ယူနိုက်တက် နံနက်ခင်းသတင်းတိုများ (၂၁.၁၁.၂၀၂၀)
|ဝေးလ်အသင်းမှာခြေစွမ်းပြဂိုးတွေ သွင်းယူပေးခဲ့တဲ့ ဒန်နီရယ်ဂျိမ်းက အနာဂတ်ယူနိုက်တက်မှာ သူ့အနေနဲ့ နေရာမရှိတော့ဘဲ အသင်းကထွက်ခွာရတော့မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်လိုက်ပါတယ်။ ပွဲထွက်ခွင့်တနေရာအတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး၊ သူ့ရဲ့တောင်ပံနေရာတခုအတွက် ကြိုးစားသွားမှာပါလို့ ဖြေကြားခဲ့ပါတယ်။
ယူနိုက်တက်လူငယ်လေးနှစ်ဦးဖြစ်တဲ့ အိုဝင် ဒေါ့ဆန်နဲ့ ကယ်လန် ဂါလက်ဟာ အလစ်ဆင်နှစ်ဦးဟာ အကယ်ဒမီကနေ ထွက်ခွာပြီး၊ ဘန်လေအသင်းကို ပြောင်းရွှေ့သွားခဲ့တယ်လို့ သိရပါတယ်။ ယူနိုက်တက်ကလည်း အသက် (၁၈)ပဲရှိသေးတဲ့ ကစားသမားနှစ်ဦးကို အနာဂတ်မှာဆက်ဖို့မရှိတော့တဲ့အပေါ် ထွက်ခွာခွင့်ပေးခဲ့ပါတယ်။
ဝက်စ်ဘရွန်းပွဲအတွက် သတင်းစာရှင်းလင်းမှုအရ လုခ်ရှော၊ လင်ဂတ်၊ ဘိုင်လီပါမှာမဟုတ်ဘူးလို့သိရပါတယ်။ ရက်ရှ်ဖို့ဒ်၊ လင်ဒီလော့ဖ်၊ ဂရင်းဝုဒ်တို့က စိုးရိမ်ရတဲ့အခြေအနေရှိနေတဲ့အတွက် ပွဲထွက်မပါဘဲ ကျန်ရှိနေတဲ့ ကစားသမားတွေနဲ့ပဲ ပွဲထွက်ကိုဦးစားပေးသွားမယ်လို့ ဆိုပါတယ်။ စုစုပေါင်း (၆)ဦးအထိ ယူနိုက်တက်တို့ Line Up အစမှာမပါဖို့ရှိနေတာဖြစ်ပါတယ်။
ကောလာဟလအနေနဲ့ ယူနိုက်တက်က သက်တမ်းထပ်မတိုးခဲ့ရင် ပေါ့ဘာဟာ အလွတ်ကြေးနဲ့ထွက်တဲ့အထိ အသင်းမှာဆက်ရှိနေရဖို့ ရှိတယ်လို့ သတင်းထွက်လာပါတယ်။ ပြောင်းရွှေ့ကြေးအမြင့်နဲ့ ပေါ့ဘာကို ခေါ်ယူမယ့်အသင်းမရှိဖြစ်နေပြီး၊ ကစားသမားရဲ့လစာကြောင့်လည်း ပါတယ်လို့ သိရပါတယ်။
ဝက်စ်ဘရွန်းနဲ့ပွဲအတွက် ဘယ်နောက်ခံအစွန်လူအနေနဲ့ တဲလက်စ်နဲ့ ဘရန်ဒန် ဘယ်သူ့ကိုရွေးချယ်မလဲမေးခွန်းကို ဆိုးလ်ရှားက ဘရန်ဒန်ကိုပဲဦးစားပေးသွားဖို့ရှိတေယ်လို့ ဖြေကြားခဲ့ပါတယ်။ တဲလက်စ်ရဲ့ကိုဗစ်ကိစ္စနဲ့ အင်တာနေရှင်နယ်မှာ သွားကစားခဲ့ရတာတွေကြောင့် ပွဲပန်းနေတယ်လို့ ပရိသတ်ကိုအသိပေးထားခဲ့ပြီး၊ ထရိန်နင်မှာ ကောင်းနေတဲ့ ဘရန်ဒန်ကိုပဲဦးစားပေးသွားမယ့် သဘောမျိုးပြောခဲ့တာဖြစ်ပါတယ်။
Thu Yay – MMUN