ဝက်စ်ဘရွန်းကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့နိုင်ခဲ့အပြီးမှာ မော်ရင်ဟိုပြောတာကို ထောက်ခံလိုက်တဲ့ ဆိုးလ်ရှား
|အိမ်ကွင်းပထမဆုံးနိုင်ပွဲကိုအရယူနိုင်လိုက်တဲ့အတွက် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ အဆင့် (၉)ကိုရောက်သွားခဲ့ပါတယ်။ ဇယားထိပ်ဆုံးက စပါးအမှတ် (၂၀)ရှိနေချိန်မှာ ယူနိုက်တက်က (၁၃)မှတ်ရှိနေတဲ့အတွက် ကြားထဲမှာ ကွာဟချက်က (၇)မှတ်ပဲရှိပါတယ်။ ယူနိုက်တက်နည်းပြဟောင်းဦးဆောင်နေတဲ့ စပါးရဲ့ခြေစွမ်းတွေကလည်း ရပ်တန့်မရဖြစ်နေပေမဲ့ ဒီရာသီဟာခက်ခဲတယ်လို့ဆိုထားပါတယ်။
သူတို့အသင်းအနေနဲ့ ဖလားစိန်ခေါ်နိုင်တာမျိုးအထိမဟုတ်သေးဘဲ ကိုဗစ် ကိစ္စရပ်တွေ၊ မထင်မှတ်ထားတဲ့ ပွဲဆက်မှုတွေကြောင့် ရာသီအကုန်ဘာဖြစ်မယ်ကို မသိသေးဘူးလို့ ၀န်ခံခဲ့ပါတယ်။ ဒီပြောကြားချက်ကို ယူနိုက်တက် နည်းပြဆိုးလ်ရှားကလည်း ၀က်စ်ဘရွန်းကို (၁-၀)နဲ့ နိုင်တဲ့ပွဲအပြီးမှာ ထောက်ခံလိုက်ပြီး၊ ဒီနှစ်ရာသီအနေအထားကို သုံးသပ်ပြသွားခဲ့ပါတယ်။
” ဒီရာသီ ပရီးမီးယားလိဂ်ကတော့ အတက်အကျ ကြမ်းကြမ်းတွေကို ကြံ့ကြံ့ခံဖို့လိုပါလိမ့်မယ်။ လုံးဝကို ခန့်မှန်းဖို့ မလွယ်ပါဘူး။ ကျွန်တော်တို့ ဒီနေ့မှာဆိုရင် ရလဒ်တချို့ကိုမြင်ခဲ့ရမှာပါ။ အဲဒါက တကယ်အထိုင်မကျကျသေးဘူးလို့ဆိုလိုနေတာပါပဲ။ ဟိုဆေးပြောသလိုပဲ တပွဲလေးနိုင်တာနဲ့ အမှတ်ပေးဇယားထိပ်ကိုတက်သွားနိုင်တယ်။ ”
” တပွဲလေး ရှုံးတာနဲ့ အမှတ်ပေးဇယားအောက်ခြေနားရောက်သွားစေနိုင်တယ်။ ကွာဟချက် အင်မတန်ကျဉ်းမြောင်းနေတယ်။ အခုကလည်း အစောပိုင်းကာလတွေပဲရှိပါသေးတယ်။ တခါတလေမှာ ကွင်းတွင်းစွမ်းဆောင်ရည်တွေထက် အမှတ်တွေက ပိုအရေးပါနေတာအမှန်ပါ။ အင်တာနေရှင်နယ် ဘရိတ်ပြီးတုန်းကဆိုရင် ကျွန်တော်တို့ ဒီအကြောင်းကို ကစားသမားတွေနဲ့ အ၀တ်လဲခန်းထဲမှာပြောဖြစ်ခဲ့တယ်။”
” ခက်ခဲတယ်ပေါ့။ ကျွန်တော်တို့လည်း အတူတူမလေ့ကျင့်ထားကြဘူးလေ။ ဒီနေ့မနက်အထိကို စောင့်ပြီး၊ အခုပွဲအတွက်ပြင်ဆင်တာတွေပြီးအောင်လုပ်ခဲ့ရတယ်။ ကစားသမားတွေအားလုံး (၁၀)ရက်လောက် အဝေးကိုရောက်နေတာကိုစောင့်ပြီး လုပ်ရတာက မလွယ်ဘူးလေ။ ကျွန်တော်တို့ ဒီထပ်ပိုလုပ်နိုင်တာလည်းသိပါတယ်။ ဒါပေမဲ့ သုံးမှတ်က သုံးမှတ်ပါပဲ’ လို့ BTSport နဲ့ အင်တာဗျူးမှာ ပွဲအပြီးဖြေကြားခဲ့ပါတယ်။
Thu Yay – MMUN