဆုန်ပေါက်ကန်တာဖြစ်ပါတယ်။ ဂိုးသမားတွေအတွက်ခက်ခဲတဲ့ ကန်ချက်ဖြစ်ခဲ့ချိန်မှာ အာဆင်နယ်ဂန္ဓ၀င် အီယန်ရိုက်က အမြင်တမျိုးရှိလာခဲ့ပါတယ်။

” အဲဒီလိုကန်တာက ဂိုးသမားတွေအတွက် အခက်အခဲရှိတယ်။ အရှေ့ကိုခုန်ပေါက်ပြီးလာတယ်။ ခုန်လာတယ်။ ဘောလုံးကိုကန်လိုက်တာနဲ့ ဂိုးသမားက သူ့ခြေထောက်ကို ရွေ့မရတော့ဘူး။ အခုလိုမျိုး ခုန်ပြီး၊ ကန်တာကို ရပ်ထားသင့်တယ်။ အဲဒီအစားပြေးပြီးပဲကန်သင့်တယ်။ ဘောလုံးဆီပြေးသွားပြီးတော့ ကန်လိုက်၊ သူတို့ကျတော့ ရွေ့လို့ရပြီး၊ ဂိုးသမားက ရွှေ့မရတာက မတရားဘူး။ ”

ဒီစကားတွေကို ဂယ်ရီလိုင်ကာ နဲ့ အီယန်ရိုက်က မက်ခ်ျအော့ဖ်သယ်ဒေးပရိုဂရမ်မှာဖြေကြားနေတာပါ။ ဂယ်ရီလိုက်ကာက အီယန်ရိုက်ပြောတာကိုမရှင်းတော့ အခုလိုထပ်မေးပါတယ်။ ” ခင်ဗျားပြောနေတာက မခုန်ဘဲနဲ့ကန်ရမယ့် ဥပဒေမျိုးရှိရမယ်လို့ ပြောနေတာလား။ ” အီယန်ရိုက်က ” ဟုတ်တယ်။ ခင်ဗျားအနေနဲ့ ပင်နယ်တီကန်ဖို့ ပြေးလာရင်တန်းတန်းပဲပြေးလာရမယ်။ ခုန်လို့မရတာမျိုးပေါ့”

အီယန်ရိုက်ရဲ့ ပြောကြားချက်လိုမျိုးဖြစ်ဖို့ဆိုရင် ဒီနည်းစနစ်ကို တရားဝင်မသုံးဖို့ ဘန်းတာမျိုးပဲ အဖြေဖြစ်လာဖို့ရှိနေပါတယ်။ အခုလိုမျိုးကန်သွင်းချက်မှမဟုတ်ဘဲ ပင်နယ်တီကို ဘယ်လိုကန်ရမယ်လို့မပြောထားတဲ့အတွက် ဖာနန်ဒက်ရဲ့နည်းစနစ်က ဘန်းဖို့တော့မဖြစ်နိုင်သေးပါဘူး။ ကိုယ်ပိုင်ဟန်တခုလိုဖြစ်နေတဲ့အတွက် သီးသန့်ဘန်းဖို့ကလည်း မဖြစ်နိုင်သေးတဲ့အပေါ် အာဆင်နယ်ဂန္ဓ၀င်ရဲ့ထောက်ပြချက်က အရာမရောက်ခဲ့ဘူးလို့ပဲဆိုရမှာပဲဖြစ်ပါတယ်။

Thu Yay – MMUN

Add a Comment

Your email address will not be published. Required fields are marked *