ယူနိုက်တက် နံနက်ခင်းသတင်းတိုများ (၂၂.၁၁.၂၀၂၀)

ဝက်စ်ဘရွန်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့တဲ့ ယူနိုက်တက်ကတော့ အိမ်ကွင်းပထမဆုံးနိုင်ပွဲကို ရှာတွေ့သွားခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်ရဲ့ တလုံးတည်းသောပင်နယ်တီနဲ့အတူ နိုင်ပွဲရခဲ့ပြီး၊ အိမ်ကွင်းမှတ်တမ်းဆိုးကိုချေဖျက်နိုင်ခဲ့ပါတယ်။ ပင်နယ်တီကန်ရာမှာ ပထမအကြိမ်မ၀င်ဖြစ်သွားခဲ့ပေမဲ့ ဂိုးသမားက ဖာနန်ဒက်မကန်ခင်စည်းအပြင်ရောက်နေတဲ့အပေါ် VAR ကြည့်ကာ ပြန်ကန်ခဲ့ရပြီး၊ ဒုတိယအကြိမ်မှာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ပါတယ်။

လူစာရင်းမှာ မက်တိုမီနေးအစား မာတစ်ကို ထည့်ခဲ့တာက တိုမီနေးရဲ့ပွဲပန်းထားတဲ့အနေအထားတွေကြောင့်မထုတ်ခဲ့တာလို့ သိရပါတယ်။ အဲဒီအစား ၈၄ မိနစ်အရောက်မှာမှ အနိုင်ရလဒ်ကိုထိန်းဖို့ အရန်အနေနဲ့ဝင်လာခဲ့ပြီး၊ ဆိုးလ်ရှားက ကစားသမားကို မှန်မှန်ကန်ကန် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှစ်ရာသီမှာ ထူးခြားချက်အနေနဲ့ ၀က်စ်ဘရွန်းကိုအနိုင်ရခဲ့တာကလည်း (၂၀၁၅)ခုနှစ် နိုဝင်ဘာမှာ (၂-၀)နဲ့အနိုင်ရပြီးနောက်ပိုင်း ငါးနှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ပြန်အနိုင်ရရှိခဲ့တာလို့ သိရပါတယ်။

ပင်နယ်တီနဲ့အတူ ဂိုးရခဲ့တာကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ပင်နယ်တီပါဝင်ပတ်သက်မှုအရဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီကနေစလို့ အခုပွဲကန်ပြီးချိန်အထိ ပရီးမီးယားလိဂ် ပင်နယ်တီ စုစုပေါင်း (၇၉)ဂိုးရှိပြီး၊ ယူနိုက်တက်က (၁၃)ဂိုးနဲ့အများဆုံးပါဝင်ပတ်သက်ထားပါတယ်။

ဘရူနိုဖာနန်ဒက်ကတော့ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်မှာ (၁၄)ဂိုးအထိသွင်းပေးထားခဲ့ပါတယ်။ အဆိုပါ (၁၄)ဂိုးထဲက (၇)ဂိုးက ပင်နယ်တီဖြစ်တဲ့အတွက် လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ပင်နယ်တီပါဝင်ပတ်သက်မှု အချိုးနှုန်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေပါတယ်။

Thu Yay – MMUN

Add a Comment

Your email address will not be published. Required fields are marked *