ယူနိုက်တက်နံနက်ခင်းသတင်းတိုများ (၂၄.၁၁.၂၀၂၀)

ချန်ပီယံလိဂ်မှာ အစ္စတန်ဘူလ်ကို ရင်ဆိုင်မယ့် ယူနိုက်တက်ဂိုးသမားနေရာက ဟန်ဒါဆန်ကို ဦးစားပေးမယ်လို့ သိရပါတယ်။ ဒီဂီယာကိုအနားပေးဖို့ရှိနေပြီး၊ ဟန်ဒါဆန်ကို Line Up ဂိုးသမားအဖြစ် ပွဲထွက်စေမယ်လို့ သတင်းထွက်လာပါတယ်။

ယူနိုက်တက်အကယ်ဒမီအတွက် ခေါ်ယူစာချုပ်ချုပ်မှုအနေနဲ့ (၁၅)နှစ်သား ဂိုးသမားလေး တွမ် ၀ူစတာကို စာချုပ်လိုက်ပါတယ်။ ဘန်စလေအသင်းကနေ ရောက်ရှိလာတာဖြစ်ပြီး၊ ဘန်စလေအကယ်ဒမီရဲ့တနှစ်တာအကောင်းဆုံးကစားသမားဆုရထားတဲ့ ဂိုးသမားလေးလို့လည်းသိရပါတယ်။

လာမယ့်နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ နောက်ခံလူတဦးကိုခေါ်ယူဖို့ လျာထားနောက်ခံလူ ခြောက်ဦးအထိရှိတယ်လို့ သတင်းထွက်လာပါတယ်။ ဗီလာရီးရဲလ်နောက်ခံလူ ပေါလ် တောရက်စ်လည်းပါဝင်တယ်လို့ သိရပြီး၊ ရာမို့စ်၊ အူပါမီကာနိုတို့လို ကစားသမားတွေလည်း လျာထားတယ်လို့ ဆိုပါတယ်။

ကာဗာနီနဲ့ ဗန်ဒီဘိခ်နှစ်ဦးလုံးကို ပွဲထွက်လာနိုင်တဲ့ အစ္စတန်ဘူလ် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပရိသတ်တွေ မမြင်ဖူးသေးတဲ့ အခင်းအကျင်းတရပ်ကို ပွဲထုတ်လာဖို့ရှိနေပါတယ်။ ဒဏ်ရာရနဲ့ ပွဲပန်းဒဏ်ကို ကာကွယ်ဖို့ပွဲမကစားရသေးတဲ့ ကစားသမားတွေကို ဦးစားပေးဖို့ ဆိုးလ်ရှားပြင်ဆင်နေတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ပရိသတ်တွေ ပြန်ဝင်ခွင့်ပြုမယ့်ရက်ကို ဒီဇင်ဘာလ ၂ ရက်နေ့လို့ ကနဦးအကြမ်းဖျဉ်း သတ်မှတ်ထားပေမဲ့ ယူနိုက်တက်ကတော့ ပရိသတ်ဝင်ခွင့်ရဦးမှာမဟုတ်ဘူးလို့သိရပါတယ်။ နိုင်ငံတကာကို သွားရောက်ကန်နေရမယ့် စာရင်းထဲပါလို့ဖြစ်ပြီး၊ ချန်ပီယံလိဂ်မကန်ရတဲ့အသင်းတွေ ဦးစားပေးဝင်ခွင့်ရဖို့ရှိနေပါတယ်။

Thu Yay – MMUN

Add a Comment

Your email address will not be published. Required fields are marked *